လွန်ခဲ့တဲ့ နှစ်များစွာက အာဆင်ဝင်းဂါးအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ကတောက်ကဆ ဖြစ်ခဲ့ကြပြီးနောက် အခုချိန်မှာ ဟိုဆေးမော်ရင်ညို ဟာ အာဆင်နယ် ကို ရောက်ရှိဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ကိုယ့်ဘာကိုယ် စိတ်ကြီးဝင်တတ်တဲ့ စပါယ်ရှယ်ဝမ်း နည်းပြ မော်ရင်ညို ဟာ အမ်မရီ မရှိတော့ရင် ဂန်းနားတွေကို နည်းပြဖို့ စိတ်ဝင်စားနေပြီး ပိုအံ့ဩစရာကောင်းတာက သူ့ကို လက်ကမ်းကြိုဖို့ အဆင်သင့် ဖြစ်နေကြတဲ့ ပရိသတ်တွေကလဲ အများအပြား ရှိနေတာပါ။

ယခင်က မုန်းတီးသူ များစွာ ရှိခဲ့တဲ့ မော်ရင်ညို ကို အခုတော့ ပရိသတ် အချို့က ကယ်တင်ရှင်အဖြစ် သူ့ကို မြင်နေကြပါတယ်။ အာဆင်နယ်က နည်းပြသစ်တစ်ယောက် လိုအပ်နေတာ အမှန်ပါ။ အမ်မရီက ဒီအလုပ်မှာ ကောင်းကောင်း ဆက်ရှိနေနိုင်သေးတယ်ဆိုပေမယ့် စပိန်သားဟာ ကလပ်ကို အောင်မြင်တိုးတက်စေပြီး ဥရောပ ထိပ်သီး အဆင့်မှာ ပြန်လည်ပြိုင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်တဲ့ သူ မဟုတ်ဘူးဆိုတာ ပိုပြီး ရှင်းလင်းလာနေပါတယ်။

အမ်မရီဟာ အမ်းမရိတ်စ် မှာ ၁၈လ ကြာခဲ့ပြီး တကယ် တိုးတက်မှုမျိုး မတွေ့ရသေးပါဘူး။ ဒါ့အပြင် တချို့နေရာတွေမှာ အသင်းကို ပိုပြီးဆိုးအောင်တောင် လုပ်ခဲ့ပါတယ်။ ရလဒ်တွေက ဆိုးဝါးနေပြီး ကစားပုံကလဲ စိတ်ပျက်စရာ ကောင်းလှပါတယ်။ မြောက်လန်ဒန် မှာ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုပေမယ့် မော်ရင်ညိုက အာဆင်နယ် တို့ မျှော်လင့်သင့်တဲ့ လူတော့ မဟုတ်ပါဘူး။ အာဆင်နယ် အတွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရ မော်ရင်ညို နဲ့ ကောလာဟလတွေက ကလပ်အတွင်းကထက် မော်ရင်ညို နဲ့ နီးစပ်တဲ့ သူတွေဆီကနေ ပိုပြီး ပေါ်ထွက်လာတာပါလို့ သိရပါတယ်။

အမ်းမရိတ်စ် မှာ နောက်ဆုံးပွဲ ပြီးတဲ့နောက် ဝင်းဂါးက ပရိသတ် တွေကို “ကျနော်လဲ ခင်ဗျားတို့လိုပါပဲ။ အာဆင်နယ် ပရိသတ်တစ်ယောက် ပါ။ ဒါက ဘောလူံးပွဲ ကြည့်ရုံလောက်ထက် ပိုတယ်။ ဘဝနဲ့ဆိုင်တဲ့ဟာပါ။ ဒါက လှပတဲ့ ပွဲတွေ၊ ကျနော်တို့ မြတ်နိုးရတဲ့ တန်ဖိုးတွေကို ဂရုစိုက်တာ ဖြစ်တယ်။ ” လို့ ပြောခဲ့ပါတယ်။

