ဒီရက္ေတြထဲမွာ အာဆင္နယ္ရဲ႕ အသင္းေခါင္းေဆာင္တာဝန္ ေပးအပ္မယ့္သတင္းက ေရပန္းစားသတင္းျဖစ္လာေနျပီး အဆိုပါ ကိစၥနဲ႔ ပက္သက္လို႔ အာဆင္နယ္ကစားသမား ဟိုးဒင္းက ထုတ္ေျပာမႈတစ္ခု လုပ္လာခဲ့ပါတယ္။

ဟိုးဒင္းဟာ ေနာ္တင္ဟမ္ေဖာရတ္နဲ႔ ပြဲမွာ အိုေဇးနဲ႔ လူစားလဲၿပီးေနာက္ ေနာက္ဆုံးမိနစ္ႏွစ္ဆယ္အတြင္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခဲ့ရပါတယ္။ ဒါက သူ႔အတြက္ ဂုဏ္ယူစရာ အခိုက္အတန္႔ တစ္ခု ျဖစ္ခဲ့ၿပီး ဒါကို ေနာက္ထပ္ အခြင့္အေရး ရရင္လဲ လိုခ်င္ပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

” အရင္ပတ္က က်ေနာ္တို႔ မဲေပးခဲ့ၾကၿပီး ဘယ္သူေတြ ျဖစ္လာမလဲဆိုတာ က်ေနာ္တို႔ သိရေတာ့မွာပါ။ နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကို ဘယ္ခ်ိန္​ေၾကညာမလဲဆိုတာေတာ့ မသိဘူး။ ေနာက္ ရက္အနည္းငယ္အတြင္း ဒါမွမဟုတ္ ရက္သတၱပတ္ အနည္းငယ္ အတြင္းလို႔ေတာ့ ထင္တယ္။ ေသခ်ာေတာ့ မသိဘူး။ က်ေနာ္သာ ျဖစ္မယ္ဆိုရင္ေတာ့ ဂုဏ္ယူၿပီး ေပ်ာ္မိမွာပါ။ ” လို႔ ဗဟိုေနာက္ခံလူ ေရာ့ဘ္ဟိုးဒင္းက ေျပာပါတယ္။

ဟိုးဒင္းကေတာ့ သူဟာ အာဆင္နယ္ရဲ႔ အသင္းေခါင္းေဆာင္ တာဝန္ကို ရယူလိုတယ္ဆိုတာ ဖုန္းကြယ္ မထားခဲ့ပါဘူး။ လူးဝစ္နဲ႔တြဲျပီး ခံစစ္မွာ အဓိက ပြဲထြက္ရမယ့္သူလို႔ ခန္႔မွန္းခ်က္ေတြရွိလို႔ သူကလည္း ပံုမွန္ပြဲထြက္ခြင့္ေၾကာင့္ အသင္းေခါင္းေဆာင္တာဝန္ကို အျပည့္အဝ ရႏုိင္မယ့္သူတစ္ဦး ျဖစ္ပါတယ္။

“က်ေနာ္ အသင္းေခါင္းေဆာင္ တစ္ေယာက္ ျဖစ္ခ်င္တယ္။ အာဆင္နယ္ ရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္ရတာ မယုံႏိုင္စရာပါပဲ။ ႀကီးက်ယ္တဲ့ ခံစားမႈမ်ိဳးပါ။ ေနာက္ ရက္သတၱပတ္ အနည္းငယ္ မွာ ဘာျဖစ္မလဲဆိုတာ က်ေနာ္တို႔ ျမင္ရေတာ့မွာပါ။ က်ေနာ္ ရရင္ေတာ့ ေပ်ာ္တာထက္ကို ပိုပါလိမ့္မယ္။

