Date

July 6, 2021

အနာဂတ်ကိစ္စ မပွင့်တပွင့် ထုတ်ပြောခဲ့ပြီး သူနဲ့ အပြာရောင်က ပိုအဆင်ပြေပါတယ်ဆိုတဲ့ ဂရုဂျစ်

လီဗာပူးကွင်းလယ်လူ ဂရုဂျစ်က ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုတွေ စတင်သွားမှာဖြစ်ကြောင်း ထုတ်ပြောခဲ့တယ်လို့ မာဆေးဆိုဒ် သတင်းဌာန Echo က ဖော်ပြပါတယ်။ လီဗာပူးက ဒီနွေမှာ ဂရုဂျစ်ကို ရောင်းထုတ်သွားလိုပြီး ပေါင် ၁၅ သန်း အနည်းဆုံးရှိမယ့် ပြောင်းရွှေ့ကြေး ရလိုတယ်လို့ သိထားရတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာလည်း သူ့ကို အပြီးသတ် ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဂရုဂျစ်က ” မကြာခင် ရာသီသစ်အတွက် အခြေခံကျတဲ့ ကိစ္စတွေကို ပြင်ဆင်မှုလုပ်ဖို့… Continue Reading →

ပရီးမီးယားလိဂ်အဖွင့်ပွဲကို လွဲချော်သွားဖို့ နီးစပ်နေတဲ့ လီဗာပူး စီနီယာအသင်းသား (၅) ဦး

ဒီနွေမှာ လက်ရွေးစင်အသင်းတွေရဲ့ နောက်ထပ် အဆင့်တွေကို တိုးတက်မှု အခြေအနေအရ ရာသီကြိုအဖွင့်ပွဲမှာ လီဗာပူးအသင်း သုံးခွင့်မရမယ့် ကစားသမားစာရင်းတွေ ပိုများလာတယ်လို့ မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်နဲ့ စပိန်အသင်းတို့အတွက် ပါဝင် ယှဉ်ပြိုင်နေကြတာဖြစ်တယ်။ နှစ်သင်းလုံးဟာ ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်တွေထံ ရောက်ရှိနေကြပါပြီ။ ကိုပါအမေရိကမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဘရာဇီးအသင်းမှ အသင်းသားတွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကလည်း လက်ရွေးစင်အသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိသွားခဲ့ပြီ… Continue Reading →

ကော်တင်ညိုကို အထူး လျော့ဈေးဖြင့် ရောင်းထုတ်သွားဖို့ အားထုတ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ပေးနိုင်ဖို့ လူစာရင်း ရှင်းထုတ်မှုတွေ လုပ်နေပြီး ကော်တင်ညိုကို သက်သာလွန်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာပဲ မက်ဆီနဲ့ ဘာစီလိုနာကြား စာချုပ်ဟာ သက်တမ်းကုန်ခဲ့ပါပြီ။ လာလီဂါကလပ်ဘက်က မက်ဆီကို သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးနေပေမယ့် ၎င်းတို့ရဲ့ လုပ်ခ ကြီးမြင့်မှုကို မလျော့ချနိုင်ရင် မက်ဆီကို စာချုပ်သစ်ပေးဖို့ ကြိုးစားမှုကို လာလီဂါဘက်က ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရတယ်။ ဒါကြောင့်ပဲ ကလပ်ရဲ့ လုပ်ခမြင့် ကစားသမားတစ်ဦးဖြစ်တဲ့… Continue Reading →

သီယာဂိုနဲ့ တွဲကစားခွင့်ရတဲ့ ကံကောင်းခြင်းကို ဖွင့်ပြောတဲ့ စပိန်ကွင်းလယ်လူ ပီဒရီ

စပိန်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ပီဒရီက လက်ရွေးစင်အသင်းမှာ သီယာဂိုနဲ့ တွဲဘက်ပြီး ကစားခွင့်ရတာက ကံကောင်းပါတယ်လို့ ဝန်ခံပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ဆီမီးအဆင့်မှာ အီတလီအသင်းနဲ့ ထိပ်တိုက်တွေ့နေတာပါ။ ယူရို ၂၀၂၀ မှာတော့ ပီဒရီက သီယာဂိုကို ကျော်ပြီး ပွဲထွက်ခွင့်တွေ ရနေတာဖြစ်တယ်။ ဒါပေမယ့်လည်း လေ့ကျင့်ရေးမှာတော့ သီယာဂိုထံက အများကြီး သင်ယူနေတဲ့အကြောင်းကို ပီဒရီက ဖွင့်ဟလာခဲ့တာဖြစ်တယ်။ အသက် ၃၀ အရွယ် သီယာဂိုဟာ နည်းစနစ်ကောင်းမှုကြောင့် နာမည်ကြီးသူဖြစ်တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!