လီဗာပူးအသင္းဟာ ကာရာေဘာင္း တတိယအဆင့္ ပြဲစဥ္ အျဖစ္ MK Dons အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရာ လူငယ္အမ်ားစု ပြဲထုတ္ ကစားခဲ့ျပီး ဂ်ိမ္းစ္ ေမနာ၊ ကီဂ်ာနာဟိုဗာတို႔ သြင္းဂိုးေတြနဲ႕ ၂ဂိုး ဂိုးမရွိ အနိုင္ရခဲ့ပါတယ္။

ကာရာေဘာင္း စတုတၳအဆင့္ ပြဲစဥ္မွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ အသင္းၾကီး ျပိဳင္ဘက္ အာဆင္နယ္နဲ႕ ေစာေစာစီးစီးပဲ ေတြ႔ဆံုေနျပီျဖစ္ပါတယ္။

ဒဏ္ရာေၾကာင့္ နားေနရတဲ့ လီဗာပူး ဂိုးသမား အယ္လစ္ဆန္ ၄င္း ေကာင္းစြာ သက္သာေနျပီ ျဖစ္ေၾကာင္းနဲ႕ ျပန္ကစားနုိင္ဖို႔ နီးစပ္ေနျပီ ျဖစ္ေၾကာင္း ပရိသတ္ေတြထံ သတင္းစကား ပါးခဲ့ပါတယ္။

ဖီဖာက ကစားသမား ေရာင္းခ်မႈေတြမွာ အေရာင္းအသင္းကေန ေအးဂ်င့္ေတြက အမ်ားဆံုး ၁၀% ႏႈန္းထိပဲ အက်ိဳးခံစားခြင့္ရဖို႔နဲ႔ အဝယ္အသင္းကေန ၃% ႏႈန္းပဲ ခံစားခြင့္ရဖို႔ စည္းမ်ဥ္းသက္မွတ္ေပးေတာ့မွာပါ။ ဒါေၾကာင့္ ေအးဂ်င့္ခ အမ်ားဆံုး ေပးရတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ထားတဲ့ လီဗာပူးဟာ တစ္ႏွစ္ကို ေပါင္ ၁၅ သန္းေလာက္ သက္သာသြားဖို႔ ရွိေနပါတယ္။

” အသက္ ၁၆ နွစ္မွာ အီလီေယာ့က ဒီလို ကစားသမားျဖစ္ေနျပီ ဒါက က်ေန္ာတို႔အတြက္ သိပ္ကို ေကာင္းတာပါ။ သူက အလန္းစားပဲ။ သူက အေျခအေနေကာင္းေတြ ဖန္တီးေပးနုိင္ခဲ့ျပီး သင္ယူလိုစိတ္လည္း ရွိတယ္။ သူက အျမဲ ထူးရွယ္ ကစားသမား တစ္ဦး ျဖစ္ေနမွာပါ။ သူ ခံစစ္ ကစားတာ ေရြ႕လ်ားတာေတြနဲ႕ လႈပ္ရွားမႈ အားလံုးကို ျမင္ခဲ့ၾကမွာပါ။ သူ႔ ဘယ္ေျခကလည္း မဆိုးဘူး။ သူ နည္းနည္း ကံမေကာင္းလို႔သာ မဟုတ္ရင္ က်ေန္ာတို႔ ဂိုးရခဲ့ျပီ။” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

ဒီအပတ္ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ျပိဳင္ဘက္ျဖစ္တဲ့ ရွက္ဖီးယူႏုိက္တက္ရဲ႕ မန္ေနဂ်ာျဖစ္သူက အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးကို အႏုိင္ရဖို႔ဆိုရင္ သူသံုးေနက် ခံစစ္သံုးေယာက္တန္းနဲ႔ ရမွာမဟုတ္ပဲ ခံစစ္သမား ၁၀ ေယာက္ (သို႔) တစ္သင္းလံုး ခံစစ္သမားေတြပဲ ထည့္ကစားဖို႔ လိုပါမယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

လီဗာပူးအသင္း ကာရာေဘာင္းပြဲအျဖစ္ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ျပိဳင္ဘက္ MK Dons အသင္း မန္ေနဂ်ာျဖစ္သူ Paul Tisdale က သူ႔အသင္း ဂိုးမရေအာင္ ကာကြယ္မႈေကာင္းေတြ လုပ္ႏုိင္ခဲ့တဲ့ အသက္ ၂၀ အရြယ္ ဂိုးသမားေလး ကလယ္ဟာကို ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ေပါမာဆန္က ဒီရာသီ လီဗာပူးအသင္းဟာ က႑ႏွစ္ရပ္အတြက္ အသိအမွတ္ျပဳ ခ်ီးက်ဴးျခင္းကို ခံရသင့္တယ္လို႔ သံုးသပ္ေျပာဆိုပါတယ္။ သူကေတာ့ လီဗာပူးရဲ႕ အက်င့္စရိုက္နဲ႔ ယံုၾကည္မႈေတြကို ခ်ီးက်ဴး အသိအမွတ္ျပဳသင့္လို႔ ဆိုပါတယ္။

