ဂျန့်အသင်းကွင်းလယ်လူ Sander Berge က ကမ္ဘာအကောင်းဆုံး ပရိသတ်တွေရှိရာ အန်ဖီးကွင်းမှာ ကစားခွင့်ရလာတာက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရတာပါလို့ ပြောဆိုခဲ့ပြီး ပွဲကစားခွင့်ကို မစောင့်နိုင်အောင် ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

Berge က အန်ဖီးမှာ ကစားလိုခဲ့ပေမယ့် အမှန်ကတယ် ဖြစ်လာမယ်တော့ မထင်ခဲ့မိဘူးလို့ ဝန်ခံပြောဆိုတယ်။ ဘယ်ဂျီယံကလပ် ဂျန့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာလည်း အနိုင်ရဖို့ ခက်ခဲဦးမှာဖြစ်ကြောင်းကို ကွင်းလယ်လူက ပြောဆိုပါသေးတယ်။

ဒါပေမယ့်လို့ ဘယ်ဂျီယံအသင်းဟာ ပထမအကျော့က ၄-၁ ဆိုတဲ့ ရလဒ်ထက် ပိုကောင်းအောင်လုပ်ဖို့ကို စိတ်ပိုင်းဖြတ်ထားပြီး ဥရောပချန်ပီယံတွေရဲ့ အိမ်ကွင်းမှာ ကစားရဖို့ ပျှော်ရွှင်နေကြတာပါ။ ” ဂျန့်အသင်းနဲ့ အန်ဖီးကွင်းမှာ ကစားခွင့်ရမယ်လို့ ဘယ်တုန်းကမှ ကျနော် မတွေးခဲ့မိဘူး။ ဒီမှာ လာကစားရတာကို အရမ်းပျော်မိပါတယ် ” လို့ Berge က ဆိုတယ်။

အန်ဖီးမှာ လာကစားခွင့်ဟာ အိပ်မက်တစ်ခုဖြစ်သလို ကမ္ဘာပေါ်က အကောင်းဆုံးအသင်းနဲ့ အကောင်းဆုံး ပရိသတ်တွေရှိတဲ့ အန်ဖီးကွင်းက တကယ်ကို ထူးရှယ်ဖြစ်မယ်လို့လည်း သူက ယုံကြည်နေပါတယ်။

” အားလုံးက အန်ဖီးမှာ ကမ္ဘာအကောင်းဆုံး ပရိသတ်တွေလို ဆိုနိုင်တဲ့ အားပေးသူတွေရှိတာကို နားလည်ပါတယ်။ ပထမအကျော့ကထက် ပိုကောင်းအောင်လည်း ကြိုးစားလိုတယ်။ ကျနော်တို့က ရုန်းကန်ခဲ့ရသလို ကိုယ်ရဲ့ ဧရိယာဖြစ်တဲ့ ၁၈ ကိုက်အတွင်းမှာ ခေါင်းဆောင်မှုနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်ဖိုဖ့ အားနည်းခဲ့ပါတယ် ” လို့လည်း သူက ပြောဆိုပါတယ်။

ဂျန့်မန်နေဂျာ Felice Mazzu ကတော့ သူသုံးလို့ရမယ့် အကောင်းဆုံး ကစားသမားတိုင်းကို ခေါ်လာခဲ့ပါတယ်လို့ ပြောဆိုထားပြီး ဘယ်ဂျီယံလိဂ်မှာ ဒီရာသီအတွက် အမှတ်ပေးဇယား ဦးဆောင်သူ Club Brugge နဲ့ ၁၃ မှတ်ထိ ပြတ်အောင်ကို ခြေစွမ်း ရုန်းကန်နေရတဲ့ အနေအထားကနေ အန်ဖီးမှာ ဘယ်လိုတွေ စွမ်းဆောင်ပြနိုင်မလဲက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဂ်န္႔အသင္းကြင္းလယ္လူ Sander Berge က ကမၻာအေကာင္းဆံုး ပရိသတ္ေတြရွိရာ အန္ဖီးကြင္းမွာ ကစားခြင့္ရလာတာက အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာရတာပါလို႔ ေျပာဆိုခဲ့ျပီး ပြဲကစားခြင့္ကို မေစာင့္ႏုိင္ေအာင္ ျဖစ္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

