နိုဝင်ဘာလ ၂၀ ရက်မှာတော့ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ဆိုင်ရာကိစ္စ အယူခံမှုကို ထပ်မံ စစ်ဆေးမှာဖြစ်ပြီး ဇန်နဝါရီမှာ လူခေါ်ယူခွင့်ရမလား ဆိုတာ အတွက် ရှင်းလင်းတဲ့ အဖြေတစ်ခုကို ရရှိတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အမှတ်ပေးဇယားမှာ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာပါ။ လူသစ်ခေါ်ယူခွင့်ရတဲ့ အနေအထားမှာ မန်နေဂျာလမ်းပတ်ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုက ဘယ်နေရာဖြစ်မလဲဆိုတဲ့အပေါ် ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေကြတာပါ။

လက်တလော သတင်းတွေအရ ချယ်ဆီးဟာ မောင့်နဲ့ ဘာကလေ အပါအဝင် ကွင်းလယ်မှာ အင်အားကြီးမားနေတာကြောင့် ဒီနေရာက လူထပ်ခေါ်ဖို့ အရေးတကြီး မလိုအပ်ပါဘူး။ ချယ်ဆီးရဲ့ အားထားရတဲ့ ကန်တေက ဒဏ်ရာပြန်ကောင်းနေတာမို့ လမ်းပတ်က သူ့အကောင်းဆုံးကစားသမားကို ပြန်နေရာပေးဖို့ စိတ်လှုပ်ရှားနေပါတယ်။ ကန်တေဟာ ဒီရာသီမှာ ကြံ့ခိုင်မှု ပြဿနာတွေကနေ ရုန်းထနိုင်ဖို့ကိုပဲ ကြိုးစားနေတာဖြစ်ပါတယ်။

လမ်းပတ်က “ကန်တေ ပြန်လာတာက ကျနော်တို့ အတွက် အရေးပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ယောက်ဖြစ်တာကြောင့် သူပြန်ကောင်းလာတာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောစရာမလိုပါဘူး။ နေရာအတွက် ပြိုင်ဆိုင်မှုတွေကို ကျနော် အလိုရှိတယ်။ အခုချိန်မှာ သုံးရက် လေးရက်တိုင်းကို တစ်ပွဲ ကစားနေရတာကြောင့် ကစားသမားအားလုံးကို ကျနော် လိုအပ်ပါတယ်။ ” လို့ ဆိုပါတယ်။

အယူခံဝင်မှု အောင်မြင်ခြင်းနဲ့အတူ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုက ကောင်းကောင်း အဆုံးသတ်နိုင်ပေမယ့် မအောင်မြင်ခဲ့လို့ ၂၀၂၀ မှာမှ ကစားသမား ပြန်ခေါ်ခွင့်ရတဲ့အခါမှာလည်း မန်နေဂျာလမ်းပတ်က ကွင်းလယ်ထက် တခြားနေရာတွေကို အားဖြည့်ဖို့ စဉ်းစားပါလိမ့်မယ်။

ချယ်ဆီးရဲ့ ဦးစားပေးက တိုက်စစ်နေရာလို့ သတင်းကြီးတွေ ထွက်ပေါ်နေပြီး နွေတုန်းက လူးဝစ် ထွက်ခွာသွားမှုကို တိုမိုရီနဲ့ တိုက်ရိုက် အားဖြည့်ထားပေမယ့် ချယ်ဆီးဟာ ဂိုးပေးနေရခြင်းတွေကို ပိုမို စိတ်ချရစေဖို့ ခံစစ်ပိုင်းကို အားဖြည့်ခြင်းမှာ ဘယ်အစွန်အတွက် ကာလရှည် စောင့်ကြည့်နေရတဲ့ လက်စတာမှ ဘမ်ချီဝဲလ်အပြင် ဗဟိုခံစစ်သမားသစ်ကိုလည်း ခေါ်ယူသွားနိုင်တာဖြစ်ပါတယ်။

