လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း လက္ရွိ ရိမ္းဂ်ားစ္နည္းျပ စတီဗင္ဂ်ရတ္က ၄င္းကို ယာဂင္ကေလာ့ပ္က သူထြက္ခြာသြားရင္ ဆက္လက္ တာ၀န္ ယူသင့္တဲ့ နည္းျပ အျဖစ္ ေထာက္ခံခ်က္ေပးလိုက္တဲ့ အေပၚ စိတ္လႈပ္ရွား ရင္ခုန္မိေၾကာင္း ဖြင့္ဟ၀န္ခံခဲ့ပါတယ္။

လီဗာပူးလူငယ္ဂိုးသမား ကလယ္ဟာက ကာရာေဘာင္းပြဲမတိုင္ခင္ ပထမအသင္းဂိုးသမား အယ္လီဆန္ထံက ကံေကာင္းပါေစဆိုတဲ့ ဂုဏ္ျပဳစကားကို ရရွိခဲ့ျပီး အဆိုပါ အားေပးမႈက သူ႔အတြက္ စိတ္အားတက္ၾကြေစခဲ့ပါတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ဖီဖာ အေကာင္းဆံုး ကစားသမားဆု အတြက္ လီဗာပူး တိုက္စစ္မွဴး ဆာလက္ကို မဲေပးမႈမ်ား ရွိခဲ့ေသာ္လည္း ထုတ္ျပန္တဲ့ စာရင္းထဲမွာ မပါ၀င္တဲ့ အေပၚ ဖီဖာက ေျဖရွင္းခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဆာလက္အတြက္ မဲေပးခဲ့တဲ့ အီဂ်စ္ အသင္းနည္းျပနဲ႕ အသင္းေခါင္းေဆာင္တို႔ရဲ႕ မဲေပးတဲ့ ေဖာင္က လက္မွတ္က Capital Letter မ်ား ပါ၀င္ေနတာေၾကာင့္ စည္းမ်ဥ္းနဲ႕ မညီျဖစ္ကာ ထည့္မေရတြက္ခဲ့ဘူးလို႔ ဆိုပါတယ္။

ဒီတပတ္ ပရီးမီးယားလိဂ္ သီတင္းပတ္ ၇ မွ ပြဲစဥ္မွ ရွက္ဖီးနဲ႔ လီဗာပူးပြဲကို မိုက္ကယ္အိုဝင္က ခ်န္ပီယံတို႔ သြားရာလမ္းေၾကာင္းမွာ အေကာင္းဆံုးပံုစံနဲ႔ရွိေနတဲ့ လီဗာပူးကပဲ ေပးဂိုးမရွိ အႏုိင္လို႔ ခန္႔မွန္းသြားပါတယ္။

လီဗာပူး ခံစစ္မွဴး ဂ်ိဳးဂိုမက္ဇ္က ဒီရာသီ ပြဲကစားခြင့္ နည္းပါးေနတဲ့အေပၚ စိတ္ပ်က္ရေၾကာင္း အသံျပဳလာပါတယ္။ လီဗာပူး ဗဟိုခံစစ္မွာ ဗန္ဒိုက္နဲ႕ အတူ မာတစ္က တြဲဖက္ ေျခစြမ္းျပေနတာေၾကာင့္ ဂိုမက္ဇ္ အခြင့္အေရးနည္းေနျပီး ျပီးခဲ့တဲ့ ကာရာေဘာင္းပြဲမွာေတာ့ ပါ၀င္ ကစားခြင့္ ရခဲ့ပါတယ္။

လီဗာပူးဟာ မႏွစ္က ပရီးမီးယားလိဂ္ဖလားကို ကပ္သီးေလး လြဲေခ်ာ္ခဲ့ၿပီး အေကာင္းဆုံး အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ဒီရာသီမွာ ရာႏႈန္းျပည့္ ႏိုင္ပြဲဆက္ေနေပမယ့္ အမွတ္ေပးဖလားကို အႏုိင္ရမွာ မဟုတ္ဘူးလို႔ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဒီေအာ့က ေျပာဆိုလိုက္ပါတယ္။

လီဗာပူးကို ေပါင္ သန္း ၂၀ နဲ႔ ေျပာင္းလာခဲ့ျပီး ေျခစြမ္းျပဖို႔ ရုန္းကန္ခဲ့ရတဲ့ ဆားဘီးယား ေတာင္ပံတိုက္စစ္သမား မာကိုဗစ္ဟာ ဇာတိကလပ္ ပါတီဇန္မွာေတာ့ အထူးေျခစြမ္းျပေနျပီး သူ႔ရဲ႕ ယခင္ေျခစြမ္းေတြကို ျပန္ရေနတယ္လို႔ သိရပါတယ္။ မာကိုဗစ္ဟာ လီဗာပူးသမိုင္းမွာ အဆိုးဆံုး ေခၚယူမႈေတြထဲက တစ္ခုအျဖစ္ေတာင္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ရွက္ဖီးနဲ႔မတိုင္ခင္ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ခ်ယ္ဆီးနဲ႔ပြဲအျပီး ဒဏ္ရာရေနတယ္လုိ႔ ယာဂင္ကေလာ့ပ္ ထုတ္ေျပာထားတဲ့ မာေနးနဲ႔ တိုက္စစ္မွဴး အိုရီဂီတို႔ ပါဝင္ေနျပီး အေျခအေန ေကာင္းေနတာကို ျမင္ေတြ႔ေနရပါတယ္။

