Month

May 2023

နှောင့်နှေးမယ့် လီဗာပူး၊ ကိန်းကို ခေါ်ဖို့ ရီးရဲလ် သွားမေးနေတဲ့ စပါး၊ အန်တိုနီ ဒဏ်ရာ၊ ရိုက်စ် – အာဆင်နယ်နဲ့ အပြောင်းအရွှေ့ သတင်းထူးများ

ဒေါ့မွန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ၂၀၂၉ ထိ ရှိစေမယ့် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ တော့တင်ဟမ် စပါးအသင်းဟာ သူတို့ ကြယ်ပွင့် တိုက်စစ်မှုး ကိန်း ကို မန်ယူအသင်းထံ မရောင်းချလိုတာကြောင့် ရီးရဲလ်မက်ဒရစ် အား ကိန်းကို ခေါ်ယူဖို့ ချဉ်းကပ်မေးမြန်းနေပါတယ်။ စပါးက ကိန်းကို ရီးရဲလ်ထံ ရောင်းရင် အီဒင် ဟာဇက် ကိုပါ အပြောင်းအရွှေ့ထဲ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။… Continue Reading →

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ – ရာသီအပိတ်ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ကတော့ ကြိုတင် သုံးသပ် ဟောကိန်း ထုတ်ပါပြီ

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ခန့်မှန်းချက်တွေက အခုလို ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် VS မန်စီးတီး မန်စီးတီးက ကစားသမားတိုင်းကို အနားပေးရင်တောင် အသင်းကောင်းတစ်သင်း ထုတ်နိုင်တုန်းပါပဲ။ ဘရိုက်တန်နဲ့ပွဲမှာ ဒါကို တွေ့ပြီးပါပြီ။ ဟာလန်းက ဘရိုက်တန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ဂိုး ၆၀ ပြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဖလားသုံးလုံး စိန်ခေါ်နေတာမို့လို့… Continue Reading →

မန်ယူ – ချယ်ဆီး ပွဲပြီးပြီးချင်း ကြေကွဲမှုတွေကို တွစ်တာကနေ ရင်ဖွင့်သွားတဲ့ လီဗာပူး တိုက်စစ်မှုး ဆာလာ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ မန်ချက်စတာ ယူနိုက်တက်က ချယ်ဆီးအသင်းကို အနိုင်ရသွားတဲ့နောက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ရမှတ်က ၇၂ မှတ် ဖြစ်သွားတာကြောင့် တနင်္ဂနွေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူး ဘယ်လို ရလဒ် ထွက်သည် ဖြစ်စေ အဆင့် ၄ ဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ နယူးကာဆယ်ကလည်း ရမှတ် ၇၀ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။… Continue Reading →

ချယ်ဆီးကို ဂိုးပြတ် နိုင်တဲ့ အပြင် လီဗာပူးကိုလည်း ချန်ပီယံလိဂ် ဝင်ခွင့်မရအောင် ဖြုတ်ချနိုင်ခဲ့လို့ ပီတိတွေ ဖြာနေတဲ့ ဘရူနို ဖာနန်ဒက်စ်

ကြာသပတေးနေ့ညက အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ကာဆီမီရို၊ မာရှယ်၊ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ ဂိုးသွင်းနိုင်တာနဲ့ အတူ ၄-၁ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အနီးကပ် ပြိုင်ဘက် လီဗာပူးကို နောက်ဆုံး ပွဲစဉ် မတိုင်ခင်မှာပဲ ချန်ပီယံလိဂ် မျှော်လင့်ချက် ရိုက်ချကာ ဖြုတ်ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သမိုင်း တစ်လျှောက် အကြီးမားဆုံး ပြိုင်ဘက်အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အနီးကပ် ရိုက်ချနိုင်ခြင်းဟာ ယူနိက်တက် ပရိသတ်တွေကို… Continue Reading →

မန်ယူတိုက်စစ်မှူး ဆန်ချိုက ပြောင်းရွှေ့ကြေးနဲ့ မတန်တဲ့ တကယ့် ဂျင်းပဲလို့ ရှင်းပြမှု ပေါ်ထွက်လာ

ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်ကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းလာပြီး နောက်ပိုင်း အထင်ကြီးစရာ လုပ်ပြနိုင်ခြင်း မရှိတဲ့နောက် မန်ချက်စတာ ယူနိုက်တက်မှာ သက်ဆိုးမရှည်နိုင်တော့ဘူးလို့ သရဲနီဟောင်း ဒွိုက်ယော့ခ်က သတိပေးခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ဒုတိယရာသီ ကုန်တော့မှာဖြစ်ပြီး ဝေဖန်မှုတွေကို ပိတ်သွားအောင်လုပ်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယော့ခ်ဟာ ဆန်ချို ပြောင်းလာကတည်းက သဘောမကျခဲ့တာမို့ လက်ရှိ အခြေအနေတွေကို မြန်မြန် မပြောင်းလဲနိုင်ရင် ကလပ်က ထွက်သွားရမယ်လို့ ယုံကြည်နေတာပါ။ “ ဒါက တကယ်ကို ထူးဆန်းတဲ့ကိစ္စပဲ။ သူ့မှာ… Continue Reading →

