လန်ဒန်အခြေစိုက် သတင်းတွေ ဖော်ထုတ်မှု အရ အာဆင်နယ် လူငယ်ကစားသမား အချိုု့က အသင်း ထရိန်နင်မှာ အမ်မရီ ပြောဆို လမ်းညွှန်နေတာ ထက် လက်ထောက်နည်းပြ ယွန်းဘတ်ထံသို့သာ ပြေးလွှားမေးမြန်းနေတာ တွေ့ရတယ်လို့ သိရပါတယ်။ မြောက်လန်ဒန်မှာ ဖိအား များသည်ထက် များလာနေတဲ့ နည်းပြ အမ်မရီဟာ ပရီးမီးယားလိဂ်မှာ အသင်းကို ရလဒ်ကောင်းများ ယူဆောင် မပေးနိုင်ဘဲ ဖြစ်နေပါတယ်။

စပိန်သား အမ်မရီဟာ ရုတ်တရက် ရာထူးမှ ထုတ်ပယ် မခံရဘူးလို့ ဘုတ်အဖွဲ့က ထောက်ခံချက်ပေးထားခြင်း ခံရပြီး အခုချိန်ထိ အသင်းအတွက် နိုင်ပွဲတွေရကာ တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။ နောက်ဆုံး သတင်းများအရ လန်ဒန်က ကိုနေး ထရိန်နင်ကွင်းမှာ လူငယ်တွေက ယွန်းဘတ်ထံပဲ မေးမြန်းပြောဆိုနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းသား အချို့က အမ်မရီရဲ့ လမ်းညွှန်မှုတွေ မရှင်းလင်း မတည်ငြိမ်တာောကာင့် လက်ထောက်နည်းပြ ယွန်းဘတ်ထံ ချဉ်းကပ် မေးမြန်းနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာ အင်္ဂလိပ်လို ကြိုးစားပြောဆိုနေတဲ့ အမ်မရီရဲ့ အားထုတ်မှုကို ချီးကျူးမှုတွေ ရှိနေသော်လည်း စပိန်သားဟာ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း အမ်မရီရဲ့ ဘာသာစကား အခက်အခဲအကြောင်း ထောက်ပြခဲ့ဖူးပြီး သူ့ရဲ့ လမ်းညွှန်မှုတွေကို အာဆင်နယ် အသင်းသားတွေ နားလည်ဖို့ ခက်ခဲနေတယ်လို့ ပြောဆိုဖူးပါတယ်။

” ကျနော် အာဆင်နယ် ဝင်းဂါး၊ ဗန်ဟားလ်၊ ဆာအဲလက်စ် ဖာဂူဆန် အစရှိသဖြင့် နည်းပြတွေ အများကြီးနဲ့ အလုပ်လုပ်ဖူးပါတယ်။ သူတို့ အရည်အချင်းက သူတို့ ဘာလိုချင်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောနိုင်တာပဲ။ ”

” တလောက အမ်မရီရဲ့ ထရိန်နင်က ဗီဒီယိုကို တစ်ယောက်က ကျနော့်ဆီ ပို့ပေးတယ်။ သူ ဘာတွေ ပြောနေသလဲ ကျနော် နားမလည်နိုင်ဘူး သူက လာဖို့ ပြောနေ လမ်းညွှန်နေတာလို တခုခုပဲ။ ဒါက အရေးကြီးပါတယ်။ ကိုယ်ဘာလိုချင်လဲ ဆိုတာ ရှင်းလင်းအောင် ပြောရမယ် ခေါင်းဆောင် ဖြစ်ရမယ်။ ခေါင်းဆောင်မယ့်သူ တစ်ဦးက အသင်း ကစားသမားတွေကို ရှင်းရှင်းလင်းလင်း ပြောပြတတ်ဖို့ လိုတယ်။ ” လို့ ဗန်ပါစီက ပြောဆိုခဲ့ပါတယ်။

