ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးနဲ႕ ရင္ဆိုင္ရမယ့္ ဘရိုက္တန္အသင္းဟာ လိဂ္သမိုင္းေၾကာင္းတေလ်ာက္ ခ်ယ္ဆီး ရာႏႈန္းျပည့္ နိုင္ပြဲ ယူထားတဲ့ နွစ္သင္းထဲက တစ္သင္း ျဖစ္ပါတယ္။ ဘရိုက္တန္ အျပင္ ေနာက္တစ္သင္းကေတာ့ ေနာ့သမ္တန္အသင္းပါ။

ဘရိုက္တန္နဲ႔ပြဲမွာ ခံစစ္မွဴး ရူဒီဂါကို ထည့္သြင္းမွာ မဟုတ္ပါဘူး။ ရူဒီဂါဟာ ဒဏ္ရာရွိေနခဲ့ျပီး ေပါင္ျခံမွာရွိေနတဲ့ အေသးစား ဒဏ္ရာေၾကာင့္ ပြဲထုတ္ရမွာကို ကလပ္ဘက္က စိတ္ပူးျပီး သက္သာလာဖို႔ ႏွစ္ပတ္ေလာက္ အနားေပးလိုေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဘရိုက္တန္နဲ႔ပြဲမွာေတာ့ ကာရာေဘာင္း လူစာရင္းကို ၉ ေနရာထိ အေျပာင္းအလဲလုပ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီပြဲကို လူစံုထုတ္လာမွာျဖစ္ျပီး ခံစစ္နဲ႔ ေတာင္ပံတိုက္စစ္ေတြမွာ မန္ေနဂ်ာလမ္းပတ္ ဘယ္လိုကစားသမားေတြနဲ႔ လူစာရင္း ထုတ္မလဲဆိုတာက စိတ္ဝင္စားခံေနရပါတယ္။

ခ်ယ္ဆီး လူငယ္ တိုက္စစ္မွဴးေလး ေအဗရာဟမ္ဟာ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းၾကမ္းေနျပီး ဒီရာသီ ၇ ဂိုးထိ သြင္းယူထားကာ သူ႔ထက္ ဂိုးသြင္းမ်ားတာ ဆိုလို႔ မန္စီးတီး မွ ၀ါရင့္တိုက္စစ္မွဴး အဂြယ္ရိုသာ ၈ ဂိုးနဲ႕ ရွိေနပါတယ္။

ခ်ယ္ဆီးအစြန္လူ အီမာဆန္ဟာ ဒဏ္ရာေၾကာင့္ သီတင္းပတ္ အနည္းငယ္ လြဲေခ်ာ္သြားေတာ့မွာပါ။ လမ္းပတ္ကိုယ္တိုင္ကပဲ ေအာက္တိုဘာလလယ္ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွပဲ ျပန္ကစားႏုိင္မယ္လို႔ အတည္ျပဳသြားပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ အတြက္ ခ်ယ္ဆီးဟာ ဘရိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ျပီး မိုက္ကယ္အိုဝင္ကေတာ့ မန္ေနဂ်ာလမ္းပတ္ဟာ ခ်ယ္ဆီးမန္ေနဂ်ာဘဝ ပထမဆံုး အိမ္ကြင္းႏုိင္ပြဲရလဒ္ကို ရရွိမွာျဖစ္ျပီး ဂိုးျပတ္လိမ့္မယ္လို႔ ခန္႔မွန္းသြားပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ေလာ့တပ္ခ်ိစ္ ျပန္လည္ကုသမႈ လုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္တာက အေျခအေနေကာင္းျပီး အသင္းေဖာ္ ေဂ်ာ္ဂင္ဟိုက အင္စတာဂရမ္မွာ ေလာ့တပ္ခ်စ္ ျပန္လည္ကုသေရး လုပ္ငန္းစဥ္မွာ ၾကိဳးစားေနတဲ့ ပံုရိပ္ကို ေဖာ္ျပျပီး အားေပးသြားပါတယ္။ သူျပန္ကစားႏုိင္မယ့္ အေသးစိတ္ အခ်ိန္ကို မသိရေသးပါဘူး။

ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးကို ဒီတေလာ ပြဲစဥ္မ်ားမွာ မျမင္ရဘဲ ကာရာေဘာင္းပြဲမွာလည္း ပါ၀င္ မကစားခဲ့တဲ့အေပၚ လမ္းပတ္က ဂ်ီရူးဟာ အဖ်ား ရွိေနလို႔ မကစားနိုင္တာ ျဖစ္ျပီး ျပင္းထန္မႈေတာ့ မရွိေၾကာင္း ေျပာဆိုထားပါတယ္။