ဒီတန်ဖိုးတွေကို အာဆင်နယ် ပရိသတ်တွေက အရမ်းဂုဏ်ယူကြပါတယ်။ ဒါပေမယ့် မော်ရင်ညို ကို ခန့်အပ်ရင် သူတို့ရဲ့ တန်ဖိုးတွေကို အလျှော့ပေးရပါလိမ့်မယ်။ အဲ့ဒါက ဈေးကြီးပြီး ကာလတိုခန့်အပ်မှု ဖြစ်မယ့်အပြင် ရှုပ်ထွေးပြီး တန်ဖိုးကြီးတဲ့ ခွဲခွာမှု ဖြစ်မှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ မော်ရင်ညို ပါရင် အမြဲ အဲ့လိုဖြစ်နေကြပဲလေ။

မော်ရင်ညိုဟာ အင်္ဂလန် ကို စရောက်တဲ့အချိန်မှာ ပွဲကိုပြောင်းလဲနိုင်သူ ဖြစ်ခဲ့တယ်။ ချယ်ဆီးကို အင်္ဂလန် ဘောလုံးလောကမှာ အကောင်းဆုံး အသင်းတစ်သင်း အဖြစ် ပြောင်းလဲပေးခဲ့တယ်။ ၂၀၀၄-၂၀၀၅ ဖလားအောင်မြင်ခဲ့တဲ့ အသင်းဟာ အံ့ဩစရာ ကောင်းခဲ့တယ်။ အင်တာ၊ ရီးရဲလ်တို့နဲ့လဲ အောင်မြင်မှုတွေ ယူခဲ့ပြီး ၂၀၁၃မှာ စတန်းဖို့ဒ်ဘရစ်ချ် ကို တကျော့ပြန်လာကာ ဒုတိယရာသီမှာ လိဂ်ဖလားရယူပေးခဲ့ပါတယ်။

ယူနိုက်တက်နဲ့တော့ လိဂ်မှာ မအောင်မြင်ခဲ့သလို အာဆင်နယ် နဲ့လဲ ရမှာ မဟုတ်ပါဘူး။ အမ်းမရိတ်စ် ရဲ့ ခံစစ်ပိုင်း ကို တိုးတက်စေမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် ဒါက ကလပ် အနေနဲ့ အောင်မြင်မှုရှာဖွေဖို့အရေး သူတို့ရဲ့ ဝိညာဉ်ကို ရောင်းဖို့ အတွက် အကြောင်းပြချက် မဟုတ်ပါဘူး။ အာဆင်နယ် မှာ မျှော်လင့်စရာ လူငယ်ကစားသမား များစွာရှိပြီး ဟိုဆေး တိုးတက်အောင် လုပ်ပေးခဲ့တဲ့ လူငယ်ကစားသမား ဆိုတာ လက်ချိုးရေလို့ရပါတယ်။ အာဆင်နယ် လိုအပ်နေတာ သစ်လွင်ပြီး လမ်းဟောင်းမလိုက်တတ်တဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ ငွေအများကြီး သုံးပေမယ့်လဲ အိုးလ်ထရက်ဖို့ဒ် မှာ မအောင်မြင်ခဲ့တဲ့ မော်ရင်ညို လို မဟုတ်ပါဘူး။

အာဆင်နယ် ရဲ့ ဘောလုံးဒါရိုက်တာ နဲ့ မော်ရင်ညို ညစာစားခဲ့တယ်ဆိုတဲ့ သတင်းက မမှန်ကန်ဘူးလို့ ကလပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ဒါပေမယ့် ဒါက မော်ရင်ညို ရဲ့ စတိုင်ပါပဲ။ ဒါဟာ အမ်မရီ အပေါ် မီးမောင်းထိူးခံနေရချိန်မှာ မော်ရင်ညို အပေါ် စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပြီး ပရိသတ်အချို့က အပြောင်းအလဲ လုပ်ဖို့ ကလပ်ကို တောင်းဆိုကြတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ မော်ရင်ညို ဟာ ဆိုရှယ်မီဒီယာကို သူ့ကိုယ်ကျိုးအတွက် အသုံးချတတ်တဲ့ လူတော်ဖြစ်ပြီး နေရာမြင့်မြင့်တွေမှာ သူ့မိတ်ဆွေတွေ ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်က အားလုံးအပေါ် မှာ ရှိနေသင့်ပါတယ်။