Berge က အန္ဖီးမွာ ကစားလိုခဲ့ေပမယ့္ အမွန္ကတယ္ ျဖစ္လာမယ္ေတာ့ မထင္ခဲ့မိဘူးလို႔ ဝန္ခံေျပာဆိုတယ္။ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ႏုိင္ပြဲရဖို႔ ရုန္းကန္ေနရတာျဖစ္ျပီး လီဗာပူးနဲ႔ပြဲမွာလည္း အႏုိင္ရဖို႔ ခက္ခဲဦးမွာျဖစ္ေၾကာင္းကို ကြင္းလယ္လူက ေျပာဆိုပါေသးတယ္။

ဒါေပမယ့္လို႔ ဘယ္ဂ်ီယံအသင္းဟာ ပထမအေက်ာ့က ၄-၁ ဆိုတဲ့ ရလဒ္ထက္ ပိုေကာင္းေအာင္လုပ္ဖို႔ကို စိတ္ပိုင္းျဖတ္ထားျပီး ဥေရာပခ်န္ပီယံေတြရဲ႕ အိမ္ကြင္းမွာ ကစားရဖို႔ ေပွ်ာ္ရႊင္ေနၾကတာပါ။ ” ဂ်န္႔အသင္းနဲ႔ အန္ဖီးကြင္းမွာ ကစားခြင့္ရမယ္လို႔ ဘယ္တုန္းကမွ က်ေနာ္ မေတြးခဲ့မိဘူး။ ဒီမွာ လာကစားရတာကို အရမ္းေပ်ာ္မိပါတယ္ ” လို႔ Berge က ဆိုတယ္။

အန္ဖီးမွာ လာကစားခြင့္ဟာ အိပ္မက္တစ္ခုျဖစ္သလို ကမၻာေပၚက အေကာင္းဆံုးအသင္းနဲ႔ အေကာင္းဆံုး ပရိသတ္ေတြရွိတဲ့ အန္ဖီးကြင္းက တကယ္ကို ထူးရွယ္ျဖစ္မယ္လုိ႔လည္း သူက ယံုၾကည္ေနပါတယ္။

” အားလံုးက အန္ဖီးမွာ ကမၻာအေကာင္းဆံုး ပရိသတ္ေတြလုိ ဆိုႏုိင္တဲ့ အားေပးသူေတြရွိတာကို နားလည္ပါတယ္။ ပထမအေက်ာ့ကထက္ ပိုေကာင္းေအာင္လည္း ၾကိဳးစားလိုတယ္။ က်ေနာ္တုိ႔က ရုန္းကန္ခဲ့ရသလို ကိုယ္ရဲ႕ ဧရိယာျဖစ္တဲ့ ၁၈ ကိုက္အတြင္းမွာ ေခါင္းေဆာင္မႈနဲ႔ စည္းမ်ဥ္းစည္းကမ္းဆိုင္ရာ ကိစၥေတြကို လုပ္ေဆာင္ဖိုဖ႔ အားနည္းခဲ့ပါတယ္ ” လို႔လည္း သူက ေျပာဆိုပါတယ္။

ဂ်န္႔မန္ေနဂ်ာ Felice Mazzu ကေတာ့ သူသံုးလို႔ရမယ့္ အေကာင္းဆံုး ကစားသမားတိုင္းကို ေခၚလာခဲ့ပါတယ္လို႔ ေျပာဆိုထားျပီး ဘယ္ဂ်ီယံလိဂ္မွာ ဒီရာသီအတြက္ အမွတ္ေပးဇယား ဦးေဆာင္သူ Club Brugge နဲ႔ ၁၃ မွတ္ထိ ျပတ္ေအာင္ကို ေျခစြမ္း ရုန္းကန္ေနရတဲ့ အေနအထားကေန အန္ဖီးမွာ ဘယ္လိုေတြ စြမ္းေဆာင္ျပႏုိင္မလဲက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။