အာဆင်နယ်ကစားသမားဟောင်းကြီး ချာလီနီကိုးလက်စ်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ကစားသမား အင်းအားဖြည့်ဖို့ ရည်ရွယ်တဲ့အခါ ယူနိုက်တက် ကစားသမားကို ခေါ်ယူသင့်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အနေနဲ့ ယူနိုက်တက်မှာ နေရာမရတာကြောင့် အငှားထွက်ခဲ့ရပြီး မကြာတော့တဲ့ အပြောင်းအရွှေ့မှာ အပြီးသတ် ထွက်ခွာတော့မယ့် အင်္ဂလန်သား ဝါရင့်ခံစစ်မှူး စမောလင်းကို ခေါ်ယူသင့်တယ်လို့ ဆိုတာပါ။ ခံစစ်ပိုင်းမှာ ရုန်းကန်ရမှုတွေရှိနေတဲ့ အာဆင်နယ်ဟာ ချယ်ဆီးမှ လူးဝစ်ကို ခေါ်ယူခဲ့ပေမယ့်လည်း အားနည်းချက်တွေကို မဖြည့်နိုင်ပဲ ဒီရာသီမှာလည်း ပေးဂိုးတွေ အများအပြားကို ခွင့်ပြုနေရသေးတာ ဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ခံစစ်ကို အသားပေး ပြင်ဆင်မှုတွေ လုပ်လာခ့ပေမယ့် ဒီရာသီမှာလည်း ပြိုင်ပွဲစုံ clean sheet ၅ ပွဲပဲ ရထားသေးတာဖြစ်တယ်။ ပရီးမီးယားလိဂ်မှာ ၂ ပွဲပဲ ရထားတာဖြစ်ပြီး အာဆင်နယ်ဟာ စမောလင်းကို ခေါ်ယူသင့်သလို ပဲလေစ့်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားခဲ့တဲ့ ကာဟေးကိုလည်း ခေါ်ယူသင့်ခဲ့တာပါလို့ ဆိုပါတယ်။

နီကိုးလက်စ်က ” အာဆင်နယ်က ပုဂ္ဂိုလ်ရေးရာအရ လက်မှတ်ထိုးမှုတွေ မလုပ်ခဲ့ဘူး။ စမောလင်ကို ဘာလို့ မခေါ်ယူနိုင်ရမလဲ သူ့အတွက် ဘယ်လောက် ကုန်ကျမယ်ဆိုတာ ကျနော် မသိဘူး။ နွေမှာ ယူနိုက်တက်ကနေ ရိုးမားကို အပြီးသတ် ပြောင်းမသွားခင်မှာ အာဆင်နယ်က သူ့ကို ခေါ်ယူသင့်ပါတယ်။ စမောလင်းက လက်ရှိ အာဆင်နယ်အသင်းသားတွေထက် ပိုကောင်းပါတယ်။

အာဆင်နယ်က ချယ်ဆီးကနေ ကာဟေးကိုလည်း ခေါ်ယူသင့်ပြီး ခံစစ်အတွက် ကာဟေးကို အထိုင်ကစားစေသင့်တာပါ။ ကာဟေးကလည်း အာဆင်နယ်မှာ ရှိနေတဲ့ ကစားသမားတွေထက် ပိုကောင်းပြီး သူက ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ ဒါပေမယ့်လို့ သူတို့ မခေါ်ယူခဲ့ပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ကစားသမားေဟာင္းၾကီး ခ်ာလီနီကိုးလက္စ္က သူ႔ရဲ႕ အသင္းေဟာင္းအေနနဲ႔ ကစားသမား အင္းအားျဖည့္ဖို႔ ရည္ရြယ္တဲ့အခါ ယူႏုိက္တက္ ကစားသမားကို ေခၚယူသင့္တယ္လို႔ ေထာက္ျပ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အေနနဲ႔ ယူႏုိက္တက္မွာ ေနရာမရတာေၾကာင့္ အငွားထြက္ခဲ့ရျပီး မၾကာေတာ့တဲ့ အေျပာင္းအေရႊ႔မွာ အျပီးသတ္ ထြက္ခြာေတာ့မယ့္ အဂၤလန္သား ဝါရင့္ခံစစ္မွဴး စေမာလင္းကို ေခၚယူသင့္တယ္လုိ႔ ဆိုတာပါ။ ခံစစ္ပိုင္းမွာ ရုန္းကန္ရမႈေတြရွိေနတဲ့ အာဆင္နယ္ဟာ ခ်ယ္ဆီးမွ လူးဝစ္ကို ေခၚယူခဲ့ေပမယ့္လည္း အားနည္းခ်က္ေတြကို မျဖည့္ႏုိင္ပဲ ဒီရာသီမွာလည္း ေပးဂိုးေတြ အမ်ားအျပားကို ခြင့္ျပဳေနရေသးတာ ျဖစ္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အူႏုိင္းအမ္မရီက ခံစစ္ကို အသားေပး ျပင္ဆင္မႈေတြ လုပ္လာခ့ေပမယ့္ ဒီရာသီမွာလည္း ျပိဳင္ပြဲစံု clean sheet ၅ ပြဲပဲ ရထားေသးတာျဖစ္တယ္။ ပရီးမီးယားလိဂ္မွာ ၂ ပြဲပဲ ရထားတာျဖစ္ျပီး အာဆင္နယ္ဟာ စေမာလင္းကို ေခၚယူသင့္သလို ပဲေလစ့္ကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္သြားခဲ့တဲ့ ကာေဟးကိုလည္း ေခၚယူသင့္ခဲ့တာပါလို႔ ဆိုပါတယ္။

နီကိုးလက္စ္က ” အာဆင္နယ္က ပုဂၢိဳလ္ေရးရာအရ လက္မွတ္ထိုးမႈေတြ မလုပ္ခဲ့ဘူး။ စေမာလင္ကို ဘာလို႔ မေခၚယူႏုိင္ရမလဲ သူ႔အတြက္ ဘယ္ေလာက္ ကုန္က်မယ္ဆိုတာ က်ေနာ္ မသိဘူး။ ေႏြမွာ ယူႏုိက္တက္ကေန ရိုးမားကို အျပီးသတ္ ေျပာင္းမသြားခင္မွာ အာဆင္နယ္က သူ႔ကို ေခၚယူသင့္ပါတယ္။ စေမာလင္းက လက္ရွိ အာဆင္နယ္အသင္းသားေတြထက္ ပိုေကာင္းပါတယ္။

အာဆင္နယ္က ခ်ယ္ဆီးကေန ကာေဟးကိုလည္း ေခၚယူသင့္ျပီး ခံစစ္အတြက္ ကာေဟးကို အထိုင္ကစားေစသင့္တာပါ။ ကာေဟးကလည္း အာဆင္နယ္မွာ ရွိေနတဲ့ ကစားသမားေတြထက္ ပိုေကာင္းျပီး သူက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပါ။ ဒါေပမယ့္လို႔ သူတို႔ မေခၚယူခဲ့ပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။