ချယ်ဆီး ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့တိုက်စစ်စွမ်းရည်တွေကို ထုတ်ပြပြီး ဝေဖန်နေသူတွေကို အသံတိတ်စေခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို မပြောင်းလာခင် သူက ရီးရဲလ်မက်ဒရစ်ရဲ့ အရန်ခုံမှာ မကြာခဏ ထိုင်ခဲ့ရပြီး အရည်အသွေးတွေကို ထုတ်ပြခွင့်မရခဲ့ပါဘူး။

ကိုဗာဆစ်က ၂၀၁၈-၂၀၁၉ ရာသီ ချယ်ဆီးမှာလဲ နေရာသိပ်မရခဲ့ပေမယ့် ထိပ်တန်းကစားသမား အဖြစ် သူ့ကိုယ်သူ သက်သေပြဖို့ လိုအပ်ခဲ့ချိန်မှာ ကံကောင်းမှုတွေက သူ့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ပထမဆုံးကတော့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုပါ။ ဒါကြောင့်ပဲ ကစားသမားသစ် ခေါ်ယူခွင့်မရတဲ့ ချယ်ဆီးက သူ့ကို အငှားကနေ အပြီးသတ် ဝယ်ယူခဲ့ပါတယ်။ ဒုတိယကတော့ နည်းပြသစ် ဖြစ်လာတဲ့ လမ်းပတ်ပါ။

ကိုဗာဆစ်ကို ဝယ်ယူခဲ့တာက ဆာရီဖြစ်ပေမယ့် သူ့ကို တိုးတက်စေခဲ့တာက လမ်းပတ် ဖြစ်ပါတယ်။ ဂန္တဝင် ကစားသမားဟောင်း လမ်းပတ်က ခရိုအေးရှားသားကို ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးစေခဲ့တာကြောင့် ကိုဗာဆစ်က ဆာရီလက်ထက် ပို အစွမ်းပြလာခဲ့ပါတယ်။ ဒါ့အပြင် ကိုဗာဆစ်ဟာ ကန်တေ ဒဏ်ရာရခဲ့တာကနေ ပိုပြီး အကျိုးရှိခဲ့ပါတယ်။ ပွဲကစားချိန် ပိုရလာတဲ့ ကိုဗာဆစ်က အပိုတာဝန်တွေကို ယူခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျမှုကို ရယူနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုလိုပဲ ကိုဗာဆစ်ရဲ့ ဂုဏ်သတင်းဟာ ဒီရာသီ ပရိသတ်တွေကြားမှာ ဒရာမာဆန်ဆန် တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။

နှစ်ယောက်သားက ကွင်းလယ်မှာ အကောင်းဆုံး အတွဲအဖက်ကို ဖန်တီးခဲ့ပြီး အေဂျက်၊ ဘန်လေနဲ့ ဝက်ဖို့ဒ် တို့လို အသင်းတွေကို ပုံစံကောင်းတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ စနေနေ့တုန်းက ဗီကာရေ့ဂျ် ရုဒ်က နိုင်ပွဲမှာ သူဟာ မိနစ်ကိုးဆယ် အတွင်း ပေးပို့မှု ၁၃၄ ကြိမ် လုပ်ပြခဲ့ပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါက လမ်းပတ်ဟာ ဆာရီရဲ့ ပိုင်ဆိုင်မှု အသားပေး ဟန်ကို အဆုံးသတ်ပြီး ပိုပြီး တိုက်ရိုက်ကစားတာကို ဦးစားပေး လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုဗာဆစ်ဟာ မနှစ်က တပွဲပျမ်းမျှ အဝေးဘော ၂ ကြိမ်ကနေ ၅.၉ ကြိမ်အထိ တိုးတက်လာခဲ့ပါတယ်။ ကိုဗာဆစ် ဟာ ပြောင်းလဲလာတဲ့ ကစားပုံမှာ အကြိုက်တွေ့နေပြီး အခု ချယ်ဆီးဟာ သူ့အိမ်လို ဖြစ်နေပြီဆိုတဲ့ ခံစားချက်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗာဆစ်က “မနှစ်ကတုန်းက အငှားကစားသမား သက်သက်ပါပဲ။ အခုချိန်မှာတော့ ခံစားချက် ပိုကောင်းလာပြီး ယုံကြည်မှု ပိုရှိလာတယ်။ ပိုပြီးတော့ စိတ် သက်သာရာ ရသလို ခံစားရတယ်။ မနှစ်ကလဲ ကောင်းခဲ့ပေမယ့် လုံးဝ အဆင်ပြေခဲ့တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီနှစ်မှာ ကျနော် ကောင်းကောင်း စတင်ခဲ့ပြီး ဒီလို ဆက်သွားနိုင်ဖို့ မျှော်လင့်တယ်။ ဒီထက်ပိုကောင်းပြီး တိုးတက်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။ လမ်းပတ်က ကျနော့်ကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးခဲ့တယ်။ ကျနော် ဘောလုံးရယူပြီး တိုက်စစ်ဆင်နိူင်တယ်။ နည်းပြနဲ့ရော တစ်သင်းလုံးနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ကိုဗာဆစ်ရဲ့ စွယ်စုံရ စွမ်းရည်နဲ့ အလိမ်အခေါက် စကေးကို လမ်းပတ်ကလဲ သဘောကျတာကြောင့် ကိုဗာဆစ်လိုပဲ လမ်းပတ်လဲ ခံစားမိနေတယ်။

