နာမည်ကြီး မော်ဒယ်နှင့်သရုပ်ဆောင် ဧငြိမ်းဖြူက နာမည်ရပြီးသားသူဖြစ်ပါတယ်။ ဘိုဆန်ဆန်မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရသးတစ်ဦးလဲဖြစ်ပါတယ်။ ဧငြိမ်းဖြူက မြန်မာဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ သတိထားမိခြင်းကိုခံလာရပြီး အခုချိန်မှာတော့ အားပေးသူပရိသတ်အခိုင်အမာရရှိနေပြီပဲဖြစ်ပါတယ်။
ဧငြိမ်းဖြူက Runway Model တစ်ယောက်အနေနဲ့လဲ ရပ်တည်နေပြီး အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေရပါတယ်။ ဧငြိမ်းဖြူက ရံဖန်ရံခါမှာလဲ Cover Dance အကဗီဒီယိုတွေကိုလဲ ရိုက်ကူးပြီး ပရိသတ်တွေကလဲ သူမရဲ့ အကဗီဒီယိုကို သဘောကျနှစ်ခြိုက်ကြပါတယ်။
ပရိသတ်တွေက ဧငြိမ်းဖြူကို သူမရဲ့အနုပညာလုပ်ငန်းတွေအပြင် အချစ်ရေးကိုလဲ စိတ်ဝင်စားကြပါတယ်။ ဧငြိမ်းဖြူက နာမည်ကြီးအဆိုတော် ရဲရင့်အောင်နဲ့ တွဲနေတာဖြစ်ပြီး ချစ်သူသက်တမ်း နှစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူက ၂၀၁၇ ခုနှစ် သင်္ကြန်မှာ တွဲနေကြတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာပဲ သူတို့ကိုယ်တိုင် ချစ်သူတွေဖြစ်နေကြပါတယ်လို့ တရားဝင်ဖွင့်ပြောခဲ့ပါတယ်။
ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတာပဲဖြစ်ပါတယ်။ ချစ်သူသဘာဝ စိတ်ဆိုးစိတ်ကောက်တာတွေရှိပေမယ့် အကောင်းဆုံးနားလည်ပြီး လက်တွဲမြဲခဲ့ပါတယ်။
ဒီနေ့မှာတော့ ဧငြိမ်းဖြူက သူမရဲ့ ဖေ့စ်ဘုတ် Story မှာ အလိမ်အညာခံခဲ့ရလို့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်း တင်ထားခဲ့ပါတယ်။ ဒါဟာ ဧငြိမ်းဖြူ နဲ့ ရဲရင့်အောင်တို့ကြားက နားလည်မှုလွဲချော်နေတာလား။ သာမန်စိတ်ဆိုးစိတ်ကောက်နေတာလားဆိုတာတော့ မသိရသေးပါဘူး။ ရဲရင့်အောင်ဖက်ကလဲ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှပြောဆိုထားခြင်းမရှိသေးပါဘူး။
ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို ဒီလိုမျိုးလမ်းခွဲတာမျိုးကို လုံးဝထင်မှတ်မထားလောက်ပါဘူး။