ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်ပြီး လက်ရှိ ပီအက်ဂျီမှာ ကစားနေတဲ့ တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းတဲ့ ကလပ်အသင်း နှစ်သင်းထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် လီဗာပူးလည်း ပါဝင်လာတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

ပြင်သစ်မြေမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ အမ်ဘတ်ပီဟာ ပီအက်ဂျီနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိထားသူပါ။ သူ့ရဲ့ လက်ရှိ စာချုပ်က နှစ်နှစ်ခွဲပဲ ကျန်တော့တာဖြစ်ပြီး လာမယ့် နွေမှာ ကစားသမားကို ရောင်းမထုတ်ဘူးဆိုရင် ပြောင်းရွှေ့ကြေး များစွာ ကျဆင်းမယ့် အနေအထားကို ပီအက်ဂျီက ရင်ဆိုင်လာရတာဖြစ်တယ်။ ဒီအနေအထားမှာ ကစားသမားကို သက်တမ်းတိုးဖို့ ကြိုးစားမှုမှာ အောင်မြင်နိုင်ချေကလည်း နည်းပါးတယ်လို့ သိထားရပါတယ်။

၂၀၁၈ ကမ္ဘာဖလား အနိုင်ရ ပြင်သစ်အသင်းသားကို ခေါ်ယူဖို့ကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လီဗာပူးဘက်ကလည်း အမ်ဘတ်ပီကို မိုနာကိုကနေ ထွက်ခွာဖို့ စဉ်းစားကတည်း ခေါ်ယူလိုခဲ့သေးတာပါ။ နောက်နှစ် ဘောလုံးရာသီမှာ လီဗာပူးဟာ Nike နဲ့ လက်တွဲတော့မှာဖြစ်လို့ မြင့်မားတဲ့ အသုံးစရိတ်တွေ ရရှိမှာဖြစ်ပြီး အမ်ဘတ်ပီကို ခေါ်ယူဖို့ ပထမဆုံး ကြိုးစားနိုင်တယ်လို့လည်း သတင်းတွေ ထွက်ထားခဲ့ပါတယ်။

အမ်ဘတ်ပီကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ အများကြီး ရှိပေမယ့်လည်း သတင်းအကြီးဆုံး ဖြစ်လာတဲ့ ကလပ်နှစ်သင်းက ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ဖြစ်တယ်။ ချန်ပီယံလိဂ်ဖလား နောက်ဆုံး နှစ်ကြိမ်ကို ကိုယ်စီ တစ်ကြိမ်စီ အနိုင်ရထားတဲ့ ကလပ်နှစ်သင်းဟာ လာမယ့်နွေမှာ အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့လည်း လိုအပ်နေတာဖြစ်တယ်။

ရီးရဲလ်မန်နေဂျာဇီဒန်းက အမ်ဘတ်ပီဟာ ဘာနေဗျူးကို ပြောင်းလာဖို့ အိပ်မက်ရှိသူပါလို့ ထုတ်ပြောထားပြီး ဒီနွေမှာ လူသစ်ခေါ်ယူမှု လုံးဝ မလုပ်ခဲ့တဲ့ လီဗာပူးကလည်း တိုက်စစ်သမား တစ်ဦးကိုတော့ သေချာပေါက် အားဖြည့်မှုတွေ ရှိလာတော့မှာဖြစ်တယ်။ နောက်နှစ်နွေဟာ ပီအက်ဂျီနဲ့ အမ်ဘတ်ပီကြား စာချုပ်သက်တမ်းကိစ္စ စကားပြောစရာ ဖြစ်လာမှာနဲ့အတူ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးက တရားဝင် ဆက်သွယ်မှုတွေ စတင်ဖို့ရှိတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ZAWGYI

