လီဗာပူးတိုက်စစ်သမား မာနေးက သူနဲ့ ဆာလက်ကြား ဆက်ဆံရေးတွေနဲ့အတူ ကီတာက ဘယ်လို ကစားသမားကောင်းလဲဆိုတာ ပါဝင်တဲ့ အင်တာဗျူးအတိုတစ်ခုကို ပြင်သစ်ဘောလုံးနဲ့ မေးမြန်းမှုမှာ ထုတ်ပြောသွားခဲ့ပါတယ်။

မာနေးရဲ့ ဖြေဆိုမှုမှာတော့ အန်ဖီးမှာ ယာဂင်ကလော့ပ် ဘာလို့ အောင်မြင်ရသလဲဆိုတဲ့ လျှို့ဝှက်ချက်လည်း ပါဝင်ခဲ့သေးတာပါ။ ၂၀၁၉ ခုနှစ်အတွင်း အထူးခြေစွမ်းပြသနေတဲ့ မာနေးဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်စွမ်းရှိသူဖြစ်တယ်။ အာဖရိကဖလား ဗိုလ်လုပွဲနောက်ပိုင်း ပြန်ကစားတဲ့ ကလပ်ပွဲတွေမှာ ပြိုင်ပွဲစုံမှာ ၁၅ ပွဲထိ ပါဝင်ထားတာဖြစ်ပြီး သွင်းဂိုး ၈ ဂိုးထိလည်း ရရှိထားပြီ ဖြစ်ပါတယ်။

ဆီနီဂေါ တိုက်စစ်သမားက ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ပြဿနာတွေ ဖြစ်ခဲ့သေးပေမယ့်လို့ သူနဲ့ တွဲကစားရတာကို ပျော်ရွှင်တယ်လို့ ဆိုတယ်။

” ဆာလက်က တကယ်ကို ရူးလောက်တဲ့ ဂိုးသွင်းသူပါ။ အရမ်းကို ထူးခြားတဲ့ ကစားသမားဖြစ်ပြီး အားလုံးကို လုပ်နိုင်စွမ်းရှိတယ်။ တစ်ခါတစ်လေမှာ ကျနော်တို့ကြား သဘောမညီမှုတွေ ရှိပါတယ်။ ဒါပေမယ့် သူနဲ့တွဲကစားရတာကို အရမ်း ပျော်ရွှင်မိတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ဟာ ဘောလုံးမှာ တူညီတဲ့ အမြင်ရှိတယ်လို့ ခံစားရလို့ပါပဲ ” လို့ မာနေးက ပြောပါတယ်။

သူကပဲ ကွင်းလယ်လူ ကီတာဟာ သူ့ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး ပေါင် ၅၂ သန်းတန် ကစားသမား တိုးတက်လာတာကို လီဗာပူးပရိသတ်တွေ မြင်ရမယ်လိုပလည်း ပြောပြခဲ့တယ်။

မာနေးက “ ကီတာက ကျနော်အတွက် သူငယ်ချင်းတစ်ယောက်ဆိုတာထက် ပိုပါတယ်။ သူက ညီအကိုလို လူပါ။ သူ့အတွက်တော့ ခက်ခဲမှုတွေ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ အချိန်အကြာကြီး ဒဏ်ရာရနေခဲ့တာလေ။ ဒါကေပမယ့် အကောင်းဆုံး အနေအထားနဲ့ သူပြန်လာမယ်ဆိုတာ ကျနော် သေချာပါတယ်။ သူက အရမ်းကို ကြိုးစားသူပါ။ အားလုံးနဲ့ စကားပြောနိုင်အောင် သူ့ရဲ့ အင်္ဂလိပ်စွမ်းရည်ကို တိုးတက်လာဖို့ပဲ လိုပါတယ်။ ” လို့ ပြောခဲ့တယ်။

အန်ဖီးမှာ ယာဂင်ကလော့ပ်ဟာ ဘာလို့ အောင်မြင်တဲ့ မန်နေဂျာအဖြစ် ရှိနေရလဲဆိုတာကိုတော့ ” သူ့ရဲ့ လျှို့ယှက်ချက်ကတော့ ကျနော်ထင်ပါတယ် အသင်းကို ဖခင်လို ဆက်ဆံလို့ပါပဲ။ ကျနော်တို့ အားလံြးက သူ့ကို ဖခင်တစ်ယောက်လို နှစ်သက်ကြတယ်။ ဖခင်တစ်ယောက်လိုပဲ သူ့ကို ကျနော်တို့ ကြောက်ရွံ့ကြပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက သူနဲ႔ ဆာလက္ၾကား ဆက္ဆံေရးေတြနဲ႔အတူ ကီတာက ဘယ္လို ကစားသမားေကာင္းလဲဆိုတာ ပါဝင္တဲ့ အင္တာဗ်ဴးအတိုတစ္ခုကို ျပင္သစ္ေဘာလံုးနဲ႔ ေမးျမန္းမႈမွာ ထုတ္ေျပာသြားခဲ့ပါတယ္။