ေဖာရတ္နဲ႔ပြဲမွာ ဒုတိယ အသင္းေခါင္းေဆာင္ လုပ္ရမယ္ေျပာေတာ့ ဂုဏ္ယူစရာ ​ျဖစ္ခဲ့တယ္။ မီဆြတ္အိုေဇး ထြက္လာေတာ့ က်ေနာ္ အသင္းေခါင္းေဆာင္ လက္ပတ္ ရေတာ့မယ္ဆိုတာ သိခဲ့တယ္။ ဒါေၾကာင့္ အဲ့ဒါက က်ေနာ့္အတြက္ ႀကီးက်ယ္တဲ့ အခိုက္အတန္႔ တစ္ခု ျဖစ္ခဲ့ပါတယ္။ ” လို႔ ဆိုသြားခဲ့ပါတယ္။

UNICODE

ဒီရက်တွေထဲမှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တာဝန် ပေးအပ်မယ့်သတင်းက ရေပန်းစားသတင်းဖြစ်လာနေပြီး အဆိုပါ ကိစ္စနဲ့ ပက်သက်လို့ အာဆင်နယ်ကစားသမား ဟိုးဒင်းက ထုတ်ပြောမှုတစ်ခု လုပ်လာခဲ့ပါတယ်။

ဟိုးဒင်းဟာ နော်တင်ဟမ်ဖောရတ်နဲ့ ပွဲမှာ အိုဇေးနဲ့ လူစားလဲပြီးနောက် နောက်ဆုံးမိနစ်နှစ်ဆယ်အတွင်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ရပါတယ်။ ဒါက သူ့အတွက် ဂုဏ်ယူစရာ အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပြီး ဒါကို နောက်ထပ် အခွင့်အရေး ရရင်လဲ လိုချင်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

” အရင်ပတ်က ကျနော်တို့ မဲပေးခဲ့ကြပြီး ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ သိရတော့မှာပါ။ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဘယ်ချိန်ကြေညာမလဲဆိုတာတော့ မသိဘူး။ နောက် ရက်အနည်းငယ်အတွင်း ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ် အတွင်းလို့တော့ ထင်တယ်။ သေချာတော့ မသိဘူး။ ကျနော်သာ ဖြစ်မယ်ဆိုရင်တော့ ဂုဏ်ယူပြီး ပျော်မိမှာပါ။ ” လို့ ဗဟိုနောက်ခံလူ ရော့ဘ်ဟိုးဒင်းက ပြောပါတယ်။

ဟိုးဒင်းကတော့ သူဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ရယူလိုတယ်ဆိုတာ ဖုန်းကွယ် မထားခဲ့ပါဘူး။ လူးဝစ်နဲ့တွဲပြီး ခံစစ်မှာ အဓိက ပွဲထွက်ရမယ့်သူလို့ ခန့်မှန်းချက်တွေရှိလို့ သူကလည်း ပုံမှန်ပွဲထွက်ခွင့်ကြောင့် အသင်းခေါင်းဆောင်တာဝန်ကို အပြည့်အဝ ရနိုင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။

“ကျနော် အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်ချင်တယ်။ အာဆင်နယ် ရဲ့ အသင်းခေါင်းဆောင် ဖြစ်ရတာ မယုံနိုင်စရာပါပဲ။ ကြီးကျယ်တဲ့ ခံစားမှုမျိုးပါ။ နောက် ရက်သတ္တပတ် အနည်းငယ် မှာ ဘာဖြစ်မလဲဆိုတာ ကျနော်တို့ မြင်ရတော့မှာပါ။ ကျနော် ရရင်တော့ ပျော်တာထက်ကို ပိုပါလိမ့်မယ်။

ဖောရတ်နဲ့ပွဲမှာ ဒုတိယ အသင်းခေါင်းဆောင် လုပ်ရမယ်ပြောတော့ ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။ မီဆွတ်အိုဇေး ထွက်လာတော့ ကျနော် အသင်းခေါင်းဆောင် လက်ပတ် ရတော့မယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် အဲ့ဒါက ကျနော့်အတွက် ကြီးကျယ်တဲ့ အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။