ကာရာေဘာင္းပြဲမွာ ခ်ယ္ဆီးကြင္းလယ္လူ ဘီလီနည္းတူ အစြန္ကစားသမား ရိစ္ဂ်ိမ္းဟာလည္း အမွတ္ ၉ ထိ ေပးျခင္း ခံခ့ဲရပါတယ္။ ဒဏ္ရာက ျပန္သက္သာလာတဲ့ ရိစ္ဂ်ိမ္းဟာ အခြင့္အေရး ဖန္တီးမႈေကာင္းေတြကိုလည္း မ်ားစြား လုပ္ႏုိင္ခဲ့ပါေသးတယ္။

UNICODE

ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ဘရိုက်တန်အသင်းဟာ လိဂ်သမိုင်းကြောင်းတလျောက် ချယ်ဆီး ရာနှုန်းပြည့် နိုင်ပွဲ ယူထားတဲ့ နှစ်သင်းထဲက တစ်သင်း ဖြစ်ပါတယ်။ ဘရိုက်တန် အပြင် နောက်တစ်သင်းကတော့ နော့သမ်တန်အသင်းပါ။

ဘရိုက်တန်နဲ့ပွဲမှာ ခံစစ်မှူး ရူဒီဂါကို ထည့်သွင်းမှာ မဟုတ်ပါဘူး။ ရူဒီဂါဟာ ဒဏ်ရာရှိနေခဲ့ပြီး ပေါင်ခြံမှာရှိနေတဲ့ အသေးစား ဒဏ်ရာကြောင့် ပွဲထုတ်ရမှာကို ကလပ်ဘက်က စိတ်ပူးပြီး သက်သာလာဖို့ နှစ်ပတ်လောက် အနားပေးလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ဘရိုက်တန်နဲ့ပွဲမှာတော့ ကာရာဘောင်း လူစာရင်းကို ၉ နေရာထိ အပြောင်းအလဲလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒီပွဲကို လူစုံထုတ်လာမှာဖြစ်ပြီး ခံစစ်နဲ့ တောင်ပံတိုက်စစ်တွေမှာ မန်နေဂျာလမ်းပတ် ဘယ်လိုကစားသမားတွေနဲ့ လူစာရင်း ထုတ်မလဲဆိုတာက စိတ်ဝင်စားခံနေရပါတယ်။

ချယ်ဆီး လူငယ်တိုက်စစ်မှူးလေး အေဗရာဟမ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းကြမ်းနေပြီး ဒီရာသီ ၇ ဂိုးထိ သွင်းယူထားကာ သူ့ထက် ဂိုးသွင်းများတာ ဆိုလို့ မန်စီးတီး မှ ဝါရင့်တိုက်စစ်မှူး အဂွယ်ရိုသာ ၈ ဂိုးနဲ့ ရှိနေပါတယ်။

ချယ်ဆီးအစွန်လူ အီမာဆန်ဟာ ဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် လွဲချော်သွားတော့မှာပါ။ လမ်းပတ်ကိုယ်တိုင်ကပဲ အောက်တိုဘာလလယ် နိုင်ငံတကာ သီတင်းပတ်အပြီးမှပဲ ပြန်ကစားနိုင်မယ်လို့ အတည်ပြုသွားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် ချယ်ဆီးဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး မိုက်ကယ်အိုဝင်ကတော့ မန်နေဂျာလမ်းပတ်ဟာ ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံး အိမ်ကွင်းနိုင်ပွဲရလဒ်ကို ရရှိမှာဖြစ်ပြီး ဂိုးပြတ်လိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။

ချယ်ဆီးကွင်းလယ်လူ လော့တပ်ချိစ် ပြန်လည်ကုသမှု လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တာက အခြေအနေကောင်းပြီး အသင်းဖော် ဂျော်ဂင်ဟိုက အင်စတာဂရမ်မှာ လော့တပ်ချစ် ပြန်လည်ကုသရေး လုပ်ငန်းစဉ်မှာ ကြိုးစားနေတဲ့ ပုံရိပ်ကို ဖော်ပြပြီး အားပေးသွားပါတယ်။ သူပြန်ကစားနိုင်မယ့် အသေးစိတ် အချိန်ကို မသိရသေးပါဘူး။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကို ဒီတလော ပွဲစဉ်များမှာ မမြင်ရဘဲ ကာရာဘောင်းပွဲမှာလည်း ပါဝင် မကစားခဲ့တဲ့အပေါ် လမ်းပတ်က ဂျီရူးဟာ အဖျား ရှိနေလို့ မကစားနိုင်တာ ဖြစ်ပြီး ပြင်းထန်မှုတော့ မရှိကြောင်း ပြောဆိုထားပါတယ်။

ကာရာဘောင်းပွဲမှာ ချယ်ဆီးကွင်းလယ်လူ ဘီလီနည်းတူ အစွန်ကစားသမား ရိစ်ဂျိမ်းဟာလည်း အမှတ် ၉ ထိ ပေးခြင်း ခံခဲ့ရပါတယ်။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ရိစ်ဂျိမ်းဟာ အခွင့်အရေး ဖန်တီးမှုကောင်းတွေကိုလည်း များစွား လုပ်နိုင်ခဲ့ပါသေးတယ်။