“ကျနော်တို့ရဲ့ နေရာတွေမှာ ပုံသေကြီး ထားလို့မရဘူး။ ကွင်းလယ်က နေရာတိူင်းမှာ ကောင်းကောင်း ကစားနိူင်တဲ့ ကစားသမားတွေ ရှိတာ ကျနော် ကံကောင်းပါတယ်။ အသေမဟုတ်ပဲ ပြောင်းလဲနိုင်တဲ့ ကစားပုံရှိတဲ့အတွက် သူတို့အစား ကျနော် ပျော်ရွှင်မိပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

တိုက်စစ်ကို ကူညီနိုင်ပေမယ့်လဲ ကိုဗာဆစ်ဟာ လမ်းပတ်လက်အောက်မှာ တိုက်စစ်ကစားသမား မဖြစ်နိုင်ပါဘူး။ ကွင်းလယ်နောက်ပိုင်းမှာပဲ သူ ဆက်နေရမှာ ဖြစ်ပြီး တတ်နိုင်တဲ့အချိန် ဘောလုံးကို တိုက်စစ်ဆီ ပို့ဆောင်ဖို့ လုပ်ရမှာပါ။ ပြိုင်ဘက်ဧရိယာထဲ ပုံမှန် ရှိနေရမှာ မဟုတ်တာကြောင့် သွင်းဂိုးမရထားတာ သုံးနှစ်နီးပါး ကြာခဲ့တဲ့ မှတ်တမ်းက ပိုကြာနိုင်ပါတယ်။ ဒါပေမယ့်လဲ သူက အနည်းဆုံးတော့ ဩဂုတ်လတုန်းက နောဝစ်ချ် နဲ့ပွဲမှာ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။

ဒါက ဒီရာသီမှာ ကိုဗာဆစ် ဘယ်လို ကောင်းကောင်း တိုးတက်လာခဲ့လဲဆိုတာကို ပြတာပါပဲ။ ၁၆နှစ်အရွယ်နဲ့ မွေးရပ်မြေ ခရိုအေးရှားမှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက် အတွင်း ဂိုးသွင်းခဲ့ပြီးနောက် သူက ချက်ချင်း ဆိုသလိုပဲ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာဖို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ အဲ့ဒီ့နောက် ၉နှစ်ကြာအထိ သူက သူ့ကိုယ်သူ သက်သေပြဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ကိုဗာဆစ် ဟာ လမ်းပတ် ရဲ့ ချယ်ဆီးမှာ အိမ်လို အသားကျလာပြီမို့ သူ့ရဲ့ အရည်အသွေးကို အပြည့်အဝ သိနားလည်ဖို့ နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။

ZAWGYI

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကိုဗာဆစ္ဟာ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕တိုက္စစ္စြမ္းရည္ေတြကို ထုတ္ျပၿပီး ေဝဖန္ေနသူေတြကို အသံတိတ္ေစခဲ့ပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ်္ကို မေျပာင္းလာခင္ သူက ရီးရဲလ္မက္ဒရစ္ရဲ႕ အရန္ခုံမွာ မၾကာခဏ ထိုင္ခဲ့ရၿပီး အရည္အေသြးေတြကို ထုတ္ျပခြင့္မရခဲ့ပါဘူး။

