ချယ်ဆီးအသင်းမှာ အစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ စပိန်အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်ထားခြင်း ခံလာရနိုင်ကြောင်း မောင့်ရဲ့ အသင်းဖော်ဟောင်း မစ်ချယ် ဗန် ဘာဂန်က ဒီတလောမှာ ပြောကြားထားပါတယ်။ ဒီအပေါ် မေဆန်မောင့်က ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်လာပါတယ်။

အသက် ၂၀ သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း လျင်လျင်မြန်မြန်ပဲ ခြေစွမ်းတောက်ပလာသူ ဖြစ်ကာ Vitesse အသင်းဖော်ဟောင်းက မောင့်ရဲ့ ခြေစွမ်းဟာ စပိန်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။ မေဆန်မောင့်က ပြီးခဲ့တဲ့ရာသီ ဒါဘီအသင်းမှာ အငှားထွက်ကစားရင်း နည်းပြ လမ်းပတ်ရဲ့ လမ်းညွှန်မှုတွေနဲ့ မြန်မြန်တိုးတက်လာခဲ့ကာ ဒီရာသီ ချယ်ဆီးအသင်းမှာလည်း လမ်းပတ် အားထားရတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့် မေဆန်မောင့်ကတော့ အခြား ကလပ်အသင်းကြီးတွေကို စိတ်မဝင်စားဘဲ အနောက်လန်ဒန်ကလပ် အတွက်သာ အပြည့်အ၀ အာရုံစိုက်ထားကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

” ကျနော် မစ်ချယ်ပြောတာ တွေ့ပါတယ်။ သူနဲ့ ကျနော်နဲ့က ရင်းရင်းနှီးနှီးဘော်ဒါတွေပါ။ သူကလည်း ကစားသမားကောင်း ဖြစ်တယ်။ ဒါပေမယ့် ကျနော်က လက်ရှိ အချိန်မှာ ချယ်ဆီးအသင်းအတွက် အာရုံစိုက်ထားတယ်။ ဒီနှစ်က ကျနော့်ရဲ့ ပထမနှစ်။ ဒါကြောင့် အဝေးကြီးကိုလည်း ကျနော် မစဉ်းစားဘူး။ ” အခု ကျနော် စဉ်းစားတာက နောက်တစ်ပွဲ အတွက်။ ဒါမျိုး တစ်ခုချင်းပဲ ကျနော် တွေးတယ်။” လို့ မောင့်က ဆိုပါတယ်။

မေဆန် မောင့်ရဲ့ အသင်းဖော်ဟောင်း မစ်ချယ် ဗန် ဘာဂန်က မောင့်ဟာ ဥရောပ ထိပ်သီးအသင်းကြီးတွေကို ကိုယ်စားပြု ကစားနိုင်တဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ ချီးကျူးထားခဲ့တာပါ။

” မေဆန်က လုံး၀ ထိပ်ဆုံးကို ရောက်မယ့် ကစားသမားပါ။ ပရီးမီးယားလိဂ်မှာ သူက ကစားသမားကောင်း ဖြစ်လာပါမယ် ဒါပေမယ့် တချိန်မှာ သူက ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို ရောက်သွားလိမ့်မယ် ထင်တယ်။ သူက အဲဒီလိုအသင်းတွေနဲ့ ကိုက်ညီပါတယ်။ ” လို့ ပြောဆိုထားခဲ့တာပါ။

လောလောဆယ်မှာတော့ မေဆန်မောင့်က ချယ်ဆီးနဲ့ ကာလရှည် သက်တမ်း ကျန်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ နွေကမှ ချယ်ဆီးနဲ့ ၅ နှစ် သက်တမ်းတိုးထားတဲ့ မောင့်က ဒီရာသီ ချယ်ဆီးအသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားထားကာ အားထားရတဲ့ ကစားသမား ဖြစ်နေပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းမွာ အစြမ္းျပေနတဲ့ ကြင္းလယ္ကစားသမား ေမဆန္ေမာင့္ဟာ စပိန္အင္အားၾကီးကလပ္ေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ရဲ႕ ပစ္မွတ္ထားျခင္း ခံလာရနိုင္ေၾကာင္း ေမာင့္ရဲ႕ အသင္းေဖာ္ေဟာင္း မစ္ခ်ယ္ ဗန္ ဘာဂန္က ဒီတေလာမွာ ေျပာၾကားထားပါတယ္။ ဒီအေပၚ ေမဆန္ေမာင့္က ျပန္လည္ တုန္႔ျပန္မႈေတြ ျပဳလုပ္လာပါတယ္။

