ဒီတပတ္ ပရီးမီးယားလိဂ္ သီတင္းပတ္ ၇ မွ ပြဲစဥ္မ်ားမွ ထိပ္သီးအသင္းၾကီးေတြ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္းခ်က္မ်ားကို စုစည္း တင္ဆက္ေပးလိုက္ပါတယ္။

ရွက္ဖီးယူနိုက္တက္ Vs လီဗာပူး

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ညေန ၆ နာရီ

ရွက္ဖီးလ္ယူနိုက္တက္က အိမ္ကြင္းမွာ ရွံဳးပြဲ အခ်ိဳ႕ ရွိထားေပမယ့္ ေနာက္ဆံုး ကစားထားတဲ့ လိဂ္ အေ၀းပြဲ ၁၂ ပြဲ ရွံဳးပြဲ မရွိေသးပါဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ၁၆ ပြဲ ဆက္ နုိင္ပြဲ ယူဖို႔ စိုင္ျပင္းေနတဲ့ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးကို ရွက္ဖီးတို႔ တားဆီးနုိင္ဖြယ္ မျမင္ပါဘူး။ လီဗာပူးအသင္းက ျပီးခဲ့တဲ့ ဆန္းေဒးကပဲ လိုအပ္ရင္ လိုအပ္သလို အမွတ္ရေအာင္ ယူသြားနိုင္ေၾကာင္း စတန္းဖို႔ဘရစ္ခ်္မွာ လုပ္ျပခဲ့ျပီး ျဖစ္ပါတယ္။ ဒါဟာ ခ်န္ပီယံတို႔ သြားရာလမ္းမ်ားလား…

က်ေန္ာတို႔ အားလံုးက လီဗာပူးရဲ႕ တိုက္စစ္အားသန္ ကစားဟန္ကို ေျပာၾကတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ အပတ္ ခ်ယ္ဆီးကို သြင္းသြားတဲ့ နွစ္ဂိုးလံုးဟာ တည္ကန္ေဘာေတြက ရခဲ့တာပါ။ ဒါဟာ ျပီးခဲ့တဲ့ ရာသီအစတည္းက ဆို သူတို႔ရဲ႕ တည္ကန္ေဘာကေန ၃၄ ဂိုးထိ ရွိခဲ့ျပီ ျဖစ္ကာ အသင္းအားလံုးထက္ အနည္းဆံုး ၇ ဂိုး အသာ ရထားပါတယ္။ လံုး၀ ျပီးျပည့္စံုေနတဲ့ အသင္းပါ။

အို၀င္ခန္႔မွန္းရလဒ္။ ။ ေပးဂိုး မရွိ လီဗာပူး အနိုင္။

ခ်ယ္ဆီး Vs ဘရိုက္တန္

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၈း၃၀ နာရီ

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ အပတ္ကေတာ့ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးအသင္းထံကေန အမွတ္ယူနိုင္လိမ့္မယ္ ထင္ခဲ့တာပါ။ ဒီတပတ္မွာေတာ့ ခ်ယ္ဆီးအသင္း အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ နိုင္ပြဲ စရျပီလို႔ က်ေနာ္ ခံစားမိပါတယ္။ စိန္႔ဂ်ိမ္းပါ့ခ္မွာ ဘရိုက္တန္ ကစားသြားတာကလည္း လံုး၀ က်စ္က်စ္လစ္လစ္ အထင္ၾကီးစရာပါ။ ဒါေပမယ့္ ဒီပြဲက အျပန္အလွန္ ရသအျပည့္ေပးတဲ့ ပြဲ ျဖစ္ကာ ခ်ယ္ဆီး အနုိင္လို႔ပဲ ထင္ပါတယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး ခ်ယ္ဆီး အနိုင္။