ကိုဗာဆစ္က ၂၀၁၈-၂၀၁၉ ရာသီ ခ်ယ္ဆီးမွာလဲ ေနရာသိပ္မရခဲ့ေပမယ့္ ထိပ္တန္းကစားသမား အျဖစ္ သူ႔ကိုယ္သူ သက္ေသျပဖို႔ လိုအပ္ခဲ့ခ်ိန္မွာ ကံေကာင္းမႈေတြက သူ႔ကို ေထာက္ပံ့ေပးခဲ့ပါတယ္။ ပထမဆုံးကေတာ့ အေျပာင္းအေ႐ႊ​့ ပိတ္ပင္ခံရမႈပါ။ ဒါေၾကာင့္ပဲ ကစားသမားသစ္ ေခၚယူခြင့္မရတဲ့ ခ်ယ္ဆီးက သူ႔ကို အငွားကေန အၿပီးသတ္ ဝယ္ယူခဲ့ပါတယ္။ ဒုတိယကေတာ့ နည္းျပသစ္ ျဖစ္လာတဲ့ လမ္းပတ္ပါ။

ကိုဗာဆစ္ကို ဝယ္ယူခဲ့တာက ဆာရီျဖစ္ေပမယ့္ သူ႔ကို တိုးတက္ေစခဲ့တာက လမ္းပတ္ ျဖစ္ပါတယ္။ ဂႏၲဝင္ ကစားသမားေဟာင္း လမ္းပတ္က ခ႐ိုေအးရွားသားကို ပိုၿပီး လြတ္လြတ္လပ္လပ္ ဖန္တီးေစခဲ့တာေၾကာင့္ ကိုဗာဆစ္က ဆာရီလက္ထက္ ပို အစြမ္းျပလာခဲ့ပါတယ္။ ဒါ့အျပင္ ကိုဗာဆစ္ဟာ ကန္ေတ ဒဏ္ရာရခဲ့တာကေန ပိုၿပီး အက်ိဳးရွိခဲ့ပါတယ္။ ပြဲကစားခ်ိန္ ပိုရလာတဲ့ ကိုဗာဆစ္က အပိုတာဝန္ေတြကို ယူခဲ့ၿပီး ပရိသတ္ေတြရဲ႕ သေဘာက်မႈကို ရယူႏိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုလိုပဲ ကိုဗာဆစ္ရဲ႕ ဂုဏ္သတင္းဟာ ဒီရာသီ ပရိသတ္ေတြၾကားမွာ ဒရာမာဆန္ဆန္ တိုးျမင့္လာခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ေယာက္သားက ကြင္းလယ္မွာ အေကာင္းဆုံး အတြဲအဖက္ကို ဖန္တီးခဲ့ၿပီး ေအဂ်က္၊ ဘန္ေလနဲ႔ ဝက္ဖို႔ဒ္ တို႔လို အသင္းေတြကို ပုံစံေကာင္းေတြနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။ စေနေန႔တုန္းက ဗီကာေရ႕ဂ်္ ႐ုဒ္က ႏိုင္ပြဲမွာ သူဟာ မိနစ္ကိုးဆယ္ အတြင္း ေပးပို႔မႈ ၁၃၄ ႀကိမ္ လုပ္ျပခဲ့ၿပီး ပြဲရဲ႕ အေကာင္းဆံုး ကစားသမား ျဖစ္ခဲ့ပါတယ္။

ဒါက လမ္းပတ္ဟာ ဆာရီရဲ႕ ပိုင္ဆိုင္မႈ အသားေပး ဟန္ကို အဆုံးသတ္ၿပီး ပိုၿပီး တိုက္႐ိုက္ကစားတာကို ဦးစားေပး လာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ကိုဗာဆစ္ဟာ မႏွစ္က တပြဲပ်မ္းမွ် အေဝးေဘာ ၂ ႀကိမ္ကေန ၅.၉ ႀကိမ္အထိ တိုးတက္လာခဲ့ပါတယ္။ ကိုဗာဆစ္ ဟာ ေျပာင္းလဲလာတဲ့ ကစားပုံမွာ အႀကိဳက္ေတြ႕ေနျပီး အခု ခ်ယ္ဆီးဟာ သူ႔အိမ္လို ျဖစ္ေနၿပီဆိုတဲ့ ခံစားခ်က္ကို ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