အသက္ ၂၀ သာ ရွိေသးတဲ့ ကြင္းလယ္ကစားသမားေလးဟာ ျပီးခဲ့တဲ့ ၁၂ လ အတြင္း လ်င္လ်င္ျမန္ျမန္ပဲ ေျခစြမ္းေတာက္ပလာသူ ျဖစ္ကာ Vitesse အသင္းေဖာ္ေဟာင္းက ေမာင့္ရဲ႕ ေျခစြမ္းဟာ စပိန္အသင္းေတြရဲ႕ ပစ္မွတ္ ျဖစ္လာမယ္လို႔ ညႊန္းဆိုခဲ့တာ ျဖစ္ပါတယ္။ ေမဆန္ေမာင့္က ျပီးခဲ့တဲ့ရာသီ ဒါဘီအသင္းမွာ အငွားထြက္ကစားရင္း နည္းျပ လမ္းပတ္ရဲ႕ လမ္းညႊန္မႈေတြနဲ႕ ျမန္ျမန္တိုးတက္လာခဲ့ကာ ဒီရာသီ ခ်ယ္ဆီးအသင္းမွာလည္း လမ္းပတ္ အားထားရတဲ့ လူငယ္တစ္ဦး ျဖစ္ပါတယ္။

ဒါေပမယ့္ ေမဆန္ေမာင့္ကေတာ့ အျခား ကလပ္အသင္းၾကီးေတြကို စိတ္မ၀င္စားဘဲ အေနာက္လန္ဒန္ကလပ္ အတြက္သာ အျပည့္အ၀ အာရံုစိုက္ထားေၾကာင္း တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ မစ္ခ်ယ္ေျပာတာ ေတြ႔ပါတယ္။ သူနဲ႕ က်ေနာ္နဲ႕က ရင္းရင္းနွီးနွီးေဘာ္ဒါေတြပါ။ သူကလည္း ကစားသမားေကာင္း ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္က လက္ရွိ အခ်ိန္မွာ ခ်ယ္ဆီးအသင္းအတြက္ အာရံုစိုက္ထားတယ္။ ဒီနွစ္က က်ေနာ့္ရဲ႕ ပထမနွစ္။ ဒါေၾကာင့္ အေ၀းၾကီးကိုလည္း က်ေနာ္ မစဥ္းစားဘူး။ ” အခု က်ေနာ္ စဥ္းစားတာက ေနာက္တစ္ပြဲ အတြက္။ ဒါမ်ိဳး တစ္္ခုခ်င္းပဲ က်ေနာ္ ေတြးတယ္။” လို႔ ေမာင့္က ဆိုပါတယ္။

ေမဆန္ ေမာင့္ရဲ႕ အသင္းေဖာ္ေဟာင္း မစ္ခ်ယ္ ဗန္ ဘာဂန္က ေမာင့္ဟာ ဥေရာပ ထိပ္သီးအသင္းၾကီးေတြကို ကိုယ္စားျပဳ ကစားနုိင္တဲ့ အလားအလာေကာင္းေတြ ရွိတယ္လို႔ ခ်ီးက်ဴးထားခဲ့တာပါ။

” ေမဆန္က လံုး၀ ထိပ္ဆံုးကို ေရာက္မယ့္ ကစားသမားပါ။ ပရီးမီးယားလိဂ္မွာ သူက ကစားသမားေကာင္း ျဖစ္လာပါမယ္ ဒါေပမယ့္ တခ်ိန္မွာ သူက ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္ကို ေရာက္သြားလိမ့္မယ္ ထင္တယ္။ သူက အဲဒီလိုအသင္းေတြနဲ႕ ကိုက္ညီပါတယ္။ ” လို႔ ေျပာဆိုထားခဲ့တာပါ။

ေလာေလာဆယ္မွာေတာ့ ေမဆန္ေမာင့္က ခ်ယ္ဆီးနဲ႕ ကာလရွည္ သက္တမ္း က်န္ရွိေနပါေသးတယ္။ ျပီးခဲ့တဲ့ ေႏြကမွ ခ်ယ္ဆီးနဲ႕ ၅ နွစ္ သက္တမ္းတိုးထားတဲ့ ေမာင့္က ဒီရာသီ ခ်ယ္ဆီးအသင္းအတြက္ ၁၆ ပြဲ ပါ၀င္ကစားထားကာ အားထားရတဲ့ ကစားသမား ျဖစ္ေနပါတယ္။