ေတာ့တင္ဟမ္ စပါး Vs ေဆာက္သမ္တန္

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၈း၃၀ နာရီ

စပါးအသင္းဟာ ေနာက္ဆံုး လိဂ္ပြဲ အေ၀းကြင္းပြဲ ၉ ပြဲ နိုင္ပြဲ မရွိေသးဘူး ျဖစ္ေနပါတယ္။ ဒါေပမယ့္ သူတို႔ အိမ္ကြင္းသစ္ၾကီးကေတာ့ စပါးရဲ႕ အဆင့္ ေလးအတြင္း ၀င္ဖို႔ ပစ္မွတ္အတြက္ အေထာက္အပံ့ေကာင္းေတြ ေပးေနဆဲပါ။ စပါးအေနနဲ႕ ၾကားရက္က Colchester ကို ရွံဳးလိုက္တဲ့ ပြဲရဲ႕ သက္ေရာက္မႈကေတာ့ အနည္းနဲ႕အမ်ား ရွိေနမွာျဖစ္ပါတယ္။

ပိုခ်က္တီနိုရဲ႕ အသင္းဟာ သူတို႔ ေနာက္ဆံုး အိမ္ကြင္းပြဲစဥ္မွာ ပဲေလ့စ္ကို အဖြင့္ ၄၅ မိနစ္အတြင္းမွာတင္ ေလးဂိုး သြင္းပစ္ခဲ့တာပါ။ သူတို႔ စိန္႔နဲ႕ ပြဲမွာလည္း သံုးမွတ္အျပည့္ ယူသြားဦးမွာ ျဖစ္ျပီး စိန္႔ကလည္း ျပန္လည္ တုန္႔ျပန္ပါလိမ့္မယ္။

အို၀င္ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး စပါးအနိုင္။

အဲဗာတန္ Vs မန္စီးတီး

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၁၁း၀၀ နာရီ

ပရီးမီးယားလိဂ္မွာ မန္စီးတီးကို အဲဗာတန္က ဂြတ္ဒီဆင္ပါ့ခ္မွာ နုိင္ခဲ့တာ ဆိုရင္ ေရာ္နယ္ကိုးမန္း ရွိစဥ္က ျဖစ္ျပီး ေတာ္ေတာ္ ၾကာခဲ့ပါျပီလုိ႔ ထင္ရပါတယ္။ ဒါေပမယ့္ အဲဒါက ၂၀၁၇ ဇန္န၀ါရီက ျဖစ္ျပီး အဲဗာတန္ဘက္က ဂိုးသြင္းခဲ့ၾကသူေတြကေတာ့ လူကာကူ၊ မီရာလက္စ္၊ ေဒဗီးစ္နဲ႕ လြတ္မန္းတို႔ပါ။ အဲဒီ ေလးဦးထဲက ေဒဗီးစ္ တစ္ေယာက္သာ ဂြတ္ဒီဆင္ပါ့ခ္မွာ ယခု က်န္ရွိပါတယ္။

ပက္ဂြာဒီယိုလာရဲ႕ မန္စီးတီးကေတာ့ အမွတ္ေပးဖလားကို ဆက္တိုက္ ခ်န္ပီယံ ျဖစ္ထားျပီး ျပီးခဲ့တဲ့ရာသီက ျပည္တြင္းဖလား အကုန္ သိမ္းထားခဲ့တာပါ။ အဲဗာတန္ဟာ ျပီးခဲ့တဲ့ အပတ္ကပဲ အိမ္ကြင္းမွာတင္ တန္းတက္လာတဲ့ ရွက္ဖီးကို အေရးနိမ့္ထားျပီး စီးတီးက ၀က္ဖို႔ဒ္ကို ၈ ဂိုး သြင္းခ်ထားတာပါ။ အသင္းနွစ္သင္းၾကား ကြာဟမႈက ၾကီးလြန္းလွျပီး စီးတီးကို အဲဗာတန္ ဘယ္လိုမွ မယွဥ္နိုင္ပါဘူး။

