လီဗာပူးအသင်းကတော့ ကြွေတက်ပြီးရင်း တက်နေတယ် ဆိုရမှာပါ။ အက်စတွန်ဗီလာကို နိုင်တဲ့ပွဲအပြီးမှာ လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးအသင်းဟာ ဥရောပကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ညွှန်ကိန်းမှာ ထိပ်ဆုံးထိ ရောက်ခဲ့ကာ နံပါတ် တစ် နေရာကို သိမ်းပိုက်သွားပါတယ်။

ဒီရာသီမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့လို ကလပ်အသင်းကြီးတွေရဲ့ ချွတ်ချော်မှုတွေ ရှိနေပြီး လီဗာပူးအသင်း ရမှတ်က အားလုံးကို ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ် အဖြစ် နေရာယူထားတဲ့ ဘာစီလိုနာကို နန်းချနိုင်ခဲ့ပြီ ဖြစ်ကာ မန်စီးတီးကိုလည်း ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ညွှန်ကိန်းမှာ လီဗာပူးက နံပါတ် တစ် နေရာ ယူထားပြီး အဆင့် ၂ မှာ မန်စီးတီး ရှိနေကာ ဘာစီလိုနာက အဆင့် ၃ ဖြစ်ပါတယ်။

ဒီအချိန်က လီဗာပူးအသင်းအတွက် သမိုင်းဝင် ကာလလို့လည်း ဆိုနိုင်ပါတယ်။ ၎င်းတို့ဟာ ဥရောပညွှန်ကိန်းမှာ အဆင့် ၁ နေရာ ပထမဆုံး ရဖူးတာ ဖြစ်တဲ့အပြင် ၂၀၀၇ နောက်ပိုင်း ထိပ်သီး အသင်းတွေထဲ မပါဝင်နိုင်ခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာ လီဗာပူးကို စတင် ကိုင်တွယ်စဉ်က လီဗာပူးဟာ အဆင့် ၃၇ မှာ ရှိပြီး ရော်ဂျာ အထွက် ကလော့ပ် လီဗာပူးကို ဆက်ခံစဉ်က လီဗာပူး အသင်းက အဆင့် ၂၇ မှာသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ထိပ်သီး ဆယ်သင်း အတွင်းကို ဘင်နီတင်ဇ် မရှိတော့တဲ့ နောက်ပိုင်း ပထမဆုံး အဖြစ် ၂၀၁၈ မှာ လီဗာပူး ရောက်ရှိလာခဲ့ပြီး ဒီနှစ် အစောပိုင်းမှာ ထိပ်သီး ၅ သင်းထဲ လီဗာပူး စတင် ချဉ်းနင်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပထမနေရာ ထိ ကျော်ဖြတ်လာနိုင်ခဲ့တာက လီဗာပူးအသင်းရဲ့ လျင်မြန်စွာ တိုးတက်မှုကို ဖော်ပြနေတာပါ။

ယူရိုကလပ် Index က ထုတ်ပြန်ထားတဲ့ ကလပ်အသင်းတွေ အဆင့်နဲ့ ရမှတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းကေတာ့ ေၾကြတက္ျပီးရင္း တက္ေနတယ္ ဆိုရမွာပါ။ အက္စတြန္ဗီလာကို နုိင္တဲ့ပြဲအျပီးမွာ လက္ရွိ ဥေရာပ ခ်န္ပီယံ လီဗာပူးအသင္းဟာ ဥေရာပကလပ္အသင္းေတြရဲ႕ စြမ္းေဆာင္ရည္ညႊန္ကိန္းမွာ ထိပ္ဆံုးထိ ေရာက္ခဲ့ကာ နံပါတ္ တစ္ ေနရာကို သိမ္းပိုက္သြားပါတယ္။

ဒီရာသီမွာ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္တို႔လို ကလပ္အသင္းၾကီးေတြရဲ႕ ခၽြတ္ေခ်ာ္မႈေတြ ရွိေနျပီး လီဗာပူးအသင္း ရမွတ္က အားလံုးကို ေက်ာ္ျဖတ္သြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကမၻာ့အေကာင္းဆံုး ကလပ္ အျဖစ္ ေနရာယူထားတဲ့ ဘာစီလိုနာကို နန္းခ်နိုင္ခဲ့ျပီ ျဖစ္ကာ မန္စီးတီးကိုလည္း ေက်ာ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ ညႊန္ကိန္းမွာ လီဗာပူးက နံပါတ္ တစ္ ေနရာ ယူထားျပီး အဆင့္ ၂ မွာ မန္စီးတီး ရွိေနကာ ဘာစီလိုနာက အဆင့္ ၃ ျဖစ္ပါတယ္။

ဒီအခ်ိန္က လီဗာပူးအသင္းအတြက္ သမိုင္း၀င္ ကာလလို႔လည္း ဆိုနုိင္ပါတယ္။ ၄င္းတို႔ဟာ ဥေရာပညႊန္ကိန္းမွာ အဆင့္ ၁ ေနရာ ပထမဆံုး ရဖူးတာ ျဖစ္တဲ့အျပင္ ၂၀၀၇ ေနာက္ပိုင္း ထိပ္သီး အသင္းေတြထဲ မပါ၀င္နုိင္ခဲ့တာ ၾကာျပီ ျဖစ္ပါတယ္။ ဘရန္ဒန္ေရာ္ဂ်ာ လီဗာပူးကုိ စတင္ ကိုင္တြယ္စဥ္က လီဗာပူးဟာ အဆင့္ ၃၇ မွာ ရွိျပီး ေရာ္ဂ်ာ အထြက္ ကေလာ့ပ္ လီဗာပူးကို ဆက္္ခံစဥ္က လီဗာပူး အသင္းက အဆင့္ ၂၇ မွာသာ ရွိခဲ့တာ ျဖစ္ပါတယ္။

ထိပ္သီး ဆယ္သင္း အတြင္းကို ဘင္နီတင္ဇ္ မရွိေတာ့တဲ့ ေနာက္ပိုင္း ပထမဆုံး အျဖစ္ ၂၀၁၈ မွာ လီဗာပူး ေရာက္ရွိလာခဲ့ျပီး ဒီနွစ္ အေစာပိုင္းမွာ ထိပ္သီး ၅ သင္းထဲ လီဗာပူး စတင္ ခ်ဥ္းနင္း ၀င္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အခုလို ပထမေနရာ ထိ ေက်ာ္ျဖတ္လာနိုင္ခဲ့တာက လီဗာပူးအသင္းရဲ႕ လ်င္ျမန္စြာ တိုးတက္မႈကို ေဖာ္ျပေနတာပါ။