အာဆင္နယ္ အသင္းေခါင္းေဆာင္သစ္ ကို တရား၀င္ေၾကျငာရေတာ့မယ့္ အမ္မရီထံ ကစားသမားမ်ားစြာ အၾကံျပဳထားၾကရာ လက္ရွိ တာ၀န္ ယူေနတဲ့ ဇာခါ အျပင္ ဟိုးဒင္း၊ ဆိုကေရးတစ္၊ ဘယ္လာရင္နဲ႕ ေဒးဗစ္လူး၀စ္တို႔ ပါ၀င္ေနပါတယ္။

အမ္မရီက အသင္းေခါင္းေဆာင္ ၅ ဦး ေရြးခ်ယ္မွာ ျဖစ္ျပီး အာဆင္နယ္အသင္းသားေတြကို မဲေပး ေရြးခ်ယ္ေစရန္ စီစဥ္ထားေရာင့္ ေရာ့ဘ္ဟိုးဒင္းက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ နာပိုလီ ဗဟိုခံ့စစ္မွဴး ကူလီဘိုင္ေလကဲ့သို႔ ေျခစြမး္ေကာင္းမြန္ တည္ျငိမ္တဲ့ သူမ်ိဳးကို အရ ေခၚယူဖို႔ အေျပာင္းအေရႊ႕ ျပန္ ဖြင့္တာနဲ႕ ၾကိဳးစားသင့္ေၾကာင့္ အာဆင္နယ္ ကြင္းလယ္ေဟာင္း ဖရင့္ေပါင္က တိုက္တြန္းလိုက္ပါတယ္။

ဒဏ္ရာ ရထားတာေၾကာင့္ အနားယူကုသမႈ ခံယူေနရတဲ့ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီက ျပန္လည္သက္သာ ေကာင္းမြန္လာဖို႔ ၾကိဳးစားေနျပီး ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားရွိေအာင္လည္း လုပ္ေဆာင္ေနတယ္လို႔ ပရိသတ္ေတြထံ သတင္းစကား ပါးခဲ့ပါတယ္။

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ ပြဲၾကီးပြဲေကာင္းအျဖစ္ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္ယူနဲ႔ အာဆင္နယ္ပြဲဟာ အျပန္အလွန္ သြင္းဂိုးေတြနဲ႔အတူ သေရရလဒ္ပဲ ထြက္ေပၚလိမ့္မယ္လို႔ မိုက္ကယ္အိုဝင္က ခန္႔မွန္းသြားပါတယ္။

ေနာတင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ေျခစြမ္းျပ ကစားခဲ့တဲ့ ဘယ္စြန္ခံစစ္မွဴးသစ္ တီရာေနးဟာ အာဆင္နယ္ အားထားရမယ့္ ထိပ္တန္း ကစားသမား ျဖစ္လာမယ္ယ္လို႔ အူဘာမီးယန္းနဲ႕ လာကာဇက္တီတို႔က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

အာဆင္နယ္နညး္ျပေဟာင္း အာဆင္၀င္းဂါးက မန္ခ်က္စတာယူနိုက္တက္ကို နည္းျပ အျဖစ္ တာ၀န္ယူရမယ့္ အလုပ္ဟာ အားလံုးလိုလို စိတ္ကူး အိပ္မက္တဲ့ ကိစၥ ျဖစ္ျပီး သူလည္း စိတ္၀င္စားတယ္လို႔ ေျပာဆိုခဲ့တဲ့ စကားမ်ား ထြက္ေပၚခဲ့ေပမယ့္ မဟုတ္မွန္ဘူးလို႔ ေျဖရွင္းထားေၾကာင္း သိရပါတယ္။

အာဆင္နယ္ ပြဲထြက္ ဂိုးသမား လီနုိဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၆ ပြဲ ကစားျပီးခ်ိန္မွာ ဂိုးေပါက္ ကာကြယ္မွာ ၂၉ ၾကိမ္နဲ႕ အမ်ားဆံုး ျပဳလုပ္ထားပါတယ္။

Myan News

UNICODE – အာဆင်နယ် အသင်းခေါင်းဆောင်သစ် ကို တရားဝင်ကြေငြာရတော့မယ့် အမ်မရီထံ ကစားသမားများစွာ အကြံပြုထားကြရာ လက်ရှိ တာဝန် ယူနေတဲ့ ဇာခါ အပြင် ဟိုးဒင်း၊ ဆိုကရေးတစ်၊ ဘယ်လာရင်နဲ့ ဒေးဗစ်လူးဝစ်တို့ ပါဝင်နေပါတယ်။

အမ်မရီက အသင်းခေါင်းဆောင် ၅ ဦး ရွေးချယ်မှာ ဖြစ်ပြီး အာဆင်နယ်အသင်းသားတွေကို မဲပေး ရွေးချယ်စေရန် စီစဉ်ထားရောင့် ရော့ဘ်ဟိုးဒင်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ နာပိုလီ ဗဟိုခံ့စစ်မှူး ကူလီဘိုင်လေကဲ့သို့ ခြေစွမ်းကောင်းမွန် တည်ငြိမ်တဲ့ သူမျိုးကို အရ ခေါ်ယူဖို့ အပြောင်းအရွှေ့ ပြန် ဖွင့်တာနဲ့ ကြိုးစားသင့်ကြောင့် အာဆင်နယ် ကွင်းလယ်ဟောင်း ဖရင့်ပေါင်က တိုက်တွန်းလိုက်ပါတယ်။

ဒဏ်ရာ ရထားတာကြောင့် အနားယူကုသမှု ခံယူနေရတဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ပြန်လည်သက်သာ ကောင်းမွန်လာဖို့ ကြိုးစားနေပြီး ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားရှိအောင်လည်း လုပ်ဆောင်နေတယ်လို့ ပရိသတ်တွေထံ သတင်းစကား ပါးခဲ့ပါတယ်။

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲကြီးပွဲကောင်းအဖြစ် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ အာဆင်နယ်ပွဲဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ သရေရလဒ်ပဲ ထွက်ပေါ်လိမ့်မယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းသွားပါတယ်။

နောတင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ ဘယ်စွန်ခံစစ်မှူးသစ် တီရာနေးဟာ အာဆင်နယ် အားထားရမယ့် ထိပ်တန်း ကစားသမား ဖြစ်လာမယ်ယ်လို့ အူဘာမီးယန်းနဲ့ လာကာဇက်တီတို့က ချီးကျူးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်ယူရမယ့် အလုပ်ဟာ အားလုံးလိုလို စိတ်ကူး အိပ်မက်တဲ့ ကိစ္စ ဖြစ်ပြီး သူလည်း စိတ်ဝင်စားတယ်လို့ ပြောဆိုခဲ့တဲ့ စကားများ ထွက်ပေါ်ခဲ့ပေမယ့် မဟုတ်မှန်ဘူးလို့ ဖြေရှင်းထားကြောင်း သိရပါတယ်။

အာဆင်နယ် ပွဲထွက် ဂိုးသမား လီနိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ဂိုးပေါက် ကာကွယ်မှာ ၂၉ ကြိမ်နဲ့ အများဆုံး ပြုလုပ်ထားပါတယ်။