ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာတော့ ချယ်ဆီးဟာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နေရာကောင်းမှာ ဆက်ရှိနေဖို့ အနိုင်ရလဒ်ကို ရယူနိုင်ရမှာဖြစ်ပါတယ်။

စကိုင်းစပေါ့မှ အားကစား သုံးသပ်နဲ့ ခန့်မှန်းသူ ချာလီ နီကိုးလက်စ်က နယူးကာဆယ်ဟာ ခံစစ်ကို အထိုင်ထားပြီး ပြိုင်ဘက် အသင်းကောင်းတွေကို စိတ်ပျက်စရာ ရလဒ်တွေ ပေးတတ်တဲ့ အသင်းလို့ သုံးသပ်ခဲ့ပြီး ချယ်ဆီးအနေနဲ့ ပြိုင်ဘက်ကို အနိုင်ရလိုရင် ပွဲအစောပိုင်းတွေမှာ သွင်းဂိုး ရယူထားဖို့ လိုအပ်မယ်လို့ သတိပေးခဲ့ပါတယ်။

စကိုင်းရဲ့ ချာလီက ” နယူးကာဆယ်က စပါးကို အနိုင်ရထားတာကို လူတွေက မေးခွန်းထုတ်ခဲ့ကြတယ်။ အဲ့သည်နောက် သူတို့က ယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တယ် ဒါက အံ့အားချီးကျူးဖွယ်ကိစ္စ မဟုတ်ပါဘူး။ စတိဗ်ဘရုစ်က ဒါက သူတို့ လုပ်နိုင်တဲ့ ကိစ္စလို့ ပြောပါတယ်။

ချယ်ဆီးက လူငယ်စတားတွေနဲ့ ကစားပုံကောင်းတယ်။ ဒါပေမယ့် ဒီရာသီမှာ ချယ်ဆီးက ရိုလာကိုစတာလို အနေအထားကို ကျော်ဖြတ်နေရပြီး လီဗာပူး အစောတုန်းက ပုံစံလို အနေအထားတွေကို သူတို့ ကျော်ဖြတ်နေရတာဖြစ်တယ်။ ခံစစ်ကို အထိုင်ကစားပြီး ခြိမ်းခြောက်မှု အများကြီး မလုပ်တဲ့ အသင်းတွေက ချယ်ဆီးကို စိတ်ပျက်စရာ ရလဒ်တွေ ထွက်ပေါ်စေဖို့ ကြိုးစားကြတယ်။

နယူးကာဆယ်က အဲ့လိုတွေ ကြိုးစားနေပြီး စပါးနဲ့ပွဲမှာ အောင်မြင်ခဲ့တယ်။ သူတို့က အဲ့သည်လို ကစားတဲ့ အသင်းပါပဲ။ ချယ်ဆီးက အကောင်းဆုံး ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမပိုင်း ၁၀ မိနစ်မှာ နယူးကာဆယ်ကို ဂိုးမသွင်းနိုင်ဘူးဆိုရင် သူတို့ ပွဲကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။ ပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ကျနော် ထင်တယ် ” လို့ သုံးသပ်သွားခဲ့တယ်။

ချယ်ဆီးနဲ့ နယူးကာဆယ်ပွဲ ပွဲရလဒ်အဖြစ်တော့ ချာလီက အိမ်ရှင်ကပဲ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ကပ်နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ မွာေတာ့ ခ်ယ္ဆီးဟာ နယူးကာဆယ္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနရာေကာင္းမွာ ဆက္ရွိေနဖို႔ အႏုိင္ရလဒ္ကို ရယူႏုိင္ရမွာျဖစ္ပါတယ္။

စကိုင္းစေပါ့မွ အားကစား သံုးသပ္နဲ႔ ခန္႔မွန္းသူ ခ်ာလီ နီကိုးလက္စ္က နယူးကာဆယ္ဟာ ခံစစ္ကို အထိုင္ထားျပီး ျပိဳင္ဘက္ အသင္းေကာင္းေတြကို စိတ္ပ်က္စရာ ရလဒ္ေတြ ေပးတတ္တဲ့ အသင္းလို႔ သံုးသပ္ခဲ့ျပီး ခ်ယ္ဆီးအေနနဲ႔ ျပိဳင္ဘက္ကို အႏုိင္ရလိုရင္ ပြဲအေစာပိုင္းေတြမွာ သြင္းဂိုး ရယူထားဖို႔ လိုအပ္မယ္လို႔ သတိေပးခဲ့ပါတယ္။

စကိုင္းရဲ႕ ခ်ာလီက ” နယူးကာဆယ္က စပါးကို အႏုိင္ရထားတာကို လူေတြက ေမးခြန္းထုတ္ခဲ့ၾကတယ္။ အဲ့သည္ေနာက္ သူတို႔က ယူႏုိက္တက္ကို အိမ္ကြင္းမွာ အႏုိင္ယူခဲ့တယ္ ဒါက အံ့အားခ်ီးက်ဴးဖြယ္ကိစၥ မဟုတ္ပါဘူး။ စတိဗ္ဘရုစ္က ဒါက သူတို႔ လုပ္ႏုိင္တဲ့ ကိစၥလို႔ ေျပာပါတယ္။

ခ်ယ္ဆီးက လူငယ္စတားေတြနဲ႔ ကစားပံုေကာင္းတယ္။ ဒါေပမယ့္ ဒီရာသီမွာ ခ်ယ္ဆီးက ရိုလာကိုစတာလို အေနအထားကို ေက်ာ္ျဖတ္ေနရျပီး လီဗာပူး အေစာတုန္းက ပံုစံလို အေနအထားေတြကို သူတို႔ ေက်ာ္ျဖတ္ေနရတာျဖစ္တယ္။ ခံစစ္ကို အထိုင္ကစားျပီး ျခိမ္းေျခာက္မႈ အမ်ားၾကီး မလုပ္တဲ့ အသင္းေတြက ခ်ယ္ဆီးကို စိတ္ပ်က္စရာ ရလဒ္ေတြ ထြက္ေပၚေစဖို႔ ၾကိဳးစားၾကတယ္။

နယူးကာဆယ္က အဲ့လိုေတြ ၾကိဳးစားေနျပီး စပါးနဲ႔ပြဲမွာ ေအာင္ျမင္ခဲ့တယ္။ သူတို႔က အဲ့သည္လို ကစားတဲ့ အသင္းပါပဲ။ ခ်ယ္ဆီးက အေကာင္းဆံုး ယွဥ္ျပိဳင္မွာျဖစ္ျပီး ပထမပိုင္း ၁၀ မိနစ္မွာ နယူးကာဆယ္ကို ဂိုးမသြင္းႏုိင္ဘူးဆိုရင္ သူတို႔ ပြဲကို လႊမ္းမိုးႏုိင္မွာ မဟုတ္ဘူး။ ပြဲက ခက္ခဲတဲ့ပြဲ ျဖစ္လာမယ္လို႔ က်ေနာ္ ထင္တယ္ ” လို႔ သံုးသပ္သြားခဲ့တယ္။

ခ်ယ္ဆီးနဲ႔ နယူးကာဆယ္ပြဲ ပြဲရလဒ္အျဖစ္ေတာ့ ခ်ာလီက အိမ္ရွင္ကပဲ ၂-၁ ဆိုတဲ့ ရလဒ္နဲ႔ ကပ္ႏုိင္သြားလိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့ပါတယ္။