မာေနးရဲ႕ ေျဖဆိုမႈမွာေတာ့ အန္ဖီးမွာ ယာဂင္ကေလာ့ပ္ ဘာလို႔ ေအာင္ျမင္ရသလဲဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္လည္း ပါဝင္ခဲ့ေသးတာပါ။ ၂၀၁၉ ခုႏွစ္အတြင္း အထူးေျခစြမ္းျပသေနတဲ့ မာေနးဟာ ဒီရာသီမွာလည္း ေျခစြမ္းေကာင္းေတြကို ဆက္ထိန္းထားႏုိင္စြမ္းရွိသူျဖစ္တယ္။ အာဖရိကဖလား ဗိုလ္လုပြဲေနာက္ပိုင္း ျပန္ကစားတဲ့ ကလပ္ပြဲေတြမွာ ျပိဳင္ပြဲစံုမွာ ၁၅ ပြဲထိ ပါဝင္ထားတာျဖစ္ျပီး သြင္းဂိုး ၈ ဂိုးထိလည္း ရရွိထားျပီ ျဖစ္ပါတယ္။

ဆီနီေဂါ တိုက္စစ္သမားက ဘန္ေလနဲ႔ပြဲမွာ ဆာလက္နဲ႔ ျပႆနာေတြ ျဖစ္ခဲ့ေသးေပမယ့္လို႔ သူနဲ႔ တြဲကစားရတာကို ေပ်ာ္ရႊင္တယ္လို႔ ဆိုတယ္။

” ဆာလက္က တကယ္ကို ရူးေလာက္တဲ့ ဂိုးသြင္းသူပါ။ အရမ္းကို ထူးျခားတဲ့ ကစားသမားျဖစ္ျပီး အားလံုးကို လုပ္ႏုိင္စြမ္းရွိတယ္။ တစ္ခါတစ္ေလမွာ က်ေနာ္တုိ႔ၾကား သေဘာမညီမႈေတြ ရွိပါတယ္။ ဒါေပမယ့္ သူနဲ႔တြဲကစားရတာကို အရမ္း ေပ်ာ္ရႊင္မိတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တုိ႔ဟာ ေဘာလံုးမွာ တူညီတဲ့ အျမင္ရွိတယ္လို႔ ခံစားရလို႔ပါပဲ ” လို႔ မာေနးက ေျပာပါတယ္။

သူကပဲ ကြင္းလယ္လူ ကီတာဟာ သူ႔ရဲ႕ သူငယ္ခ်င္းေကာင္းျဖစ္ျပီး ေပါင္ ၅၂ သန္းတန္ ကစားသမား တိုးတက္လာတာကို လီဗာပူးပရိသတ္ေတြ ျမင္ရမယ္လုိပလည္း ေျပာျပခဲ့တယ္။

မာေနးက “ ကီတာက က်ေနာ္အတြက္ သူငယ္ခ်င္းတစ္ေယာက္ဆိုတာထက္ ပိုပါတယ္။ သူက ညီအကိုလို လူပါ။ သူ႔အတြက္ေတာ့ ခက္ခဲမႈေတြ ရွိေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ အခ်ိန္အၾကာၾကီး ဒဏ္ရာရေနခဲ့တာေလ။ ဒါေကပမယ့္ အေကာင္းဆံုး အေနအထားနဲ႔ သူျပန္လာမယ္ဆိုတာ က်ေနာ္ ေသခ်ာပါတယ္။ သူက အရမ္းကို ၾကိဳးစားသူပါ။ အားလံုးနဲ႔ စကားေျပာႏုိင္ေအာင္ သူ႔ရဲ႕ အဂၤလိပ္စြမ္းရည္ကို တိုးတက္လာဖို႔ပဲ လိုပါတယ္။ ” လို႔ ေျပာခဲ့တယ္။

အန္ဖီးမွာ ယာဂင္ကေလာ့ပ္ဟာ ဘာလုိ႔ ေအာင္ျမင္တဲ့ မန္ေနဂ်ာအျဖစ္ ရွိေနရလဲဆိုတာကိုေတာ့ ” သူ႔ရဲ႕ လွ်ိဳ႕ယွက္ခ်က္ကေတာ့ က်ေနာ္ထင္ပါတယ္ အသင္းကို ဖခင္လို ဆက္ဆံလို႔ပါပဲ။ က်ေနာ္တို႔ အားလံျးက သူ႔ကို ဖခင္တစ္ေယာက္လို ႏွစ္သက္ၾကတယ္။ ဖခင္တစ္ေယာက္လိုပဲ သူ႔ကို က်ေနာ္တုိ႔ ေၾကာက္ရြံ႔ၾကပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။