ဒီရာသီ ပရီးမီးယားလိဂ္ ပြဲတိုင္းမွာ ဂရန္းနစ္ ရွာခါက အသင္းေခါင္းေဆာင္ လက္ပတ္ ရရွိခဲ့ေပမယ့္ ထြက္ခြာသြားတဲ့ ကိုစီရယ္နီ ေနရာမွာ ကပၸတိန္ ဘယ္သူ ျဖစ္လာမလဲဆိုတာ အာဆင္နယ္ နည္းျပက တရားဝင္ မေၾကညာရေသးပါဘူး။ ဒီကိစၥကို အျပီးသတ္ဖို႔ေတာ့ သိပ္မၾကာေတာ့တာျဖစ္တယ္။

မႏွစ္ကလိုပဲ အမ္မရီဟာ အသင္းေခါင္းေဆာင္ အုပ္စုအေနနဲ႔ ကစားသမား ငါးေယာက္ သတ္မွတ္လိုေၾကာင္း ဖရန္႔ဖတ္နဲ႔ ယူ႐ိုပါလိဂ္ မတိုင္ခင္းတည္းက ေျပာဆိုခဲ့ေပမယ့္ တရားဝင္ ေၾကညာမႈေတြနဲ႔ အတည္ျပဳဖို႔ကိုေတာ့ ေနာ္တင္ဟမ္ေဖာရတ္နဲ႔ ခါရာေဘာင္းဖလား အၿပီး ထိ မလုပ္ႏိုင္ေသးတာပါ။ ေရြးခ်ယ္မႈနဲ႔ ပက္သက္ျပီး အစီအစဥ္ေတြေတာ့ စတင္ထားပါျပီ။

အမ္မရီရဲ႕ အသင္းေခါင္းေဆာင္ ငါးေယာက္ စာရင္းမွာ ကစားသမား မ်ားစြာကို အႀကံျပဳထားၾကပါတယ္။ ရွာခါ၊ အိုေဇးအျပင္ ဟိုးဒင္း၊ ဘယ္လာရင္၊ ဆိုကေရးတစ္၊ ေဒးဗစ္လူးဝစ္တို႔ ပါဝင္ေနပါတယ္။ ေပါလ္မာဆန္ကေတာ့ ေဒးဗစ္လူးဝစ္က ရသင့္တယ္လို႔ ဆိုပါတယ္။ ခ်ယ္ဆီးကစားသမားေဟာင္းဟာ ကြင္းျပင္ပမွာ တကယ္ကို အထင္ႀကီးစရာ လုပ္ျပႏိုင္တယ္ဆိုတာကို ဟိုးဒင္းကလဲ ဝန္ခံခဲ့ပါတယ္။

” ေဒးဗစ္လူးဝစ္ ဝင္လာတဲ့ပုံစံနဲ႔ အုပ္စုေရွ႕မွာ သူ စကားေျပာတဲ့အခါ တကယ္ေကာင္းတယ္။ သူက ေခါင္းေဆာင္အရည္အေသြး ရွိသူပါ။ ဒါေပမယ့္ အသင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေပးေနတဲ့ ေခါင္းေဆာင္ေတြ အမ်ားႀကီးရွိတယ္။ ေလ့က်င့္ေရးမွာ ဒါကို ျမင္ႏိုင္ပါတယ္။

အဝတ္လဲခန္းထဲမွာ ရွာခါကို က်ေနာ္ သေဘာက်တယ္။ သူက ႀကီးက်ယ္တယ္လို႔ က်ေနာ္ထင္တယ္။ ဖုန္းသုံးၿပီး ေနာက္က်တဲ့ သူေတြကို သူက ေဆာ္ၾသတယ္။ သူက ေကာင္းမြန္တဲ့ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ၿပီး အဝတ္လဲခန္းထဲမွာ လိူအပ္တဲ့ လူေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ ထင္ပါတယ္။ ” ဆိုၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ဒီရာသီ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ဂရန်းနစ် ရှာခါက အသင်းခေါင်းဆောင် လက်ပတ် ရရှိခဲ့ပေမယ့် ထွက်ခွာသွားတဲ့ ကိုစီရယ်နီ နေရာမှာ ကပ္ပတိန် ဘယ်သူ ဖြစ်လာမလဲဆိုတာ အာဆင်နယ် နည်းပြက တရားဝင် မကြေညာရသေးပါဘူး။ ဒီကိစ္စကို အပြီးသတ်ဖို့တော့ သိပ်မကြာတော့တာဖြစ်တယ်။

မနှစ်ကလိုပဲ အမ်မရီဟာ အသင်းခေါင်းဆောင် အုပ်စုအနေနဲ့ ကစားသမား ငါးယောက် သတ်မှတ်လိုကြောင်း ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် မတိုင်ခင်းတည်းက ပြောဆိုခဲ့ပေမယ့် တရားဝင် ကြေညာမှုတွေနဲ့ အတည်ပြုဖို့ကိုတော့ နော်တင်ဟမ်ဖောရတ်နဲ့ ခါရာဘောင်းဖလား အပြီး ထိ မလုပ်နိုင်သေးတာပါ။ ရွေးချယ်မှုနဲ့ ပက်သက်ပြီး အစီအစဉ်တွေတော့ စတင်ထားပါပြီ။

အမ်မရီရဲ့ အသင်းခေါင်းဆောင် ငါးယောက် စာရင်းမှာ ကစားသမား များစွာကို အကြံပြုထားကြပါတယ်။ ရှာခါ၊ အိုဇေးအပြင် ဟိုးဒင်း၊ ဘယ်လာရင်၊ ဆိုကရေးတစ်၊ ဒေးဗစ်လူးဝစ်တို့ ပါဝင်နေပါတယ်။ ပေါလ်မာဆန်ကတော့ ဒေးဗစ်လူးဝစ်က ရသင့်တယ်လို့ ဆိုပါတယ်။ ချယ်ဆီးကစားသမားဟောင်းဟာ ကွင်းပြင်ပမှာ တကယ်ကို အထင်ကြီးစရာ လုပ်ပြနိုင်တယ်ဆိုတာကို ဟိုးဒင်းကလဲ ဝန်ခံခဲ့ပါတယ်။

” ဒေးဗစ်လူးဝစ် ဝင်လာတဲ့ပုံစံနဲ့ အုပ်စုရှေ့မှာ သူ စကားပြောတဲ့အခါ တကယ်ကောင်းတယ်။ သူက ခေါင်းဆောင်အရည်အသွေး ရှိသူပါ။ ဒါပေမယ့် အသင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနေတဲ့ ခေါင်းဆောင်တွေ အများကြီးရှိတယ်။ လေ့ကျင့်ရေးမှာ ဒါကို မြင်နိုင်ပါတယ်။

အဝတ်လဲခန်းထဲမှာ ရှာခါကို ကျနော် သဘောကျတယ်။ သူက ကြီးကျယ်တယ်လို့ ကျနော်ထင်တယ်။ ဖုန်းသုံးပြီး နောက်ကျတဲ့ သူတွေကို သူက ဆော်သြတယ်။ သူက ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး အဝတ်လဲခန်းထဲမှာ လိူအပ်တဲ့ လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ထင်ပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။