UNICODE

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း လက်ရှိ ရိမ်းဂျားစ်နည်းပြ စတီဗင်ဂျရတ်က ၎င်းကို ယာဂင်ကလော့ပ်က သူထွက်ခွာသွားရင် ဆက်လက် တာဝန်ယူသင့်တဲ့ နည်းပြ အဖြစ် ထောက်ခံချက်ပေးလိုက်တဲ့ အပေါ် စိတ်လှုပ်ရှား ရင်ခုန်မိကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

လီဗာပူးလူငယ်ဂိုးသမား ကလယ်ဟာက ကာရာဘောင်းပွဲမတိုင်ခင် ပထမအသင်းဂိုးသမား အယ်လီဆန်ထံက ကံကောင်းပါစေဆိုတဲ့ ဂုဏ်ပြုစကားကို ရရှိခဲ့ပြီး အဆိုပါ အားပေးမှုက သူ့အတွက် စိတ်အားတက်ကြွစေခဲ့ပါတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဖီဖာ အကောင်းဆုံး ကစားသမားဆု အတွက် လီဗာပူး တိုက်စစ်မှူး ဆာလက်ကို မဲပေးမှုများ ရှိခဲ့သော်လည်း ထုတ်ပြန်တဲ့ စာရင်းထဲမှာ မပါဝင်တဲ့ အပေါ် ဖီဖာက ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဆာလက်အတွက် မဲပေးခဲ့တဲ့ အီဂျစ် အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တို့ရဲ့ မဲပေးတဲ့ ဖောင်က လက်မှတ်က Capital Letter များ ပါဝင်နေတာကြောင့် စည်းမျဉ်းနဲ့ မညီဖြစ်ကာ ထည့်မရေတွက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ် သီတင်းပတ် ၇ မှ ပွဲစဉ်မှ ရှက်ဖီးနဲ့ လီဗာပူးပွဲကို မိုက်ကယ်အိုဝင်က ချန်ပီယံတို့ သွားရာလမ်းကြောင်းမှာ အကောင်းဆုံးပုံစံနဲ့ရှိနေတဲ့ လီဗာပူးကပဲ ပေးဂိုးမရှိ အနိုင်လို့ ခန့်မှန်းသွားပါတယ်။

လီဗာပူး ခံစစ်မှူး ဂျိုးဂိုမက်ဇ်က ဒီရာသီ ပွဲကစားခွင့် နည်းပါးနေတဲ့အပေါ် စိတ်ပျက်ရကြောင်း အသံပြုလာပါတယ်။ လီဗာပူး ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ အတူ မာတစ်က တွဲဖက် ခြေစွမ်းပြနေတာကြောင့် ဂိုမက်ဇ် အခွင့်အရေးနည်းနေပြီး ပြီးခဲ့တဲ့ ကာရာဘောင်းပွဲမှာတော့ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

လီဗာပူးဟာ မနှစ်က ပရီးမီးယားလိဂ်ဖလားကို ကပ်သီးလေး လွဲချော်ခဲ့ပြီး အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နေပေမယ့် အမှတ်ပေးဖလားကို အနိုင်ရမှာ မဟုတ်ဘူးလို့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့က ပြောဆိုလိုက်ပါတယ်။

လီဗာပူးကို ပေါင် သန်း ၂၀ နဲ့ ပြောင်းလာခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ဆားဘီးယား တောင်ပံတိုက်စစ်သမား မာကိုဗစ်ဟာ ဇာတိကလပ် ပါတီဇန်မှာတော့ အထူးခြေစွမ်းပြနေပြီး သူ့ရဲ့ ယခင်ခြေစွမ်းတွေကို ပြန်ရနေတယ်လို့ သိရပါတယ်။ မာကိုဗစ်ဟာ လီဗာပူးသမိုင်းမှာ အဆိုးဆုံး ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ်တောင် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးနဲ့မတိုင်ခင် လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ချယ်ဆီးနဲ့ပွဲအပြီး ဒဏ်ရာရနေတယ်လို့ ယာဂင်ကလော့ပ် ထုတ်ပြောထားတဲ့ မာနေးနဲ့ တိုက်စစ်မှူး အိုရီဂီတို့ ပါဝင်နေပြီး အခြေအနေ ကောင်းနေတာကို မြင်တွေ့နေရပါတယ်။