ကိုဗာဆစ္က “မႏွစ္ကတုန္းက အငွားကစားသမား သက္သက္ပါပဲ။ အခုခ်ိန္မွာေတာ​့ ခံစားခ်က္ ပိုေကာင္းလာၿပီး ယုံၾကည္မႈ ပိုရွိလာတယ္။ ပိုၿပီးေတာ့ စိတ္ သက္သာရာ ရသလို ခံစားရတယ္။ မႏွစ္ကလဲ ေကာင္းခဲ့ေပမယ့္ လုံးဝ အဆင္ေျပခဲ့တာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ ဒီႏွစ္မွာ က်ေနာ္ ေကာင္းေကာင္း စတင္ခဲ့ၿပီး ဒီလို ဆက္သြားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္။ ဒီထက္ပိုေကာင္းၿပီး တိုးတက္လာႏိုင္တယ္လို႔ ယုံၾကည္ပါတယ္။ လမ္းပတ္က က်ေနာ့္ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ ေပးခဲ့တယ္။ က်ေနာ္ ေဘာလုံးရယူၿပီး တိုက္စစ္ဆင္ႏိူင္တယ္။ နည္းျပနဲ႔ေရာ တစ္သင္းလုံးနဲ႔ပါ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ကိုဗာဆစ္ရဲ႕ စြယ္စုံရ စြမ္းရည္နဲ႔ အလိမ္အေခါက္ စေကးကို လမ္းပတ္ကလဲ သေဘာက်တာေၾကာင့္ ကိုဗာဆစ္လိုပဲ လမ္းပတ္လဲ ခံစားမိေနတယ္။

“က်ေနာ္တို႔ရဲ႕ ေနရာေတြမွာ ပုံေသႀကီး ထားလို႔မရဘူး။ ကြင္းလယ္က ေနရာတိူင္းမွာ ေကာင္းေကာင္း ကစားႏိူင္တဲ့ ကစားသမားေတြ ရွိတာ က်ေနာ္ ကံေကာင္းပါတယ္။ အေသမဟုတ္ပဲ ေျပာင္းလဲႏိုင္တဲ့ ကစားပုံရွိတဲ့အတြက္ သူတို႔အစား က်ေနာ္ ေပ်ာ္႐ႊင္မိပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

တိုက္စစ္ကို ကူညီႏိုင္ေပမယ့္လဲ ကိုဗာဆစ္ဟာ လမ္းပတ္လက္ေအာက္မွာ တိုက္စစ္ကစားသမား မျဖစ္ႏိုင္ပါဘူး။ ကြင္းလယ္ေနာက္ပိုင္းမွာပဲ သူ ဆက္ေနရမွာ ျဖစ္ၿပီး တတ္ႏိုင္တဲ့အခ်ိန္ ေဘာလုံးကို တိုက္စစ္ဆီ ပို႔ေဆာင္ဖို႔ လုပ္ရမွာပါ။ ျပိဳင္ဘက္ဧရိယာထဲ ပုံမွန္ ရွိေနရမွာ မဟုတ္တာေၾကာင့္ သြင္းဂိုးမရထားတာ သုံးႏွစ္နီးပါး ၾကာခဲ့တဲ့ မွတ္တမ္းက ပိုၾကာႏိုင္ပါတယ္။ ဒါေပမယ့္လဲ သူက အနည္းဆုံးေတာ့ ဩဂုတ္လတုန္းက ေနာဝစ္ခ်္ နဲ႔ပြဲမွာ ဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲဲ့တာပါ။

ဒါက ဒီရာသီမွာ ကိုဗာဆစ္ ဘယ္လို ေကာင္းေကာင္း တိုးတက္လာခဲ့လဲဆိုတာကို ျပတာပါပဲ။ ၁၆ႏွစ္အ႐ြယ္နဲ႔ ေမြးရပ္ေျမ ခ႐ိုေအးရွားမွာ ပေရာ္ဖက္ရွင္နယ္ ပြဲဦးထြက္ အတြင္း ဂိုးသြင္းခဲ့ၿပီးေနာက္ သူက ခ်က္ခ်င္း ဆိုသလိုပဲ ကမာၻ႔အဆင့္ ကစားသမား ျဖစ္လာဖို႔ ထင္ေၾကးေပးခံခဲ့ရပါတယ္။ အဲ့ဒီ့ေနာက္ ၉ႏွစ္ၾကာအထိ သူက သူ႔ကိုယ္သူ သက္ေသျပဖို႔ ႀကိဳးစားေနဆဲပါ။ ဒါေပမယ့္ ကိုဗာဆစ္ ဟာ လမ္းပတ္ ရဲ႕ ခ်ယ္ဆီးမွာ အိမ္လို အသားက်လာၿပီမို႔ သူ႔ရဲ႕ အရည္အေသြးကို အျပည့္အဝ သိနားလည္ဖို႔ ေနာက္က်တယ္လို႔ ဆိုႏိုင္ပါတယ္။