ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ အတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းခ်က္ေတြကို စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။

ရွက္ဖီးယူနိုက္တက္ Vs လီဗာပူး

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ညေန ၆ နာရီ

ရွက္ဖီးဟာ ၿပီးခဲ့တဲ့ အပတ္က အဲဗာတန္အိမ္ကြင္းမွာ အထင္ႀကီးစရာ ကစားျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးေတြရဖို႔အတြက္ေတာ့ ႐ုန္းကန္ ခဲ့ရပါတယ္။ သူတို႔ဟာ က်င့္သားရေနၿပီး စည္းစည္းလုံးလုံး ရွိၾကတယ္။ ေတာင္ပံခံစစ္ ႏွစ္ေယာက္က အေရွ႕တက္လာၿပီး ဧရိယာထဲမွာ ဗဟိုခံစစ္ကိုေတာင္ ျမင္ရတယ္။ လီဗာပူးက ခ်ယ္ဆီးနဲ႔ ကစားခဲ့တဲ့အတိုင္း ကစားႏိုင္ပါတယ္။ ရွက္ဖီးက သူတို႔ကို ရင္ဆိူင္ရမွာျဖစ္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္ မာေနးနဲ႔ ဆာလက္ရဲ႕ အရွိန္အဟုန္ နဲ႔ စေကးအျပင္ ေရာ္ဘတ္တိုဖာမီႏို ကိုပါ သူတို႔ စိုးရိမ္ဖို႔ လိုပါတယ္။ လီဗာပူးက ပြဲကို ျဖည္းျဖည္းခ်င္း အသာစီး ယူသြားမွာပါပဲ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ရွက္ဖီး 1-3 လီဗာပူး

ခ်ယ္ဆီး Vs ဘရိုက္တန္

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၈း၃၀ နာရီ

ခ်ယ္ဆီး မွာ လူငယ္ၾကယ္ပြင့္ေတြက ေတာက္ပေနတယ္။ Grimsby နဲ႔ပြဲမွာ သူတို႔ဟာ အခြင့္အေရး ရခဲ့ၾကၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ အိုဒြိဳင္း ကလဲ ဂိုးသြင္းႏိူင္ခဲ့ပါတယ္။အရာအားလုံးက အဆင္ေျပပုံပါပဲ။ဒါေပမယ့္ ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲမွာ ရႈံးထားတာကို အမွတ္ရဖို႔ လိုပါတယ္။ သူတို႔က ဇယားအလည္မွာ ရွိေနၿပီး ဘာျဖစ္လာမလဲဆိုတာ မသိႏိုင္ပါဘူး။ ဂေရဟမ္ ေပၚတာက တာထြက္ေကာင္းကို ရရွိခဲ့ၿပီး ေပ်ာ္စရာ ျဖစ္ခဲ့ေပမယ့္ လီရန္ဒ႐ိုက ဒဏ္ရာရေနတယ္။ ေနာ့ကတ္ကလဲ မရွိေတာ့ဘူး။ တန္မီေအဗရာဟမ္ ရဲ႕ အရွိန္အဟုန္က သူတို႔ကို ဒုကၡျဖစ္ေစပါလိမ့္မယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး 3-1 ဘ႐ိုက္တန္

