ခ်ယ္ဆီးအသင္းသားေဟာင္း အိုင္ဗန္ႏိုဗစ္က ကလပ္အသင္းဟာ ထိပ္တန္းအဆင့္ေတြကို ျပန္ေရာက္ႏုိင္ဖို႔ရာ အျခားေသာ ၾကိဳးစားမႈေတြအျပင္ ကလပ္အသင္းပိုင္ရွင္ရဲ႕ အားေပးေထာက္ခံမႈနဲ႔အတူ စတမ္းဖိုဒ့္ဘရစ္မွာ လာေရာက္အားေပးဖို႔ အေရးၾကီးတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေရးဆိုင္ရာ ကိစၥေတြေၾကာင့္ အဂၤလန္မွာ ျပည္ဝင္ခြင့္ ပိတ္ခံထားရတဲ့ ေအဘရာမိုဗစ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ပြဲေတြကို လာေရာက္ မၾကည့္ႏုိင္ခဲ့တာ ၾကာခဲ့ပါျပီ။ သူက ကလပ္အသင္း တာဝန္ရွိသူေတြနဲ႔ ဖုန္းအဆက္အသြယ္ လုပ္ေပမယ့္လို႔ ခ်ယ္ဆီးအေပၚထားတဲ့ စိတ္ေတြက အရင္ႏွစ္ေတြကလို မဟုတ္ေတာ့ပဲ ျဖစ္ႏုိင္မယ္ဆိုရင္ ေရာင္းထုတ္လိုေနတယ္လို႔လည္း သတင္းထြက္ေနခဲ့တယ္။

မန္ေနဂ်ာေဟာင္း ဆာရီတုန္းက ေအဘရာမိုဗစ္နဲ႔ အၾကိမ္အနည္းငယ္ ေတြ႔ဆံုခြင့္ရခဲ့သလို မန္ေနဂ်ာသစ္ လမ္းပတ္ကလည္း အသင္းပိုင္ရွင္နဲ႔ ေတြ႔ဆံုထားဖူးတယ္လို႔ သတင္းထြက္ထားပါတယ္။ ကလပ္အသင္းအေပၚ အသင္းပိုင္ရွင္ စိတ္ျပန္လွည္လာဖို႔ကလည္း ကလပ္အသင္း ေအာင္ျမင္ဖို႔မွာ အဓိကက်ပါေၾကာင္း အိုင္ဗန္ႏိုဗစ္က တိုက္တြန္းစကား ေျပာဆိုခဲ့ပါတယ္။

အိုင္ဗန္ႏိုဗစ္ က ” ခ်ယ္ဆီးက အသင္းသစ္သတင္း ျဖစ္လာခဲ့ပါျပီ။ သူတို႔ဟာျပီးခဲ႔တဲ႔ရာသီမွာ ျပီးျပည့္စံုတဲ့ အေနအထား မဟုတ္ခဲ့ေပမယ့္ အမွတ္ေပးဇယား တတိယရေနရာရခဲ့တယ္။ ကလပ္အသင္းက အသင္းပိုင္ရွင္ရဲ႕ ျပန္လာျပီး အားေပးေထာက္ခံမႈ လိုအပ္ေနပါတယ္။ ဒါက ပရိသတ္ေတြအတြက္လည္း အေရးၾကီးပါတယ္။ သူ႔ကို စတမ္းဖိုဒ့္ဘရစ္မွာ ျမင္လိုၾကမွာပါ။ သူ႔ရဲ႕ ေထာက္ခံမႈနဲ႔ဆိုရင္ ခ်ယ္ဆီးက ထိပ္တန္းတစ္သင္းျပန္ျဖစ္လာမွာပါ။

