မန်နေဂျာယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတိုင်းဟာ နောက်ထပ် အဆင့်တွေကို တက်လှမ်းနိုင်ဖို့ ဦးတည်ချက်တွေ ရှိထားတာကြောင့် ဂျန့်အသင်းနဲ့ပွဲကို မျက်နှာလွဲပြီး အခြားသော ပွဲတွေကို အာရုံစိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးဟာ ဒီက့ညမှာတောာ့ ဘယ်ဂျီယံ အမှတ်ပေးချန်ပီယံကို အန်ဖီးမှာ ဧည့်ခံကစားရမှာပါ။ ဒီပွဲကို အနိုင်ရရင် လီဗာပူးဟာ ရံှူးထွက်အဆင့်ကို တက်လှမ်းဖို့အတွက် ခြေတစ်လှမ်း တိုးနိုင်မှာဖြစ်ပြီး ဂျန့်ဘက်ကလည်း နောက်ထပ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်အတွက် ဒီပွဲကို အာရုံစိုက်နေလိမ့်မယ်လို့ ကလော့ပ်က သတိပေးခဲ့ပါတယ်။

မန်နေဂျာကြီးက “ ဒီကနေ့ညမှာ ကျနော်တို့ လုပ်စရာ အလုပ်တွေရှိပါတယ်။ ဒီပွဲကလွဲလို့ အခြား ပြိုင်ပွဲကိုလည်း ကျနော်တို့ အာရုံစိုက်ခါင့် မရှိပါဘူး။ ဒီပွဲကိုပဲ အာရုံစိုက်ထားရတယ်။ မနှစ်တုန်းက အုပ်စုအဆင့်က ဘယ်လောက်တောင် ခက်ခဲခဲ့တယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်။ နောက်ဆုံးပွဲ နောက်ဆုံး မိနစ်ထိ ကျနော်တို့ကို အုပ်စုကနေ ထွက်သွားရအောင် ဖြစ်ခဲ့တယ်။

စက္ကန့်ဝက်လောက် အာရုံလွဲသွားရင်ကိုပဲ ဒီပြိုင်ပွဲမှာ ရမှတ်တွေ ဆုံးရံှူးနိုင်ပါတယ်။ ကျနော် ပြောတာယုံပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ဖြစ်စေ ရံှူးထွက်အဆင့်ဖြစ်စေ အချိန်တိုင်းမှာ ဟယ်ဗီးဝိတ်ပြိုင်ပွဲလို ယှဉ်ပြိုင်နေရတာပါ။ ကိုယ်ရင်ဆိုင်ရတဲ့ အသင်းတိုင်းက ကိုယ်ကို နောက်ကောက်ချဖို့ အရည်အချင်းတွေ ရှိပါတယ်။ အကယ်လို့ မှားယွင်းတဲ့ စိတ်ထားနဲ့ ခံယူချက်ရှိရင် ပွဲကို အရေးနိမ့်မှာပါပဲ။ ဒါအတွက် မေးခွန်းထုတ်စရာ မရှိပါဘူး။

အခြားသော အုပ်စုအဆင့်ပွဲတွေကို စိတ်မဝင်စားပေမယ့် သူတို့အားလုံးလည်း တူညီတဲ့ အနေအထားမှာ ရှိမှာပါပဲ။ အုပ်စုအဆင့် ရပ်တည်မှုတွေဟာ နောက်ဆုံးပွဲထိ ယှဉ်ပြိုင်ရမယ်ဆိုတာ သေချာပါတယ်။ ဒီကနေ့ပွဲမှာ ကျနော်တို့ရဲ့ ချဉ်းကပ်မှုနဲ့ ပက်သက်ပြီး စိတ်မပူပါဘူး။ ဒီအသင်းအကြောင်းကို ကျနော် ကောင်းကောင်းသိပါတယ်။ အန်ဖီးကွင်းမှာဖြစ်စေ အဝေးကွင်းမှာဖြစ်စေ လီဗာပူးက ချန်ပီယံလိဂ်ညတွေကို ဘယ်လောက်တောင် လေးစားတန်ဖိုးထားတယ်ဆိုတာ ကျနော် သိပါတယ်။

ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြရမှာဖြစ်ပြီး ကျနော်ပြောတဲ့ အားလုံးဆိုတဲ့အထဲမှာ ကစားသမားတွေ၊ အုပ်ချုပ်သူတွေ၊ ဝန်ထမ်းတွေ ပရိသတ်တွေ အားလုံး ပါပါတယ်။ ကျနော်တို့အားလုံး ဒီမှာရှိနေတာက ကျနော်တို့ရဲ့ အကောင်းဆုံးကို ပြသဖို့ပါ။ မနှစ်ကရာသီ ကျနော်တို့ သင်ယူခဲ့ရတာအရတော့ ကျနော်တို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အနိုင်ကစားဖို့ မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့ မိနစ်တိုင်း ပွဲတိုင်းကို အနိုင်ရအောင် ကစားဖို့ ဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ ကလပ္အသင္းတိုင္းဟာ ေနာက္ထပ္ အဆင့္ေတြကို တက္လွမ္းနုိင္ဖို႔ ဦးတည္ခ်က္ေတြ ရွိထားတာေၾကာင့္ ဂ်န္႔အသင္းနဲ႔ပြဲကို မ်က္ႏွာလြဲျပီး အျခားေသာ ပြဲေတြကို အာရံုစိုက္ဖို႔ မျဖစ္ႏုိင္ဘူးလို႔ ဆိုပါတယ္။