ေတာ့တင္ဟမ္ စပါး Vs ေဆာက္သမ္တန္

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၈း၃၀ နာရီ

ေဆာက္သမ္တန္က အႏိူင္ရဖို႔ လိုအပ္ခဲ့တဲ့ ဒါဘီပြဲမွာ ပို႔စ္ေမာက္ကို အႏိူင္ရခဲ့တယ္။ ဒါေပမယ့္ ေတာ့တင္ဟမ္ မွာ ျပႆနာေတြ ရွိေနတယ္။ ပထမဆုံး အႀကိမ္အေနနဲ႔ ပိုခ်က္တီႏိုက ဒါဟာ ေပ်ာ္စရာမေကာင္းဘူးလို႔ ေတြးေနတယ္။ ဒါေပမယ့္ အႏိုင္ရဖို႔ လိုအပ္​ၿပီး ႏိူင္လဲႏိူင္ပါလိမ့္္မယ္။ စီးတီး၊ လီဗာပူး ကို မမီေပမယ့္ သူတို႔က ထိပ္ဆုံးေလးေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ခ်ီအဒမ္က ႐ုန္းကန္ေနရၿပီး နည္းျပက သူ႔ကို ကစားေစခ်င္ေနမွာပါ။က်ေနာ္သာဆိုရင္ေတာ့ သူ႔ကို ထားထားၿပီး ေနသန္ရက္မြန္ကို သုံးမွာပါ။အႀကိတ္အနယ္ ရွိမွာ ျဖစ္ေပမယ့္ ေတာ့တင္ဟမ္ ကပဲ အႏိုင္ရသြားပါလိမ့္မယ္။ ပထမ မိနစ္၂၀ ေလာက္မွာပဲ သူတို႔ ဂိုးရသြားႏိုင္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ေတာ့တင္ဟမ္ 2-0 ေဆာက္သမ္တန္

အဲဗာတန္ Vs မန္စီးတီး

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔ ည ၁၁း၀၀ နာရီ

မာကိုေဆးဗားဟာ ရွက္ဖီးဝမ္းနက္စ္ေဒးနဲ႔ပြဲမွာ ရလဒ္ေကာင္း ရခဲ့ေပမယ့္ ျပင္းထန္တဲ့ ဖိအားေတြေအာက္ ေရာက္ေနပါတယ္။ မြိဳက္စ္ကိန္းကို ေခၚယူခဲ့ေပမယ့္ သူက အေတာ္နည္းပါးတဲ့ စြမ္းေဆာင္ရည္ပဲ ေပးႏိူင္ခဲ့ပါတယ္။ ရစ္ခ်ာလီဆန္က တစ္ခါတစ္ေလဆို စိတ္ဝင္စားပုံ မရွိေနပဲ ပီအက္စ္ဂ်ီကို ဂူရီ ေရာက္သြားတာက ႀကီးမားတဲ့ ထိူးႏွက္မႈ ျဖစ္ခဲ့တယ္။ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ သူတို႔ဟာ သီယိုဝဲေကာ့နဲ႔ တိုဆန္တို႔ကို ထည့္ၿပီး အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့တဲ့ ဘားနက္ကို ထူတ္ခဲ့တာ အဆင္မေျပခဲ့ပါဘူး။ စီးတီးက ေဘာလူံးပိုင္ဆိုင္မႈကို ထိန္းသိမ္းၿပီး အဲဗာတန္ကို ဆက္တိုက္ ၿခိမ္းေျခာက္ပါလိမ့္မယ္။ ဒီဘ႐ိုင္း ၊ ဘာနာဒို ေဆးဗား၊ အဂြဲ႐ိုးနဲ႔ ဂ်ီးဆုတို႔ အားလုံးက ဂိုးေတြ သြင္းတယ္။ ေနာဝစ္ခ်္နဲ႔ ပြဲက ရွက္စရာ အျဖစ္ကို လွလွပပ ျပန္ေခ်ပႏိုင္ခဲ့တာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ အဲဗာတန္ 1-3 စီးတီး