ျပင္သစ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္ျပီး လက္ရွိ ပီအက္ဂ်ီမွာ ကစားေနတဲ့ တိုက္စစ္မွဴး အမ္ဘတ္ပီကို ေခၚယူႏုိင္ဖို႔ အလားအလာေကာင္းတဲ့ ကလပ္အသင္း ႏွစ္သင္းထဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔အျပိဳင္ လီဗာပူးလည္း ပါဝင္လာတယ္လုိ႔ စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ျပင္သစ္ေျမမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနတဲ့ အမ္ဘတ္ပီဟာ ပီအက္ဂ်ီနဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္သက္တမ္း ရွိထားသူပါ။ သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္က ႏွစ္ႏွစ္ခြဲပဲ က်န္ေတာ့တာျဖစ္ျပီး လာမယ့္ ေႏြမွာ ကစားသမားကို ေရာင္းမထုတ္ဘူးဆိုရင္ ေျပာင္းေရႊ႔ေၾကး မ်ားစြာ က်ဆင္းမယ့္ အေနအထားကို ပီအက္ဂ်ီက ရင္ဆိုင္လာရတာျဖစ္တယ္။ ဒီအေနအထားမွာ ကစားသမားကို သက္တမ္းတိုးဖို႔ ၾကိဳးစားမႈမွာ ေအာင္ျမင္ႏုိင္ေခ်ကလည္း နည္းပါးတယ္လို႔ သိထားရပါတယ္။

၂၀၁၈ ကမၻာဖလား အႏုိင္ရ ျပင္သစ္အသင္းသားကို ေခၚယူဖို႔ကို လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ျပီး လီဗာပူးဘက္ကလည္း အမ္ဘတ္ပီကို မိုနာကိုကေန ထြက္ခြာဖို႔ စဥ္းစားကတည္း ေခၚယူလိုခဲ့ေသးတာပါ။ ေနာက္ႏွစ္ ေဘာလံုးရာသီမွာ လီဗာပူးဟာ Nike နဲ႔ လက္တြဲေတာ့မွာျဖစ္လို႔ ျမင့္မားတဲ့ အသံုးစရိတ္ေတြ ရရွိမွာျဖစ္ျပီး အမ္ဘတ္ပီကို ေခၚယူဖို႔ ပထမဆံုး ၾကိဳးစားႏုိင္တယ္လို႔လည္း သတင္းေတြ ထြက္ထားခဲ့ပါတယ္။

အမ္ဘတ္ပီကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြ အမ်ားၾကီး ရွိေပမယ့္လည္း သတင္းအၾကီးဆံုး ျဖစ္လာတဲ့ ကလပ္ႏွစ္သင္းက ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးတို႔ျဖစ္တယ္။ ခ်န္ပီယံလိဂ္ဖလား ေနာက္ဆုံး ႏွစ္ၾကိမ္ကို ကိုယ္စီ တစ္ၾကိမ္စီ အႏုိင္ရထားတဲ့ ကလပ္ႏွစ္သင္းဟာ လာမယ့္ေႏြမွာ အင္အားျဖည့္မႈေတြ ျပဳလုပ္ဖို႔လည္း လိုအပ္ေနတာျဖစ္တယ္။

ရီးရဲလ္မန္ေနဂ်ာဇီဒန္းက အမ္ဘတ္ပီဟာ ဘာေနဗ်ဴးကို ေျပာင္းလာဖို႔ အိပ္မက္ရွိသူပါလို႔ ထုတ္ေျပာထားျပီး ဒီေႏြမွာ လူသစ္ေခၚယူမႈ လံုးဝ မလုပ္ခဲ့တဲ့ လီဗာပူးကလည္း တိုက္စစ္သမား တစ္ဦးကိုေတာ့ ေသခ်ာေပါက္ အားျဖည့္မႈေတြ ရွိလာေတာ့မွာျဖစ္တယ္။ ေနာက္ႏွစ္ေႏြဟာ ပီအက္ဂ်ီနဲ႔ အမ္ဘတ္ပီၾကား စာခ်ဳပ္သက္တမ္းကိစၥ စကားေျပာစရာ ျဖစ္လာမွာနဲ႔အတူ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးက တရားဝင္ ဆက္သြယ္မႈေတြ စတင္ဖို႔ရွိတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။