ZAWGYI

ႏိုဝင္ဘာလ ၂၀ ရက္မွာေတာ့ ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာကိစၥ အယူခံမႈကို ထပ္မံ စစ္ေဆးမွာျဖစ္ျပီး ဇန္နဝါရီမွာ လူေခၚယူခြင့္ရမလား ဆိုတာအတြက္ ရွင္းလင္းတဲ့ အေျဖတစ္ခုကို ရရွိေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ အမွတ္ေပးဇယားမွာ အေျခအေနေကာင္းတစ္ခုကို ပိုင္ဆုိင္ထားျပီး ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ကို တက္ႏုိင္ဖုိ႔ အခြင့္အေရးေကာင္းေတြ ရွိေနတာပါ။ လူသစ္ေခၚယူခြင့္ရတဲ့ အေနအထားမွာ မန္ေနဂ်ာလမ္းပတ္ရဲ႕ ပထမဆံုး လက္မွတ္ထိုးမႈက ဘယ္ေနရာျဖစ္မလဲဆိုတဲ့အေပၚ ပရိသတ္ေတြလည္း စိတ္လႈပ္ရွားေနၾကတာပါ။

လက္တေလာ သတင္းေတြအရ ခ်ယ္ဆီးဟာ ေမာင့္နဲ႔ ဘာကေလ အပါအဝင္ ကြင္းလယ္မွာ အင္အားႀကီးမားေနတာေၾကာင့္ ဒီေနရာက လူထပ္ေခၚဖို႔ အေရးတႀကီး မလိုအပ္ပါဘူး။ ခ်ယ္ဆီးရဲ႕ အားထားရတဲ့ ကန္ေတက ဒဏ္ရာျပန္ေကာင္းေနတာမို႔ လမ္းပတ္က သူ႔အေကာင္းဆုံးကစားသမားကို ျပန္ေနရာေပးဖို႔ စိတ္လႈပ္ရွားေနပါတယ္။ ကန္ေတဟာ ဒီရာသီမွာ ၾကံ႕ခိုင္မႈ ျပႆနာေတြကေန ရုန္းထႏုိင္ဖို႔ကိုပဲ ၾကိဳးစားေနတာျဖစ္ပါတယ္။

လမ္းပတ္က “ကန္ေတ ျပန္လာတာ​​က က်ေနာ္တို႔ အတြက္ အေရးပါတယ္။ သူက ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူ တစ္ေယာက္ျဖစ္တာေၾကာင့္ သူျပန္ေကာင္းလာတာ ဘယ္ေလာက္အေရးပါတယ္ဆိုတာ ​ေျပာစရာမလိုပါဘူး။ ေနရာအတြက္ ၿပိဳင္ဆိုင္မႈေတြကို က်ေနာ္ အလိုရွိတယ္။ အခုခ်ိန္မွာ သုံးရက္ ေလးရက္တိုင္းကို တစ္ပြဲ ကစားေနရတာေၾကာင့္ ကစားသမားအားလုံးကို က်ေနာ္ လိုအပ္ပါတယ္။ ” လို႔ ဆိုပါတယ္။

အယူခံဝင္မႈ ေအာင္ျမင္ျခင္းနဲ႔အတူ အေျပာင္းအေ႐ႊ႕ ပိတ္ပင္ခံရမႈက ေကာင္းေကာင္း အဆုံးသတ္ႏိုင္ေပမယ့္ မေအာင္ျမင္ခဲ့လို႔ ၂၀၂၀ မွာမွ ကစားသမား ျပန္ေခၚခြင့္ရတဲ့အခါမွာလည္း မန္ေနဂ်ာလမ္းပတ္က ကြင္းလယ္ထက္ တျခားေနရာေတြကို အားျဖည့္ဖို႔ စဥ္းစားပါလိမ့္မယ္။

ခ်ယ္ဆီးရဲ႕ ဦးစားေပးက တိုက္စစ္ေနရာလို႔ သတင္းၾကီးေတြ ထြက္ေပၚေနျပီး ေႏြတုန္းက လူးဝစ္ ထြက္ခြာသြားမႈကို တိုမိုရီနဲ႔ တိုက္ရိုက္ အားျဖည့္ထားေပမယ့္ ခ်ယ္ဆီးဟာ ဂိုးေပးေနရျခင္းေတြကို ပိုမို စိတ္ခ်ရေစဖို႔ ခံစစ္ပိုင္းကို အားျဖည့္ျခင္းမွာ ဘယ္အစြန္အတြက္ ကာလရွည္ ေစာင့္ၾကည့္ေနရတဲ့ လက္စတာမွ ဘမ္ခ်ီဝဲလ္အျပင္ ဗဟိုခံစစ္သမားသစ္ကိုလည္း ေခၚယူသြားႏုိင္တာျဖစ္ပါတယ္။