လက္ရွိခ်န္ပီယံ လီဗာပူးဟာ ဒီက႔ညမွာေတာာ့ ဘယ္ဂ်ီယံ အမွတ္ေပးခ်န္ပီယံကို အန္ဖီးမွာ ဧည့္ခံကစားရမွာပါ။ ဒီပြဲကို အႏုိင္ရရင္ လီဗာပူးဟာ ရံွဴးထြက္အဆင့္ကို တက္လွမ္းဖို႔အတြက္ ေျခတစ္လွမ္း တိုးႏုိင္မွာျဖစ္ျပီး ဂ်န္႔ဘက္ကလည္း ေနာက္ထပ္ ျပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ျပိဳင္ခြင့္အတြက္ ဒီပြဲကို အာရံုစိုက္ေနလိမ့္မယ္လို႔ ကေလာ့ပ္က သတိေပးခဲ့ပါတယ္။

မန္ေနဂ်ာၾကီးက “ ဒီကေန႔ညမွာ က်ေနာ္တုိ႔ လုပ္စရာ အလုပ္ေတြရွိပါတယ္။ ဒီပြဲကလြဲလို႔ အျခား ျပိဳင္ပြဲကိုလည္း က်ေနာ္တုိ႔ အာရံုစိုက္ခါင့္ မရွိပါဘူး။ ဒီပြဲကိုပဲ အာရံုစိုက္ထားရတယ္။ မႏွစ္တုန္းက အုပ္စုအဆင့္က ဘယ္ေလာက္ေတာင္ ခက္ခဲခဲ့တယ္ဆိုတာ က်ေနာ္တုိ႔ ျမင္ပါတယ္။ ေနာက္ဆံုးပြဲ ေနာက္ဆံုး မိနစ္ထိ က်ေနာ္တို႔ကို အုပ္စုကေန ထြက္သြားရေအာင္ ျဖစ္ခဲ့တယ္။

စကၠန္႔ဝက္ေလာက္ အာရံုလြဲသြားရင္ကိုပဲ ဒီျပိဳင္ပြဲမွာ ရမွတ္ေတြ ဆံုးရံွဴးႏုိင္ပါတယ္။ က်ေနာ္ ေျပာတာယံုပါ။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ အုပ္စုအဆင့္ျဖစ္ေစ ရံွဴးထြက္အဆင့္ျဖစ္ေစ အခ်ိန္တိုင္းမွာ ဟယ္ဗီးဝိတ္ျပိဳင္ပြဲလို ယွဥ္ျပိဳင္ေနရတာပါ။ ကိုယ္ရင္ဆုိင္ရတဲ့ အသင္းတိုင္းက ကိုယ္ကို ေနာက္ေကာက္ခ်ဖို႔ အရည္အခ်င္းေတြ ရွိပါတယ္။ အကယ္လို႔ မွားယြင္းတဲ့ စိတ္ထားနဲ႔ ခံယူခ်က္ရွိရင္ ပြဲကို အေရးနိမ့္မွာပါပဲ။ ဒါအတြက္ ေမးခြန္းထုတ္စရာ မရွိပါဘူး။

အျခားေသာ အုပ္စုအဆင့္ပြဲေတြကို စိတ္မဝင္စားေပမယ့္ သူတို႔အားလံုးလည္း တူညီတဲ့ အေနအထားမွာ ရွိမွာပါပဲ။ အုပ္စုအဆင့္ ရပ္တည္မႈေတြဟာ ေနာက္ဆံုးပြဲထိ ယွဥ္ျပိဳင္ရမယ္ဆိုတာ ေသခ်ာပါတယ္။ ဒီကေန႔ပြဲမွာ က်ေနာ္တုိ႔ရဲ႕ ခ်ဥ္းကပ္မႈနဲ႔ ပက္သက္ျပီး စိတ္မပူပါဘူး။ ဒီအသင္းအေၾကာင္းကို က်ေနာ္ ေကာင္းေကာင္းသိပါတယ္။ အန္ဖီးကြင္းမွာျဖစ္ေစ အေဝးကြင္းမွာျဖစ္ေစ လီဗာပူးက ခ်န္ပီယံလိဂ္ညေတြကို ဘယ္ေလာက္ေတာင္ ေလးစားတန္ဖိုးထားတယ္ဆိုတာ က်ေနာ္ သိပါတယ္။

က်ေနာ္တုိ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျပရမွာျဖစ္ျပီး က်ေနာ္ေျပာတဲ့ အားလံုးဆိုတဲ့အထဲမွာ ကစားသမားေတြ၊ အုပ္ခ်ဳပ္သူေတြ၊ ဝန္ထမ္းေတြ ပရိသတ္ေတြ အားလံုး ပါပါတယ္။ က်ေနာ္တို႔အားလံုး ဒီမွာရွိေနတာက က်ေနာ္တုိ႔ရဲ႕ အေကာင္းဆံုးကို ျပသဖို႔ပါ။ မႏွစ္ကရာသီ က်ေနာ္တို႔ သင္ယူခဲ့ရတာအရေတာ့ က်ေနာ္တုိ႔ဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို အႏုိင္ကစားဖို႔ မဟုတ္ပါဘူး။ ျပိဳင္ပြဲရဲ႕ မိနစ္တိုင္း ပြဲတိုင္းကို အႏုိင္ရေအာင္ ကစားဖို႔ ျဖစ္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။