က်ေနာ္ရဲ႕ ကစားသမားဘဝမွာေတာ့ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္က အေရးပါတ့ဲသူျဖစ္ခဲ့ျပီး သူလုပ္ေဆာင္ေပးမႈေတြကိုလည္း ေလးစားမိပါတယ္။ ခ်ယ္ဆီးမွာ အခက္အခဲေတြ ရင္ဆုိင္ရတိုင္း သူက ယံုၾကည္မႈေပးခဲ့တယ္။ သူ႔အေပၚမွာ အေၾကြးေတြအမ်ားၾကီး ရွိေနပါေသးတယ္ ” လို႔ ေျပာဆိုသြားတာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်းသားဟောင်း အိုင်ဗန်နိုဗစ်က ကလပ်အသင်းဟာ ထိပ်တန်းအဆင့်တွေကို ပြန်ရောက်နိုင်ဖို့ရာ အခြားသော ကြိုးစားမှုတွေအပြင် ကလပ်အသင်းပိုင်ရှင်ရဲ့ အားပေးထောက်ခံမှုနဲ့အတူ စတမ်းဖိုဒ့်ဘရစ်မှာ လာရောက်အားပေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကြောင့် အင်္ဂလန်မှာ ပြည်ဝင်ခွင့် ပိတ်ခံထားရတဲ့ အေဘရာမိုဗစ်ဟာ ချယ်ဆီးအသင်းရဲ့ပွဲတွေကို လာရောက် မကြည့်နိုင်ခဲ့တာ ကြာခဲ့ပါပြီ။ သူက ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်ပေမယ့်လို့ ချယ်ဆီးအပေါ်ထားတဲ့ စိတ်တွေက အရင်နှစ်တွေကလို မဟုတ်တော့ပဲ ဖြစ်နိုင်မယ်ဆိုရင် ရောင်းထုတ်လိုနေတယ်လို့လည်း သတင်းထွက်နေခဲ့တယ်။

မန်နေဂျာဟောင်း ဆာရီတုန်းက အေဘရာမိုဗစ်နဲ့ အကြိမ်အနည်းငယ် တွေ့ဆုံခွင့်ရခဲ့သလို မန်နေဂျာသစ် လမ်းပတ်ကလည်း အသင်းပိုင်ရှင်နဲ့ တွေ့ဆုံထားဖူးတယ်လို့ သတင်းထွက်ထားပါတယ်။ ကလပ်အသင်းအပေါ် အသင်းပိုင်ရှင် စိတ်ပြန်လှည်လာဖို့ကလည်း ကလပ်အသင်း အောင်မြင်ဖို့မှာ အဓိကကျပါကြောင်း အိုင်ဗန်နိုဗစ်က တိုက်တွန်းစကား ပြောဆိုခဲ့ပါတယ်။

အိုင်ဗန်နိုဗစ် က ” ချယ်ဆီးက အသင်းသစ်သတင်း ဖြစ်လာခဲ့ပါပြီ။ သူတို့ဟာပြီးခဲ့တဲ့ရာသီမှာ ပြီးပြည့်စုံတဲ့ အနေအထား မဟုတ်ခဲ့ပေမယ့် အမှတ်ပေးဇယား တတိယရနေရာရခဲ့တယ်။ ကလပ်အသင်းက အသင်းပိုင်ရှင်ရဲ့ ပြန်လာပြီး အားပေးထောက်ခံမှု လိုအပ်နေပါတယ်။ ဒါက ပရိသတ်တွေအတွက်လည်း အရေးကြီးပါတယ်။ သူ့ကို စတမ်းဖိုဒ့်ဘရစ်မှာ မြင်လိုကြမှာပါ။ သူ့ရဲ့ ထောက်ခံမှုနဲ့ဆိုရင် ချယ်ဆီးက ထိပ်တန်းတစ်သင်းပြန်ဖြစ်လာမှာပါ။

ကျနော်ရဲ့ ကစားသမားဘဝမှာတော့ အသင်းပိုင်ရှင် အေဘရာမိုဗစ်က အရေးပါတဲ့သူဖြစ်ခဲ့ပြီး သူလုပ်ဆောင်ပေးမှုတွေကိုလည်း လေးစားမိပါတယ်။ ချယ်ဆီးမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း သူက ယုံကြည်မှုပေးခဲ့တယ်။ သူ့အပေါ်မှာ အကြွေးတွေအများကြီး ရှိနေပါသေးတယ် ” လို့ ပြောဆိုသွားတာဖြစ်ပါတယ်။