ဝင်းဂါးရှိနေတူန်းက သူ့နေရာ အစားထိူးဖို့ အကြောင်းပြချက်ကြီး တစ်ခုက သူ့ရဲ့အကောင်းဆုံးနေ့ရက်တွေက ကုန်ဆုံးသွားပြီဖြစ်ပြီး လူသစ်တွေနဲ့ လိုက်မယှဉ်နိူင်တော့ဘူး ဆိုတာပါပဲ။ မော်ရင်ညို လဲ ထိုနည်းတူပါ။ သူ့ရဲ့ အကောင်းဆုံး အချိန်တွေ ရှိခဲ့ပြီး နောက်ဆူံးမှာ အာဆင်နယ် က အမ်မရီ ကို ဖယ်ပြီး လူသစ်တစ်ယောက် စတင် ရှာဖွေတဲ့အခါ သူတို့ဟာ ကွဲအက်နေပြီးသား အမ်းမရိတ်စ် ကို အပိုင်းပိုင်း ဖြစ်အောင် လုပ်မယ့်လူနဲ့ ဆန့်ကျင်ဘက် ကို ရှာဖွေပါလိမ့်မယ်။

ZAWGYI

လြန္ခဲ့တဲ့ ႏွစ္မ်ားစြာက အာဆင္ဝင္းဂါးအေပၚ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈနဲ႔ ကေတာက္ကဆ ျဖစ္ခဲ့ၾကၿပီးေနာက္ အခုခ်ိန္မွာ ဟိုေဆးေမာ္ရင္ညိဳ ဟာ အာဆင္နယ္ ကို ေရာက္ရွိဖို႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါတယ္။ ကိုယ့္ဘာကိုယ္ စိတ္ႀကီးဝင္တတ္တဲ့ စပါယ္ရွယ္ဝမ္း နည္းျပ ေမာ္ရင္ညိဳ ဟာ အမ္မရီ မရွိေတာ့ရင္ ဂန္းနားေတြကို နည္းျပဖို႔ စိတ္ဝင္စားေနၿပီး ပိုအံ့ဩစရာေကာင္းတာက သူ႔ကို လက္ကမ္းႀကိဳဖို႔ အဆင္သင့္ ျဖစ္ေနၾကတဲ့ ပရိသတ္ေတြကလဲ အမ်ားအျပား ရွိေနတာပါ။

ယခင္က မုန္းတီးသူ မ်ားစြာ ရွိခဲ့တဲ့ ေမာ္ရင္ညိဳ ကို အခုေတာ့ ပရိသတ္ အခ်ိဳ႕က ကယ္တင္ရွင္အျဖစ္ သူ႔ကို ျမင္ေနၾကပါတယ္။ အာဆင္နယ္က နည္းျပသစ္တစ္ေယာက္ လိုအပ္ေနတာ အမွန္ပါ။ အမ္မရီက ဒီအလုပ္မွာ ေကာင္းေကာင္း ဆက္ရွိေနႏိုင္ေသးတယ္ဆိုေပမယ့္ စပိန္သားဟာ ကလပ္ကို ေအာင္ျမင္တိုးတက္ေစၿပီး ဥေရာပ ထိပ္သီး အဆင့္မွာ ျပန္လည္ၿပိဳင္ဆိုင္ႏိုင္ေအာင္ လုပ္ေပးႏိုင္တဲ့ သူ မဟုတ္ဘူးဆိုတာ ပိုၿပီး ရွင္းလင္းလာေနပါတယ္။

