လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲကောင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးပွဲမှာ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာရှယ်နဲ့ လင်ဂတ်တို့ ပြန်လည်ပါဝင်လာဖို့ ကြံ့ခိုင်မှု ကောင်းမွန်နေကြောင်း မန်နေဂျာ ဆိုးရှားက ထုတ်ဖော်ပြောဆိုပါတယ်။

စပိန်က သတင်းများအရ လာလီဂါအင်အားကြီးကလပ် ဘာစီလိုနာက ယူနိုက်တက်မှ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဖရက်ဟာ ဆိုးရှားရဲ့ ယူနိုက်တက်မှာ ပွဲကစားခွင့် များများစားစား မရပေမယ့် ပြီးခဲ့တဲ့တဲ့ နွေက ပေါင် ၅၂ သန်း သုံး ခေါ်ယူခဲ့ရတဲ့ ကစားသမား အတွက် ယူနိုက်တက် တာဝန်ရှိသူတွေကတော့ အကောင်းမြင်ဆဲပါ။

ယူနိုက်တက် ခံစစ်မှူး ဒါလော့ပ်က အသင်းက ရတဲ့ ပထမဆုံးလစာ စုငွေနဲ့ ၄င်းရဲ့ အသင်းဟောင်း Fintas Football School အတွက် အသင်းဘတ်စ်ကားသစ် လက်ဆောင် ၀ယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆိုးရှားက ယူနိုက်တက် စောင့်မျှော်နေတဲ့ လိုအပ်နေတဲ့ လူ ဖြစ်ပြီး ၄င်းကပဲ ယူနိုက်တက် အမြဲတမ်းမန်နေဂျာ ရာထူး ရသင့်တယ်လို့ ဆိုးရှားရဲ့ နော်ဝေအသင်းဖော်ဟောင်း Brede Hangeland က ထောက်ခံပြောကြားလိုက်ပါတယ်။

မားကပ် ရက်ဖို့ဒ် တောက်ပလာတာကြောင့် အသင်းတိုက်စစ်မှာ လူကာကူနေရာ ဖယ်ပေးလိုက်ရတာ ဖြစ်ပြီး လာမယ့်နွေမှာ ယူနိုက်တက်ကနေ ထွက်မသွားဘူး ဆိုရင် အံ့အားသင့်စရာ ဖြစ်မယ်လို့ စကိုင်းစပေါ့မှ ကလောင်ရှင် ဒန်နီ ဟစ်ဂင်ဘိုသမ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

နယူးကာဆယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်း ခံထားရတဲ့ အာမီရွန်ဟာ ငှက်ကြားတွေထံ မပြောင်းရွှေ့ခင်က ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရကြောင်း ကစားသမားရဲ့ အေးဂျန့်က ထုတ်ဖော်ပြောဆိုပါတယ်။