Zawgyi

လန္ဒန္အေျခစိုက္ သတင္းေတြ ေဖာ္ထုတ္မႈ အရ အာဆင္နယ္ လူငယ္ကစားသမား အခ်ိုဳ႕က အသင္း ထရိန္နင္မွာ အမ္မရီ ေျပာဆို လမ္းညႊန္ေနတာ ထက္ လက္ေထာက္နည္းျပ ယြန္းဘတ္ထံသို႔သာ ေျပးလႊားေမးျမန္းေနတာ ေတြ႔ရတယ္လို႔ သိရပါတယ္။ ေျမာက္လန္ဒန္မွာ ဖိအား မ်ားသည္ထက္ မ်ားလာေနတဲ့ နည္းျပ အမ္မရီဟာ ပရီးမီးယားလိဂ္မွာ အသင္းကို ရလဒ္ေကာင္းမ်ား ယူေဆာင္ မေပးနုိင္ဘဲ ျဖစ္ေနပါတယ္။

စပိန္သား အမ္မရီဟာ ရုတ္တရက္ ရာထူးမွ ထုတ္ပယ္ မခံရဘူးလို႔ ဘုတ္အဖြဲ႕က ေထာက္ခံခ်က္ေပးထားျခင္း ခံရျပီး အခုခ်ိန္ထိ အသင္းအတြက္ နုိင္ပြဲေတြရကာ တည္ျငိမ္ေအာင္ စြမ္းေဆာင္နုိင္ျခင္း မရွိေသးပါဘူး။ ေနာက္ဆံုး သတင္းမ်ားအရ လန္ဒန္က ကိုေနး ထရိန္နင္ကြင္းမွာ လူငယ္ေတြက ယြန္းဘတ္ထံပဲ ေမးျမန္းေျပာဆိုေနတာ ေတြ႔ရတယ္လို႔ ဆိုိပါတယ္။

အာဆင္နယ္အသင္းသား အခ်ိဳ႕က အမ္မရီရဲ႕ လမ္းညႊန္မႈေတြ မရွင္းလင္း မတည္ျငိမ္တာောကာင့္ လက္ေထာက္နည္းျပ ယြန္းဘတ္ထံ ခ်ဥ္းကပ္ ေမးျမန္းေနၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။ သတင္းစာရွင္းလင္းပြဲေတြမွာ အဂၤလိပ္လို ၾကိဳးစားေျပာဆိုေနတဲ့ အမ္မရီရဲ႕ အားထုတ္မႈကို ခ်ီးက်ဴးမႈေတြ ရွိေနေသာ္လည္း စပိန္သားဟာ အဂၤလိပ္လို လည္လည္ပတ္ပတ္ ေျပာဖို႔ အခက္အခဲ ရွိေနဆဲ ျဖစ္ပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီကလည္း အမ္မရီရဲ႕ ဘာသာစကား အခက္အခဲအေၾကာင္း ေထာက္ျပခဲ့ဖူးျပီး သူ႔ရဲ႕ လမ္းညႊန္မႈေတြကို အာဆင္နယ္ အသင္းသားေတြ နားလည္ဖို႔ ခက္ခဲေနတယ္လို႔ ေျပာဆိုဖူးပါတယ္။

” က်ေနာ္ အာဆင္နယ္ ၀င္းဂါး၊ ဗန္ဟားလ္၊ ဆာအဲလက္စ္ ဖာဂူဆန္ အစရွိသျဖင့္ နည္းျပေတြ အမ်ားၾကီးနဲ႕ အလုပ္လုပ္ဖူးပါတယ္။ သူတို႔ အရည္အခ်င္းက သူတို႔ ဘာလိုခ်င္လဲ ဆိုတာ ရွင္းရွင္းလင္းလင္း ေျပာနိုင္တာပဲ။ ”

” တေလာက အမ္မရီရဲ႕ ထရိန္နင္က ဗီဒီယိုကို တစ္ေယာက္က က်ေနာ့္ဆီ ပို႔ေပးတယ္။ သူ ဘာေတြ ေျပာေနသလဲ က်ေနာ္ နားမလည္နုိင္ဘူး သူက လာဖို႔ ေျပာေန လမ္းညႊန္ေနတာလို တခုခုပဲ။ ဒါက အေရးၾကီးပါတယ္။ ကိုယ္ဘာလိုခ်င္လဲ ဆိုတာ ရွင္းလင္းေအာင္ ေျပာရမယ္ ေခါင္းေဆာင္ ျဖစ္ရမယ္။ ေခါင္းေဆာင္မယ့္သူ တစ္ဦးက အသင္း ကစားသမားေတြကို ရွင္းရွင္းလင္းလင္း ေျပာျပတတ္ဖို႔ လိုတယ္။ ” လို႔ ဗန္ပါစီက ေျပာဆိုခဲ့ပါတယ္။