အာဆင်နယ်ဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ရှက်ဖီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် နေရာကောင်းအပြင် အမှတ်ပေးဖလားကို စိန်ခေါ်မှုမှာ လီဗာပူး၊ မန်စီးတီးကို ဖိအားပေးဖို့ အနိုင်သုံးမှတ်ကို ရယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူနဲ့ ခန့်မှန်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂန်းနားဟောင်းကြီး ချာလီက ဒီပွဲနဲ့ ပက်သက်ပြီး ” အကောင်းဆုံး စမ်းသပ်ခံရတဲ့ ပွဲကောင်းပါပဲ။ ကျနော်က ရှက်ဖီးမန်နေဂျာရဲ့ အမာခံ ပရိသတ်ပါ။ သူတို့ရဲ့ လှုပ်အားနှုန်း ကောင်းကောင်းနဲ့ ပြင်းထန်တဲ့ ကစားဟန်ကို သဘောကျပါတယ်။ သူတို့က တိုက်စစ်ကို အကောင်းဆုံး လိုက်ပါ ကစားနိုင်ပြီး အာဆင်နယ်ရဲ့ ခံစစ်က လိုအပ်ချက်များတယ်။ ဒါက တကယ်ကို ကသိကအောက် ဖြစ်စရာပါပဲ။

ဒီပွဲမှာ ဒဏ်ရာရနေတဲ့ ဂန်းနားတိုက်စစ်မှူး လာကာဇက်တီ အရန်ခုံမှာ ထိုင်နေနိုင်မှာက ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ် ညာ အစွန်လူတွေဖြစ်တဲ့ ဘယ်လာရင်နဲ့ တီရာနေးတို့ ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာသင့်ပပါတယ်။ အာဆင်နယ်က တတိယနေရာကို ပစ်မှတ်ထားနေသင့်တာပါ။

အာဆင်နယ်က ကောင်တာတိုက်စစ်တွေ အကောင်းဆုံး ကစားနိုင်ပြီး ခံစစ်က မယုံရပေမယ့် အနိုင်ရဖို့တော့ မျှော်လင့်ထားပါတယ်။ ရှက်ဖီးက ဂိုးတွေအများကြီး မသွင်းထားပေမယ့် အာဆင်နယ်ကို ဂိုးသွင်းနိုင်ပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာ တနင်္လာနေ့ညပွဲ ဖြစ်လာမှာပါ ” လို့ သုံးသပ်မှု ပြုလုပ်သွားပါတယ်။

ချာလီက ရှက်ဖီးရဲ့ တိုက်စစ်ကစားနိုင်စွမ်းနဲ့ အာဆင်နယ်ရဲ့ ခံစစ်လိုအပ်ချက်တွေအရ အိမ်ရှင်အသင်းဟာ သွင်းဂိုးတွေ ရယူနိုင်မယ်လို့ မြင်နေတယ်။ ဒါပေမယ့်လို့ ထူးချွန်တဲ့ အာဆင်နယ်တိုက်စစ်က ပွဲကို အနိုင်ရဖို့ သွင်းဂိုးတွေ လုံလောက်စွာ ရယူနိုင်မှာဖြစ်ပြီး ပွဲကို ၃-၂ နဲ့ အာဆင်နယ်တို့ အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ ဒီအပတ္မွာ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ ရွက္ဖီးအသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေနရာေကာင္းအျပင္ အမွတ္ေပးဖလားကို စိန္ေခၚမႈမွာ လီဗာပူး၊ မန္စီးတီးကို ဖိအားေပးဖို႔ အႏုိင္သံုးမွတ္ကို ရယူဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

စကိုင္းစေပါ့မွာ ေဘာလံုးသံုးသပ္သူနဲ႔ ခန္႔မွန္းသူအျဖစ္ လုပ္ကိုင္ေနတဲ့ ဂန္းနားေဟာင္းၾကီး ခ်ာလီက ဒီပြဲနဲ႔ ပက္သက္ျပီး ” အေကာင္းဆံုး စမ္းသပ္ခံရတဲ့ ပြဲေကာင္းပါပဲ။ က်ေနာ္က ရွက္ဖီးမန္ေနဂ်ာရဲ႕ အမာခံ ပရိသတ္ပါ။ သူတို႔ရဲ႕ လႈပ္အားႏႈန္း ေကာင္းေကာင္းနဲ႔ ျပင္းထန္တဲ့ ကစားဟန္ကို သေဘာက်ပါတယ္။ သူတို႔က တိုက္စစ္ကို အေကာင္းဆံုး လိုက္ပါ ကစားႏုိင္ျပီး အာဆင္နယ္ရဲ႕ ခံစစ္က လိုအပ္ခ်က္မ်ားတယ္။ ဒါက တကယ္ကို ကသိကေအာက္ ျဖစ္စရာပါပဲ။

ဒီပြဲမွာ ဒဏ္ရာရေနတဲ့ ဂန္းနားတိုက္စစ္မွဴး လာကာဇက္တီ အရန္ခံုမွာ ထိုင္ေနႏုိင္မွာက ေကာင္းတဲ့ ကိစၥတစ္ခုပါပဲ။ ဘယ္ ညာ အစြန္လူေတြျဖစ္တဲ့ ဘယ္လာရင္နဲ႔ တီရာေနးတို႔ ဒီပြဲမွာ ပြဲထြက္လူစာရင္းကေန ပါဝင္လာသင့္ပပါတယ္။ အာဆင္နယ္က တတိယေနရာကို ပစ္မွတ္ထားေနသင့္တာပါ။

အာဆင္နယ္က ေကာင္တာတိုက္စစ္ေတြ အေကာင္းဆံုး ကစားႏုိင္ျပီး ခံစစ္က မယံုရေပမယ့္ အႏုိင္ရဖို႔ေတာ့ ေမွ်ာ္လင့္ထားပါတယ္။ ရွက္ဖီးက ဂိုးေတြအမ်ားၾကီး မသြင္းထားေပမယ့္ အာဆင္နယ္ကို ဂိုးသြင္းႏုိင္ပါလိမ့္မယ္။ စိတ္လႈပ္ရွားစရာ တနလၤာေန႔ညပြဲ ျဖစ္လာမွာပါ ” လို႔ သံုးသပ္မႈ ျပဳလုပ္သြားပါတယ္။

ခ်ာလီက ရွက္ဖီးရဲ႕ တိုက္စစ္ကစားႏုိင္စြမ္းနဲ႔ အာဆင္နယ္ရဲ႕ ခံစစ္လိုအပ္ခ်က္ေတြအရ အိမ္ရွင္အသင္းဟာ သြင္းဂိုးေတြ ရယူႏုိင္မယ္လုိ႔ ျမင္ေနတယ္။ ဒါေပမယ့္လို႔ ထူးခၽြန္တဲ့ အာဆင္နယ္တိုက္စစ္က ပြဲကို အႏုိင္ရဖို႔ သြင္းဂိုးေတြ လံုေလာက္စြာ ရယူႏုိင္မွာျဖစ္ျပီး ပြဲကို ၃-၂ နဲ႔ အာဆင္နယ္တို႔ အႏုိင္ရမယ္လို႔ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။