မန္ခ်က္စတာ ယူနိုက္တက္ Vs အာဆင္နယ္

ေအာက္တိုဘာ ၁ ရက္၊ အဂၤါေန႔ မနက္ ၁း၃၀ နာရီ

ခံစစ္ဆိုးဝါးတဲ့ ႏွစ္သင္း ေတြ႕ဆုံမႈပါ။ မန္ယူ မွာ ကမာၻ႔အေကာင္းဆုံး ဂိုးသမား တစ္ေယာက္ျဖစ္တဲ့ ဒီဂီယာ ရွိၿပီး ေစ်းအႀကီးဆုံး ေပါင္ သန္း ၈၀တန္ မက္ဂြဲရား လဲ ရွိတယ္။ ဒါေတာင္ ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ ဘယ္လာရင္ ကေတာ့ ေနာ္တင္ဟမ္ ေဖာရတ္နဲ႔ပြဲမွာ အနည္းငယ္သာ ကစားျပခဲ့တယ္။ မိတ္လန္းႏိုင္း က ဆိုင္းငံ့ခံထားရၿပီး အမ္မရီက သူနဲ႔ပတ္သက္လို႔ သတိထားေနရေပမယ့္ ဘယ္လာရင္ကို သုံးသင့္တယ္လို႔ ထင္ပါတယ္။တီရာေနးကိုလဲ သုံးသင့္ေပမယ့္ ေရာ့ဘ္ဟိုးဒင္း က လြဲေခ်ာ္မယ္ ထင္ပါတယ္။ ဂရန္းနစ္ ရွာခါ၊ ေတာ္ရဲရားနဲ႔ ဂြမ္ဒူဇီ တို႔ ပါဝင္ႏိုင္ပါတယ္။ ဆီဘာေယာ့စ္၊ ဘူကာယို ဆာကာ ၊ ပီပီနဲ႔ အူဘာမီးယန္း တို႔နဲ႔ဆို ေကာင္းမွာပါ။ ဒါက အာဆင္နယ္ အတြက္ လြယ္ကူၿပီး ႐ိုးရွင္းပါတယ္။

မန္ယူ မွာေရာ ဘယ္သူေတြ ျဖစ္မလဲ.. ရက္ရွ္ဖို႔ဒ္ မပါ။ မာရွယ္က အဆင္သင့္ ျဖစ္ရဲ႕လား.. မန္ယူ ဟာ စေကာ့မက္ ေတာ္မီေနး၊ ေပါ့ဘာ တို႔နဲ႔ အတူ ကြင္းလယ္ကို လႊမ္းမိုးဖို႔ ႀကိဳးစားပါလိမ့္မယ္။ လီဗာပူး ကို အန္ဖီးမွာ ရင္ဆိုင္ရာမွာ ပီပီနဲ႔ အူဘာမီးယန္း တို႔ဟာ အခြင့္အေရး ေတြ ရခဲ့ၿပီး ယူႏိုက္တက္ နဲ႔ ပြဲမွာလဲ အခြင့္အေရး ေတြ ရခဲ့ရင္ အသုံးခ်ႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ မန္ယူ ရဲ႕ အားနည္းတဲ့ တိုက္စစ္ေၾကာင့္ အာဆင္နယ္ ခံစစ္ အတြက္ ပိုလြယ္ကူေစမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ မန္ယူ 1-2 အာဆင္နယ္

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ရှက်ဖီးယူနိုက်တက် Vs လီဗာပူး

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ညနေ ၆ နာရီ

ရှက်ဖီးဟာ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်အိမ်ကွင်းမှာ အထင်ကြီးစရာ ကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတွေရဖို့အတွက်တော့ ရုန်းကန် ခဲ့ရပါတယ်။ သူတို့ဟာ ကျင့်သားရနေပြီး စည်းစည်းလုံးလုံး ရှိကြတယ်။ တောင်ပံခံစစ် နှစ်ယောက်က အရှေ့တက်လာပြီး ဧရိယာထဲမှာ ဗဟိုခံစစ်ကိုတောင် မြင်ရတယ်။ လီဗာပူးက ချယ်ဆီးနဲ့ ကစားခဲ့တဲ့အတိုင်း ကစားနိုင်ပါတယ်။ ရှက်ဖီးက သူတို့ကို ရင်ဆိူင်ရမှာဖြစ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် မာနေးနဲ့ ဆာလက်ရဲ့ အရှိန်အဟုန် နဲ့ စကေးအပြင် ရော်ဘတ်တိုဖာမီနို ကိုပါ သူတို့ စိုးရိမ်ဖို့ လိုပါတယ်။ လီဗာပူးက ပွဲကို ဖြည်းဖြည်းချင်း အသာစီး ယူသွားမှာပါပဲ။