လီဗာပူးခံစစ္သမား ဟိုဗာဟာ အရြယ္နဲ႔မလိုက္ေအာင္ သန္စြမ္းသူျဖစ္ေပမယ့္ ဗဟိုခံစစ္မွဴးေနရာ ထားဖို႔ဆိုရင္ သူ႔ရဲ႕ အရပ္အေမာင္းနဲ႔ ရုပ္ပိုင္းဆိုင္ရာ သန္မာမႈ ပိုေကာင္းလာဖို႔ လိုအပ္ေနျပီး ေလာေလာဆယ္မွာေတာ့ အစြန္သမားအျဖစ္ပဲ အသံုးျပဳမယ္လို႔ ယာဂင္ကေလာ့ပ္က ေျပာဆိုပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့် ပွဲစဉ် အဖြစ် MK Dons အသင်းနဲ့ ယှဉ်ပြိုင် ကစားရာ လူငယ်အများစု ပွဲထုတ် ကစားခဲ့ပြီး ဂျိမ်းစ် မေနာ၊ ကီဂျာနာဟိုဗာတို့ သွင်းဂိုးတွေနဲ့ ၂ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပါတယ်။

ကာရာဘောင်း စတုတ္ထအဆင့် ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အသင်းကြီး ပြိုင်ဘက် အာဆင်နယ်နဲ့ စောစောစီးစီးပဲ တွေ့ဆုံနေပြီဖြစ်ပါတယ်။

ဒဏ်ရာကြောင့် နားနေရတဲ့ လီဗာပူး ဂိုးသမား အယ်လစ်ဆန် ၎င်း ကောင်းစွာ သက်သာနေပြီ ဖြစ်ကြောင်းနဲ့ ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေထံ သတင်းစကား ပါးခဲ့ပါတယ်။

ဖီဖာက ကစားသမား ရောင်းချမှုတွေမှာ အရောင်းအသင်းကနေ အေးဂျင့်တွေက အများဆုံး ၁၀% နှုန်းထိပဲ အကျိုးခံစားခွင့်ရဖို့နဲ့ အဝယ်အသင်းကနေ ၃% နှုန်းပဲ ခံစားခွင့်ရဖို့ စည်းမျဉ်းသက်မှတ်ပေးတော့မှာပါ။ ဒါကြောင့် အေးဂျင့်ခ အများဆုံး ပေးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ လီဗာပူးဟာ တစ်နှစ်ကို ပေါင် ၁၅ သန်းလောက် သက်သာသွားဖို့ ရှိနေပါတယ်။

” အသက် ၁၆ နှစ်မှာ အီလီယော့က ဒီလို ကစားသမားဖြစ်နေပြီ ဒါက ကျနေ်ာတို့အတွက် သိပ်ကို ကောင်းတာပါ။ သူက အလန်းစားပဲ။ သူက အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပြီး သင်ယူလိုစိတ်လည်း ရှိတယ်။ သူက အမြဲ ထူးရှယ် ကစားသမား တစ်ဦး ဖြစ်နေမှာပါ။ သူ ခံစစ် ကစားတာ ရွေ့လျားတာတွေနဲ့ လှုပ်ရှားမှု အားလုံးကို မြင်ခဲ့ကြမှာပါ။ သူ့ ဘယ်ခြေကလည်း မဆိုးဘူး။ သူ နည်းနည်း ကံမကောင်းလို့သာ မဟုတ်ရင် ကျနေ်ာတို့ ဂိုးရခဲ့ပြီ။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ဒီအပတ် လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ဘက်ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ရဲ့ မန်နေဂျာဖြစ်သူက အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကို အနိုင်ရဖို့ဆိုရင် သူသုံးနေကျ ခံစစ်သုံးယောက်တန်းနဲ့ ရမှာမဟုတ်ပဲ ခံစစ်သမား ၁၀ ယောက် (သို့) တစ်သင်းလုံး ခံစစ်သမားတွေပဲ ထည့်ကစားဖို့ လိုပါမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးအသင်း ကာရာဘောင်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ဘက် MK Dons အသင်း မန်နေဂျာဖြစ်သူ Paul Tisdale က သူ့အသင်း ဂိုးမရအောင် ကာကွယ်မှုကောင်းတွေ လုပ်နိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် ဂိုးသမားလေး ကလယ်ဟာကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါမာဆန်က ဒီရာသီ လီဗာပူးအသင်းဟာ ကဏ္ဍနှစ်ရပ်အတွက် အသိအမှတ်ပြု ချီးကျူးခြင်းကို ခံရသင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ သူကတော့ လီဗာပူးရဲ့ အကျင့်စရိုက်နဲ့ ယုံကြည်မှုတွေကို ချီးကျူး အသိအမှတ်ပြုသင့်လို့ ဆိုပါတယ်။

လီဗာပူးခံစစ်သမား ဟိုဗာဟာ အရွယ်နဲ့မလိုက်အောင် သန်စွမ်းသူဖြစ်ပေမယ့် ဗဟိုခံစစ်မှူးနေရာ ထားဖို့ဆိုရင် သူ့ရဲ့ အရပ်အမောင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှု ပိုကောင်းလာဖို့ လိုအပ်နေပြီး လောလောဆယ်မှာတော့ အစွန်သမားအဖြစ်ပဲ အသုံးပြုမယ်လို့ ယာဂင်ကလော့ပ်က ပြောဆိုပါတယ်။