ငွေ သုံးတာ၊ ဒိတ်ဒိတ်ကြဲတွေ ခေါ်တာ အပြင် မန်စီးတီး အောင်မြင်နေတဲ့ အဓိက သော့ချက် က ဘာလဲ

မန်စီးတီး အသင်း အခုလို လျှမ်းလျှမ်းတောက် အောင်မြင်နေတာက ငွေသေချာသုံးပြီး ထိပ်တန်း အဆင့် ကစားသမားကောင်းတွေ ခေါ်နိုင်တာကြောင့် ဖြစ်သလို ဒီလို ကစားသမားတွေကို ကောင်းစွာ ထိန်းကျောင်း ပဲ့ကိုင်ပေးနေတဲ့ ဂွာဒီယိုလာက အရေးပါဆုံး ဖြစ်တယ်လို့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတွေက ယုံကြည်နေပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ရက်နက် က “ ဂွာဒီယိုလာက အကောင်းဆုံး ကစားသမားတွေနဲ့ တွဲလုပ်နေရတာ မှန်ပေမယ့် အဲ့လို ကစားသမားတွေနဲ့ သူတို့ရဲ့ အတ္တ မာနတွေကို ထိန်းသိမ်းပဲ့ကိုင်ရတာ မလွယ်ပါဘူး။ သူက… Continue Reading →

ခြေတစ်လှမ်းတောင် မကြွရသေးဘဲ မေဆန်မောင့်ကို ခေါ်ယူရေး အသာရနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ချယ်ဆီးကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်နေတဲ့ မေဆန်မောင့် ကို မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ မောင့်ကို ခေါ်ယူဖို့ ခြေတစ်လှမ်းမှ မကြွရသေးခင်မှာတောင် အသာရတဲ့ အကြောင်း ရှိနေပါပြီ။ ဒါကတော့ ကစားသမား ကိုယ်တိုင်က အာဆင်နယ်၊ လီဗာပူးတို့ထက် စာရင် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန်သားဟာ ကွင်းလယ် ဘယ်ခြမ်းမှာ… Continue Reading →

နွေအပြောင်းအရွှေ့ စျေးကွက် ဖွင့်ချိန်နဲ့ ပိတ်ချိန်ကို တရားဝင် ကြေညာလိုက်တဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဘက်ကက လာမယ့်ရာသီအတွက် အပြောင်းအရွှေ့ စျေးကွက်ကို လာမယ့်လ ဇွန်လ ၁၄ ရက်နေ့မှာ တရားဝင် ဖွင့်မှာဖြစ်ကြောင်း ကြေညာပါတယ်။ ဒါကြောင့် ဇွန်လ လဝက်ကစပြီး ကစားသမား လက်မှတ်ထိုးမှုတွေကို တရားဝင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စျေးကွက်ကိုတော့ ၁၁ ပတ်ကြာ ဖွင့်ထားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဟာ စျေးကွက်မဖွင့်ခင်မှာတင် ကစားသမား ခေါ်ယူရေးတွေကို လှုပ်ရှားလာနေတာပါ။ အာဆင်နယ်၊ လီဗာပူးတို့က ဇွန်လအတွင်းမှာတင် အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ်ပြီး… Continue Reading →

မထင်မှတ်ဘဲ ဒီနွေစျေးကွက်မှာ အင်္ဂလန်ထိပ်သီးတိုင်း အလိုရှိခြင်း ခံရတဲ့ အဟော့ဆုံး ကစားသမား ဖြစ်သူလာ

မန်ချက်စတာ ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ မစတင်ခင်မှာပဲ ကစားသမား ခေါ်ယူရေးအတွက် ပထမဆုံးသော လှုပ်ရှားမှု စတင်လိုလာခဲ့ဟန် ရှိပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက် ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြလာခဲ့တာပါ။ အင်္ဂလန်ကွင်းလယ်လူဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ၁၂ လပဲ စာချုပ်ကျန်ရှိတော့တာဖြစ်ပြီး ဒီနွေမှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။ ချယ်ဆီးရဲ့ စာချုပ်သက်တမ်းတိုးဖို့ဆိုင်ရာ ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းဆန်ထားတဲ့ မေဆန်မောင့်ဟာ ပုံမှန်ပွဲကစားခွင့်ရမယ့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!