ချာလီ ခန့်မှန်းရလဒ်။ ။ ရှက်ဖီး 1-3 လီဗာပူး

ချယ်ဆီး Vs ဘရိုက်တန်

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ

ချယ်ဆီး မှာ လူငယ်ကြယ်ပွင့်တွေက တောက်ပနေတယ်။ Grimsby နဲ့ပွဲမှာ သူတို့ဟာ အခွင့်အရေး ရခဲ့ကြပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အိုဒွိုင်း ကလဲ ဂိုးသွင်းနိူင်ခဲ့ပါတယ်။အရာအားလုံးက အဆင်ပြေပုံပါပဲ။ဒါပေမယ့် နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာ ရှုံးထားတာကို အမှတ်ရဖို့ လိုပါတယ်။ သူတို့က ဇယားအလည်မှာ ရှိနေပြီး ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ ဂရေဟမ် ပေါ်တာက တာထွက်ကောင်းကို ရရှိခဲ့ပြီး ပျော်စရာ ဖြစ်ခဲ့ပေမယ့် လီရန်ဒရိုက ဒဏ်ရာရနေတယ်။ နော့ကတ်ကလဲ မရှိတော့ဘူး။ တန်မီအေဗရာဟမ် ရဲ့ အရှိန်အဟုန်က သူတို့ကို ဒုက္ခဖြစ်စေပါလိမ့်မယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-1 ဘရိုက်တန်

တော့တင်ဟမ် စပါး Vs ဆောက်သမ်တန်

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ

ဆောက်သမ်တန်က အနိူင်ရဖို့ လိုအပ်ခဲ့တဲ့ ဒါဘီပွဲမှာ ပို့စ်မောက်ကို အနိူင်ရခဲ့တယ်။ ဒါပေမယ့် တော့တင်ဟမ် မှာ ပြဿနာတွေ ရှိနေတယ်။ ပထမဆုံး အကြိမ်အနေနဲ့ ပိုချက်တီနိုက ဒါဟာ ပျော်စရာမကောင်းဘူးလို့ တွေးနေတယ်။ ဒါပေမယ့် အနိုင်ရဖို့ လိုအပ်ပြီး နိူင်လဲနိူင်ပါလိမ့််မယ်။ စီးတီး၊ လီဗာပူး ကို မမီပေမယ့် သူတို့က ထိပ်ဆုံးလေးနေရာအတွက် တိုက်ပွဲဝင်ဖို့ မျှော်လင့်ပါတယ်။ချီအဒမ်က ရုန်းကန်နေရပြီး နည်းပြက သူ့ကို ကစားစေချင်နေမှာပါ။ကျနော်သာဆိုရင်တော့ သူ့ကို ထားထားပြီး နေသန်ရက်မွန်ကို သုံးမှာပါ။အကြိတ်အနယ် ရှိမှာ ဖြစ်ပေမယ့် တော့တင်ဟမ် ကပဲ အနိုင်ရသွားပါလိမ့်မယ်။ ပထမ မိနစ်၂၀ လောက်မှာပဲ သူတို့ ဂိုးရသွားနိုင်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် 2-0 ဆောက်သမ်တန်