အမ္မရီဟာ အမ္းမရိတ္စ္ မွာ ၁၈လ ၾကာခဲ့ၿပီး တကယ္ တိုးတက္မႈမ်ိဳး မေတြ႕ရေသးပါဘူး။ ဒါ့အျပင္ တခ်ိဳ႕ေနရာေတြမွာ အသင္းကို ပိုၿပီးဆိုးေအာင္ေတာင္ လုပ္ခဲ့ပါတယ္။ ရလဒ္ေတြက ဆိုးဝါးေနၿပီး ကစားပုံကလဲ စိတ္ပ်က္စရာ ေကာင္းလွပါတယ္။ ေျမာက္လန္ဒန္ မွာ ေျပာင္းလဲဖို႔ အခ်ိန္တန္ၿပီဆိုေပမယ့္ ေမာ္ရင္ညိဳက အာဆင္နယ္ တို႔ ေမွ်ာ္လင့္သင့္တဲ့ လူေတာ့ မဟုတ္ပါဘူး။ အာဆင္နယ္ အတြင္းသတင္းရင္းျမစ္ေတြရဲ႕အဆိုအရ ေမာ္ရင္ညိဳ နဲ႔ ေကာလာဟလေတြက ကလပ္အတြင္းကထက္ ေမာ္ရင္ညိဳ နဲ႔ နီးစပ္တဲ့ သူေတြဆီကေန ပိုၿပီး ေပၚထြက္လာတာပါလို႔ သိရပါတယ္။

အမ္းမရိတ္စ္ မွာ ေနာက္ဆုံးပြဲ ၿပီးတဲ့ေနာက္ ဝင္းဂါးက ပရိသတ္ ေတြကို “က်ေနာ္လဲ ခင္ဗ်ားတို႔လိုပါပဲ။ အာဆင္နယ္ ပရိသတ္တစ္ေယာက္ ပါ။ ဒါက ေဘာလူံးပြဲ ၾကည့္႐ုံေလာက္ထက္ ပိုတယ္။ ဘဝနဲ႔ဆိုင္တဲ့ဟာပါ။ ဒါက လွပတဲ့ ပြဲေတြ၊ က်ေနာ္တို႔ ျမတ္ႏိုးရတဲ့ တန္ဖိုးေတြကို ဂ႐ုစိုက္တာ ျဖစ္တယ္။ ” လို႔ ေျပာခဲ့ပါတယ္။

ဒီတန္ဖိုးေတြကို အာဆင္နယ္ ပရိသတ္ေတြက အရမ္းဂုဏ္ယူၾကပါတယ္။ ဒါေပမယ့္ ေမာ္ရင္ညိဳ ကို ခန္႔အပ္ရင္ သူတို႔ရဲ႕ တန္ဖိုးေတြကို အေလွ်ာ့ေပးရပါလိမ့္မယ္။ အဲ့ဒါက ေစ်းႀကီး​ၿပီး ကာလတိုခန္႔အပ္မႈ ျဖစ္မယ့္အျပင္ ရႈပ္ေထြးၿပီး တန္ဖိုးႀကီးတဲ့ ခြဲခြာမႈ ျဖစ္မွာ အေသအခ်ာပါပဲ။ ဘာလို႔လဲဆိုေတာ့ ေမာ္ရင္ညိဳ ပါရင္ အၿမဲ အဲ့လိုျဖစ္ေနၾကပဲေလ။

ေမာ္ရင္ညိဳဟာ အဂၤလန္ ကို စေရာက္တဲ့အခ်ိန္မွာ ပြဲကိုေျပာင္းလဲႏိုင္သူ ျဖစ္ခဲ့တယ္။ ခ်ယ္ဆီးကို အဂၤလန္ ေဘာလုံးေလာကမွာ အေကာင္းဆုံး အသင္းတစ္သင္း အျဖစ္ ေျပာင္းလဲေပးခဲ့တယ္။ ၂၀၀၄-၂၀၀၅ ဖလားေအာင္ျမင္ခဲ့တဲ့ အသင္းဟာ အံ့ဩစရာ ေကာင္းခဲ့တယ္။ အင္တာ၊ ရီးရဲလ္တို႔နဲ႔လဲ ေအာင္ျမင္မႈေတြ ယူခဲ့ၿပီး ၂၀၁၃မွာ စတန္းဖို႔ဒ္ဘရစ္ခ်္ ကို တေက်ာ့ျပန္လာကာ ဒုတိယရာသီမွာ လိဂ္ဖလားရယူေပးခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ေတာ့ လိဂ္မွာ မေအာင္ျမင္ခဲ့သလို အာဆင္နယ္ နဲ႔လဲ ရမွာ မဟုတ္ပါဘူး။ အမ္းမရိတ္စ္ ရဲ႕ ခံစစ္ပိုင္း ကို တိုးတက္ေစမွာေတာ့ အေသအခ်ာပါပဲ။ ဒါေပမယ့္ ဒါက ကလပ္ အေနနဲ႔ ေအာင္ျမင္မႈရွာေဖြဖို႔အေရး သူတို႔ရဲ႕ ဝိညာဥ္ကို ေရာင္းဖို႔ အတြက္ အေၾကာင္းျပခ်က္ မဟုတ္ပါဘူး။ အာဆင္နယ္ မွာ ေမွ်ာ္လင့္စရာ လူငယ္ကစားသမား မ်ားစြာရွိၿပီး ဟိုေဆး တိုးတက္ေအာင္ လုပ္ေပးခဲ့တဲ့ လူငယ္ကစားသမား ဆိုတာ လက္ခ်ိဳးေရလို႔ရပါတယ္။ အာဆင္နယ္ လိုအပ္ေနတာ သစ္လြင္ၿပီး လမ္းေဟာင္းမလိုက္တတ္တဲ့ ေခါင္းေဆာင္ တစ္​ေယာက္ပါ။ ေငြအမ်ားႀကီး သုံးေပမယ့္လဲ အိုးလ္ထရက္ဖို႔ဒ္ မွာ မေအာင္ျမင္ခဲ့တဲ့ ေမာ္ရင္ညိဳ လို မဟုတ္ပါဘူး။