အို၀င္ခန္႔မွန္းရလဒ္။ ။ မန္စီးတီးက ပထမပိုင္းေရာ ဒုတိယပိုင္း ရလဒ္အရပါ အနိုင္။

မန္ခ်က္စတာ ယူနိုက္တက္ Vs အာဆင္နယ္

ေအာက္တိုဘာ ၁ ရက္၊ အဂၤါေန႔ မနက္ ၁း၃၀ နာရီ

ျပီးခဲ့တဲ့ ဆန္းေဒးက ၀က္စ္ဟမ္းကို ရွံဳးလိုက္တဲ့ ပြဲအျပီးမွာ မန္ခ်က္စတာ ယူနိုက္တက္ က ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၇ ပြဲ ထိ ရွံဳးပြဲေတြ႔ထားတာပါ။ အာဆင္နယ္ကေတာ့ စိတ္လႈပ္ရွားမႈနဲ႕ အမ်က္ထြက္ေစတာ အခ််ိဳးညီညီ ပရိသတ္ေတြကို ေပးစြမ္းေနတုန္းပါ။ ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲမွာ အက္စတြန္ဗီလာကို ဦးေဆာင္ဂိုးေတြ ခြင့္ျပဳျပီး တစ္ေယာက္ထုတ္ခံရတဲ့ ၾကားက လိုက္ကစားက နုိ္င္ပြဲ ရယူထားပါတယ္။

ယူနိုက္တက္ဟာ အိမ္ကြင္းမွာ ေနာက္ဆံုး ကစားထားတဲ့ လက္စတာနဲ႕ ပြဲမွာ clean sheet ရထားခဲ့ပါတယ္ ဒါေပမယ့္ တိုက္စစ္ အားျပဳေနတဲ့ အာဆင္နယ္ အေနနဲ႕ ဒီဂီယာရဲ႕ ဂိုးေပါက္ထဲ မသြင္းနုိင္္ဘူးဆိုရင္ စိတ္ပ်က္စရာ ျဖစ္မွာပါ။ နွစ္သင္းလံုးကလည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ေသခ်ာေစဖို႔ အသည္းအသန္ ျဖစ္ေနၾကသူေတြခ်ည္း ျဖစ္ပါတယ္။

အမ္မရီ အေနနဲ႕ ကာလရွည္ ဒဏ္ရာက ျပန္လာတဲ့ ဘယ္လာရင္နဲ႕ ဟိုးလ္ဒင္းကို ျပန္ရထားတာ အားရွိေနမွာပါ။ ၄င္းတို႔ နွစ္ဦးလံုး ၾကားရက္က ေဖာရက္စ္နဲ႕ ဖလားပြဲမွာ ပါ၀င္ကစားထားပါတယ္။ ကစားသမားသစ္ေတြ ျဖစ္တဲ့ တီရာေနးနဲ႕ မာတင္နယ္လီတို႔ကလည္း ပါ၀င္ကစား ေျခစြမ္းျပထားတာပါ။ အာဆင္နယ္ နည္းျပ အေနနဲ႕ စိတ္လႈပ္ရွားစရာ ေရြးခ်ယ္စရာေတြ ရွိေနေတာ့မွာပါ။

အို၀င္ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး အျပန္အလွန္ ဂိုးသြင္းျပီး သေရ ရလဒ္။

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် သီတင်းပတ် ၇ မှ ပွဲစဉ်များမှ ထိပ်သီးအသင်းကြီးတွေ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက်များကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

ရှက်ဖီးယူနိုက်တက် Vs လီဗာပူး

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ညနေ ၆ နာရီ

ရှက်ဖီးလ်ယူနိုက်တက်က အိမ်ကွင်းမှာ ရှုံးပွဲ အချို့ ရှိထားပေမယ့် နောက်ဆုံး ကစားထားတဲ့ လိဂ် အဝေးပွဲ ၁၂ ပွဲ ရှုံးပွဲ မရှိသေးပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် ၁၆ ပွဲ ဆက် နိုင်ပွဲ ယူဖို့ စိုင်ပြင်းနေတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကို ရှက်ဖီးတို့ တားဆီးနိုင်ဖွယ် မမြင်ပါဘူး။ လီဗာပူးအသင်းက ပြီးခဲ့တဲ့ ဆန်းဒေးကပဲ လိုအပ်ရင် လိုအပ်သလို အမှတ်ရအောင် ယူသွားနိုင်ကြောင်း စတန်းဖို့ဘရစ်ချ်မှာ လုပ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံတို့ သွားရာလမ်းများလား…

