လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က သူလီဗာပူးအသင္းကေန ထြက္ခြာခ်ိန္မွာ ေနာက္ထပ္ ဆက္ခံသူအျဖစ္ ကလပ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းၾကိး စတီဗင္ဂ်ရတ္ကို တာဝန္ေပးသင့္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဂ်ရတ္က သူ႔ကို အသိအမွတ္ျပဳ ခ်ီးက်ဴးမႈအေပၚမွာ ဝမ္းသာမိပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုေပမယ့္လို႔ ယာဂင္ကေလာ့ပ္ရဲ႕ ေထာက္ခံေပးမႈကို ျငင္းဆန္ခဲ့တယ္။ စတီဗင္ကေတာ့ သူကိုယ္တုိင္ကလည္း လီဗာပူးပရိသတ္ျဖစ္လုိ႔ ကလပ္အသင္းကို ေအာင္ျမင္မႈေတြ မ်ားစြာ သယ္ေဆာင္ေပးမယ့္ ယာဂင္ကေလာ့ပ္ကိုပဲ ကလပ္အသင္း မန္ေနဂ်ာအျဖစ္ ကာလရွည္ ဆက္ျမင္လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ကေတာ့ ” က်ေနာ္ အံ့အားသင့္မိသလို တစ္ခ်ိန္တည္းမွာပဲ ခ်ီးက်ဴးခံရတယ္လုိ႔လည္း ခံစားရတယ္။ ကေလာ့ပ္ေျပာတာကို ေသခ်ာနားေထာင္မယ္ဆိုရင္ သူမနက္ျဖန္မွာ ရာထူးကေန ထုတ္ပယ္ခံရမယ္ဆိုရင္ စတီဗင္ဂ်ရတ္ကို လီဗာပူးမန္ေနဂ်ာအျဖစ္ ခန္႔အပ္သင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္က မနက္ျဖန္မွာ ရာထူးက ထုတ္ပယ္ခံရမွာ မဟုတ္သလို သူ႔ကိုလည္း မနက္ျဖန္မွာ ရာထူးကေန ထုတ္ပယ္တာမ်ိဳးကိုလည္း က်ေနာ္ မျမင္လိုပါဘူး။ သူက အရမ္းေကာင္းေကာင္း မလုပ္လုပ္ေနတာပါ။ က်ေနာ္က လီဗာပူးပရိသတ္ တစ္ေယာပ္ပါ။ က်ေနာ္တို႔ဟာ က်ေနာ္တုိ႔ရဲ႕ ကလပ္အသင္းကို ေအာင္ျမင္မႈေတြ အမ်ားၾကီးရေအာင္ ယာဂင္ကေလာ့ပ္ ႏွစ္ေတြအမ်ားၾကီး ကိုင္တြယ္ေပးတာကို လိုခ်င္ပါတယ္။

ကမၻာေပၚမွာရွိတဲ့ လီဗာပူးပရိသတ္တိုင္း က်ေနာ္ ေျပာတာကို ေထာက္ခံေပးၾကမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္လို႔ ကေလာ့ပ္ရဲ႕ ေထာက္ခံေပးမႈကိုေတာ့ ခ်ီးက်ဴးမႈအျဖစ္လည္း က်ေနာ္ ခံစားရပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ဟာ တစ္ရက္မွာ လီဗာပူးအသင္းကို ကိုင္တြယ္ႏုိင္ခြင့္အတြက္ အိပ္မက္ရွိထားသူျဖစ္ျပီး ဒီအိပ္မက္အတြက္လည္း ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ဖို႔ စေကာ့တလန္လိဂ္ကို ထြက္ခြာသြားခဲ့သူပါ။ ဒါေပမယ့္လို႔ သူ႔အတြက္ကေတာ့ လက္ရွိ အခ်ိန္ဟာ တိုးတက္လာဖို႔ သင္ယူရမယ့္ အခ်ိန္အျဖစ္ လက္ခံထားတာျဖစ္ပါတယ္။

UNICODE

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က သူလီဗာပူးအသင်းကနေ ထွက်ခွာချိန်မှာ နောက်ထပ် ဆက်ခံသူအဖြစ် ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကြိး စတီဗင်ဂျရတ်ကို တာဝန်ပေးသင့်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဂျရတ်က သူ့ကို အသိအမှတ်ပြု ချီးကျူးမှုအပေါ်မှာ ဝမ်းသာမိပါတယ်လို့ ထုတ်ဖော်ပြောဆိုပေမယ့်လို့ ယာဂင်ကလော့ပ်ရဲ့ ထောက်ခံပေးမှုကို ငြင်းဆန်ခဲ့တယ်။ စတီဗင်ကတော့ သူကိုယ်တိုင်ကလည်း လီဗာပူးပရိသတ်ဖြစ်လို့ ကလပ်အသင်းကို အောင်မြင်မှုတွေ များစွာ သယ်ဆောင်ပေးမယ့် ယာဂင်ကလော့ပ်ကိုပဲ ကလပ်အသင်း မန်နေဂျာအဖြစ် ကာလရှည် ဆက်မြင်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်ကတော့ ” ကျနော် အံ့အားသင့်မိသလို တစ်ချိန်တည်းမှာပဲ ချီးကျူးခံရတယ်လို့လည်း ခံစားရတယ်။ ကလော့ပ်ပြောတာကို သေချာနားထောင်မယ်ဆိုရင် သူမနက်ဖြန်မှာ ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင် စတီဗင်ဂျရတ်ကို လီဗာပူးမန်နေဂျာအဖြစ် ခန့်အပ်သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်က မနက်ဖြန်မှာ ရာထူးက ထုတ်ပယ်ခံရမှာ မဟုတ်သလို သူ့ကိုလည်း မနက်ဖြန်မှာ ရာထူးကနေ ထုတ်ပယ်တာမျိုးကိုလည်း ကျနော် မမြင်လိုပါဘူး။ သူက အရမ်းကောင်းကောင်း မလုပ်လုပ်နေတာပါ။ ကျနော်က လီဗာပူးပရိသတ် တစ်ယောပ်ပါ။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကလပ်အသင်းကို အောင်မြင်မှုတွေ အများကြီးရအောင် ယာဂင်ကလော့ပ် နှစ်တွေအများကြီး ကိုင်တွယ်ပေးတာကို လိုချင်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လီဗာပူးပရိသတ်တိုင်း ကျနော် ပြောတာကို ထောက်ခံပေးကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်ရဲ့ ထောက်ခံပေးမှုကိုတော့ ချီးကျူးမှုအဖြစ်လည်း ကျနော် ခံစားရပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာ တစ်ရက်မှာ လီဗာပူးအသင်းကို ကိုင်တွယ်နိုင်ခွင့်အတွက် အိပ်မက်ရှိထားသူဖြစ်ပြီး ဒီအိပ်မက်အတွက်လည်း ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ဖို့ စကော့တလန်လိဂ်ကို ထွက်ခွာသွားခဲ့သူပါ။ ဒါပေမယ့်လို့ သူ့အတွက်ကတော့ လက်ရှိ အချိန်ဟာ တိုးတက်လာဖို့ သင်ယူရမယ့် အချိန်အဖြစ် လက်ခံထားတာဖြစ်ပါတယ်။