အဲဗာတန် Vs မန်စီးတီး

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့ ည ၁၁း၀၀ နာရီ

မာကိုဆေးဗားဟာ ရှက်ဖီးဝမ်းနက်စ်ဒေးနဲ့ပွဲမှာ ရလဒ်ကောင်း ရခဲ့ပေမယ့် ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်နေပါတယ်။ မွိုက်စ်ကိန်းကို ခေါ်ယူခဲ့ပေမယ့် သူက အတော်နည်းပါးတဲ့ စွမ်းဆောင်ရည်ပဲ ပေးနိူင်ခဲ့ပါတယ်။ ရစ်ချာလီဆန်က တစ်ခါတစ်လေဆို စိတ်ဝင်စားပုံ မရှိနေပဲ ပီအက်စ်ဂျီကို ဂူရီ ရောက်သွားတာက ကြီးမားတဲ့ ထိူးနှက်မှု ဖြစ်ခဲ့တယ်။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ သူတို့ဟာ သီယိုဝဲကော့နဲ့ တိုဆန်တို့ကို ထည့်ပြီး အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဘားနက်ကို ထူတ်ခဲ့တာ အဆင်မပြေခဲ့ပါဘူး။ စီးတီးက ဘောလူံးပိုင်ဆိုင်မှုကို ထိန်းသိမ်းပြီး အဲဗာတန်ကို ဆက်တိုက် ခြိမ်းခြောက်ပါလိမ့်မယ်။ ဒီဘရိုင်း ၊ ဘာနာဒို ဆေးဗား၊ အဂွဲရိုးနဲ့ ဂျီးဆုတို့ အားလုံးက ဂိုးတွေ သွင်းတယ်။ နောဝစ်ချ်နဲ့ ပွဲက ရှက်စရာ အဖြစ်ကို လှလှပပ ပြန်ချေပနိုင်ခဲ့တာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1-3 စီးတီး

မန်ချက်စတာ ယူနိုက်တက် Vs အာဆင်နယ်

အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့ မနက် ၁း၃၀ နာရီ

ခံစစ်ဆိုးဝါးတဲ့ နှစ်သင်း တွေ့ဆုံမှုပါ။ မန်ယူ မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ယောက်ဖြစ်တဲ့ ဒီဂီယာ ရှိပြီး ဈေးအကြီးဆုံး ပေါင် သန်း ၈၀တန် မက်ဂွဲရား လဲ ရှိတယ်။ ဒါတောင် ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ဘယ်လာရင် ကတော့ နော်တင်ဟမ် ဖောရတ်နဲ့ပွဲမှာ အနည်းငယ်သာ ကစားပြခဲ့တယ်။ မိတ်လန်းနိုင်း က ဆိုင်းငံ့ခံထားရပြီး အမ်မရီက သူနဲ့ပတ်သက်လို့ သတိထားနေရပေမယ့် ဘယ်လာရင်ကို သုံးသင့်တယ်လို့ ထင်ပါတယ်။တီရာနေးကိုလဲ သုံးသင့်ပေမယ့် ရော့ဘ်ဟိုးဒင်း က လွဲချော်မယ် ထင်ပါတယ်။ ဂရန်းနစ် ရှာခါ၊ တော်ရဲရားနဲ့ ဂွမ်ဒူဇီ တို့ ပါဝင်နိုင်ပါတယ်။ ဆီဘာယော့စ်၊ ဘူကာယို ဆာကာ ၊ ပီပီနဲ့ အူဘာမီးယန်း တို့နဲ့ဆို ကောင်းမှာပါ။ ဒါက အာဆင်နယ် အတွက် လွယ်ကူပြီး ရိုးရှင်းပါတယ်။

မန်ယူ မှာရော ဘယ်သူတွေ ဖြစ်မလဲ.. ရက်ရှ်ဖို့ဒ် မပါ။ မာရှယ်က အဆင်သင့် ဖြစ်ရဲ့လား.. မန်ယူ ဟာ စကော့မက် တော်မီနေး၊ ပေါ့ဘာ တို့နဲ့ အတူ ကွင်းလယ်ကို လွှမ်းမိုးဖို့ ကြိုးစားပါလိမ့်မယ်။ လီဗာပူး ကို အန်ဖီးမှာ ရင်ဆိုင်ရာမှာ ပီပီနဲ့ အူဘာမီးယန်း တို့ဟာ အခွင့်အရေး တွေ ရခဲ့ပြီး ယူနိုက်တက် နဲ့ ပွဲမှာလဲ အခွင့်အရေး တွေ ရခဲ့ရင် အသုံးချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ မန်ယူ ရဲ့ အားနည်းတဲ့ တိုက်စစ်ကြောင့် အာဆင်နယ် ခံစစ် အတွက် ပိုလွယ်ကူစေမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ မန်ယူ 1-2 အာဆင်နယ်

Myan News