အာဆင္နယ္ ရဲ႕ ေဘာလုံးဒါ႐ိုက္တာ နဲ႔ ေမာ္ရင္ညိဳ ညစာစားခဲ့တယ္ဆိုတဲ့ သတင္းက မမွန္ကန္ဘူးလို႔ ကလပ္နဲ႔ နီးစပ္သူေတြက ဆိုပါတယ္။ ဒါေပမယ့္ ဒါက ေမာ္ရင္ညိဳ ရဲ႕ စတိုင္ပါပဲ။ ဒါဟာ အမ္မရီ အေပၚ မီးေမာင္းထိူးခံေနရခ်ိန္မွာ ေမာ္ရင္ညိဳ အေပၚ စိတ္ဝင္စားမႈ ျမင့္တက္ေစခဲ့ၿပီး ပရိသတ္အခ်ိဳ႕က အေျပာင္းအလဲ လုပ္ဖို႔ ကလပ္ကို ေတာင္းဆိုၾကတဲ့အထိ ျဖစ္ေစခဲ့ပါတယ္။ ေမာ္ရင္ညိဳ ဟာ ဆိုရွယ္မီဒီယာကို သူ႔ကိုယ္က်ိဳးအတြက္ အသုံးခ်တတ္တဲ့ လူေတာ္ျဖစ္ၿပီး ေနရာျမင့္ျမင့္ေတြမွာ သူ႔မိတ္ေဆြေတြ ရွိပါတယ္။ ဒါေပမယ့္ အာဆင္နယ္က အားလုံးအေပၚ မွာ ရွိေနသင့္ပါတယ္။

ဝင္းဂါးရွိေနတူန္းက သူ႔ေနရာ အစားထိူးဖို႔ အေၾကာင္းျပခ်က္ႀကီး တစ္ခုက သူ႔ရဲ႕အေကာင္းဆုံးေန႔ရက္ေတြက ကုန္ဆုံးသြားၿပီျဖစ္ၿပီး လူသစ္ေတြနဲ႔ လိုက္မယွဥ္ႏိူင္ေတာ့ဘူး ဆိုတာပါပဲ။ ေမာ္ရင္ညိဳ လဲ ထိုနည္းတူပါ။ သူ႔ရဲ႕ အေကာင္းဆုံး အခ်ိန္ေတြ ရွိခဲ့ၿပီး ေနာက္ဆူံးမွာ အာဆင္နယ္ က အမ္မရီ ကို ဖယ္ၿပီး လူသစ္တစ္​ေယာက္ စတင္ ရွာေဖြတဲ့အခါ သူတို႔ဟာ ကြဲအက္ေနၿပီးသား အမ္းမရိတ္စ္ ကို အပိုင္းပိုင္း ျဖစ္ေအာင္ လုပ္မယ့္လူနဲ႔ ဆန္႔က်င္ဘက္ ကို ရွာေဖြပါလိမ့္မယ္။