ကျနေ်ာတို့ အားလုံးက လီဗာပူးရဲ့ တိုက်စစ်အားသန် ကစားဟန်ကို ပြောကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် ချယ်ဆီးကို သွင်းသွားတဲ့ နှစ်ဂိုးလုံးဟာ တည်ကန်ဘောတွေက ရခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ ရာသီအစတည်းက ဆို သူတို့ရဲ့ တည်ကန်ဘောကနေ ၃၄ ဂိုးထိ ရှိခဲ့ပြီ ဖြစ်ကာ အသင်းအားလုံးထက် အနည်းဆုံး ၇ ဂိုး အသာ ရထားပါတယ်။ လုံး၀ ပြီးပြည့်စုံနေတဲ့ အသင်းပါ။

အိုဝင်ခန့်မှန်းရလဒ်။ ။ ပေးဂိုး မရှိ လီဗာပူး အနိုင်။

ချယ်ဆီး Vs ဘရိုက်တန်

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပတ်ကတော့ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးအသင်းထံကနေ အမှတ်ယူနိုင်လိမ့်မယ် ထင်ခဲ့တာပါ။ ဒီတပတ်မှာတော့ ချယ်ဆီးအသင်း အိမ်ကွင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲ စရပြီလို့ ကျနော် ခံစားမိပါတယ်။ စိန့်ဂျိမ်းပါ့ခ်မှာ ဘရိုက်တန် ကစားသွားတာကလည်း လုံး၀ ကျစ်ကျစ်လစ်လစ် အထင်ကြီးစရာပါ။ ဒါပေမယ့် ဒီပွဲက အပြန်အလှန် ရသအပြည့်ပေးတဲ့ ပွဲ ဖြစ်ကာ ချယ်ဆီး အနိုင်လို့ပဲ ထင်ပါတယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး ချယ်ဆီး အနိုင်။

တော့တင်ဟမ် စပါး Vs ဆောက်သမ်တန်

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ

စပါးအသင်းဟာ နောက်ဆုံး လိဂ်ပွဲ အဝေးကွင်းပွဲ ၉ ပွဲ နိုင်ပွဲ မရှိသေးဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ အိမ်ကွင်းသစ်ကြီးကတော့ စပါးရဲ့ အဆင့် လေးအတွင်း ဝင်ဖို့ ပစ်မှတ်အတွက် အထောက်အပံ့ကောင်းတွေ ပေးနေဆဲပါ။ စပါးအနေနဲ့ ကြားရက်က Colchester ကို ရှုံးလိုက်တဲ့ ပွဲရဲ့ သက်ရောက်မှုကတော့ အနည်းနဲ့အများ ရှိနေမှာဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ အသင်းဟာ သူတို့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်မှာ ပဲလေ့စ်ကို အဖွင့် ၄၅ မိနစ်အတွင်းမှာတင် လေးဂိုး သွင်းပစ်ခဲ့တာပါ။ သူတို့ စိန့်နဲ့ ပွဲမှာလည်း သုံးမှတ်အပြည့် ယူသွားဦးမှာ ဖြစ်ပြီး စိန့်ကလည်း ပြန်လည် တုန့်ပြန်ပါလိမ့်မယ်။

အိုဝင်ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး စပါးအနိုင်။

အဲဗာတန် Vs မန်စီးတီး

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၁၁း၀၀ နာရီ

ပရီးမီးယားလိဂ်မှာ မန်စီးတီးကို အဲဗာတန်က ဂွတ်ဒီဆင်ပါ့ခ်မှာ နိုင်ခဲ့တာ ဆိုရင် ရော်နယ်ကိုးမန်း ရှိစဉ်က ဖြစ်ပြီး တော်တော် ကြာခဲ့ပါပြီလို့ ထင်ရပါတယ်။ ဒါပေမယ့် အဲဒါက ၂၀၁၇ ဇန်နဝါရီက ဖြစ်ပြီး အဲဗာတန်ဘက်က ဂိုးသွင်းခဲ့ကြသူတွေကတော့ လူကာကူ၊ မီရာလက်စ်၊ ဒေဗီးစ်နဲ့ လွတ်မန်းတို့ပါ။ အဲဒီ လေးဦးထဲက ဒေဗီးစ် တစ်ယောက်သာ ဂွတ်ဒီဆင်ပါ့ခ်မှာ ယခု ကျန်ရှိပါတယ်။

ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးကတော့ အမှတ်ပေးဖလားကို ဆက်တိုက် ချန်ပီယံ ဖြစ်ထားပြီး ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား အကုန် သိမ်းထားခဲ့တာပါ။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ အိမ်ကွင်းမှာတင် တန်းတက်လာတဲ့ ရှက်ဖီးကို အရေးနိမ့်ထားပြီး စီးတီးက ဝက်ဖို့ဒ်ကို ၈ ဂိုး သွင်းချထားတာပါ။ အသင်းနှစ်သင်းကြား ကွာဟမှုက ကြီးလွန်းလှပြီး စီးတီးကို အဲဗာတန် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

အိုဝင်ခန့်မှန်းရလဒ်။ ။ မန်စီးတီးက ပထမပိုင်းရော ဒုတိယပိုင်း ရလဒ်အရပါ အနိုင်။

အဲဗာတန် Vs မန်စီးတီး

အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့ မနက် ၁း၃၀ နာရီ

ပြီးခဲ့တဲ့ ဆန်းဒေးက ဝက်စ်ဟမ်းကို ရှုံးလိုက်တဲ့ ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် က နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၇ ပွဲ ထိ ရှုံးပွဲတွေ့ထားတာပါ။ အာဆင်နယ်ကတော့ စိတ်လှုပ်ရှားမှုနဲ့ အမျက်ထွက်စေတာ အချျိုးညီညီ ပရိသတ်တွေကို ပေးစွမ်းနေတုန်းပါ။ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲမှာ အက်စတွန်ဗီလာကို ဦးဆောင်ဂိုးတွေ ခွင့်ပြုပြီး တစ်ယောက်ထုတ်ခံရတဲ့ ကြားက လိုက်ကစားက နိုင်ပွဲ ရယူထားပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ နောက်ဆုံး ကစားထားတဲ့ လက်စတာနဲ့ ပွဲမှာ clean sheet ရထားခဲ့ပါတယ် ဒါပေမယ့် တိုက်စစ် အားပြုနေတဲ့ အာဆင်နယ် အနေနဲ့ ဒီဂီယာရဲ့ ဂိုးပေါက်ထဲ မသွင်းနိုင်ဘူးဆိုရင် စိတ်ပျက်စရာ ဖြစ်မှာပါ။ နှစ်သင်းလုံးကလည်း ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာစေဖို့ အသည်းအသန် ဖြစ်နေကြသူတွေချည်း ဖြစ်ပါတယ်။

အမ်မရီ အနေနဲ့ ကာလရှည် ဒဏ်ရာက ပြန်လာတဲ့ ဘယ်လာရင်နဲ့ ဟိုးလ်ဒင်းကို ပြန်ရထားတာ အားရှိနေမှာပါ။ ၎င်းတို့ နှစ်ဦးလုံး ကြားရက်က ဖောရက်စ်နဲ့ ဖလားပွဲမှာ ပါဝင်ကစားထားပါတယ်။ ကစားသမားသစ်တွေ ဖြစ်တဲ့ တီရာနေးနဲ့ မာတင်နယ်လီတို့ကလည်း ပါဝင်ကစား ခြေစွမ်းပြထားတာပါ။ အာဆင်နယ် နည်းပြ အနေနဲ့ စိတ်လှုပ်ရှားစရာ ရွေးချယ်စရာတွေ ရှိနေတော့မှာပါ။

အိုဝင်ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး အပြန်အလှန် ဂိုးသွင်းပြီး သရေ ရလဒ်။

Myan News