ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာ ဇန်နဝါရီမှာ မန်ချက်စတာကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဖြစ်ပြီး ကလပ်ဘက်ကလည်း သူ့ကို ရောင်းထုတ်သွားနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။

မန်နေဂျာဆိုးရှားလက်အောက် ပွဲထွက်ခွင့် နည်းပါးနေခြင်းကို စိတ်ပျက်နေတဲ့ မာတစ်ဟာ အသင်းသစ်ကို ခပ်မြန်မြန် ရှာဖွေသွားလိုနေတာလည်းဖြစ်တယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲပဲ ကစားထားရတဲ့ မာတစ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန်က မျက်စိကျနေပါတယ်။ ဒီနွေမှာ စာချုပ်ကုန်မယ့် ဆားဘီးယား ကွင်းလယ်လူကို ယူနိုက်တက်ဘက်က အလိုရှိရင် တစ်နှစ် သက်တမ်းတိုးခွင့်ကို ထည့်သွင်းထားသေးတာဖြစ်တယ်။

ယူနိုက်တက်ဘက်က မာတစ်ကို လက်လွတ်ရရင် စပါးကွင်းလယ်လူ အဲရစ်ဆန်ကို ချက်ခြင်း ပြန်ခေါ်ဖို့ ယုံကြည်မှု ရျိနေပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး နွေတုန်းက အသင်းပြောင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားတာပါ။ ဒါပေမယ့် အဆင်မပြေမှုတွေရှိခဲ့တဲ့နောက် သူ့ရဲ့ ခြေစွမ်းတွေက အာရုံစိုက်မှု ပျောက်ဆုံးတဲ့အသွင်ကို ဆောင်နေပါတယ်။

အဲရစ်ဆန်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေပေမယ့် လာလီဂါကလပ်ဟာ ပစ်မှတ် အများအပြားကို တစ်ကြိမ်ထဲ ကမ်းလှမ်းနိုင်မှာ မဟုတ်ပဲ ၎င်းတို့ဟာ စပို့တင်းမှ ဖာနန်ဒက်၊ စပါးမှ အဲရစ်ဆန်၊ အေဂျက်မှ ဗန်ဒါဘိခ်နဲ့ ယူနိုက်တက်မှ ပေါ့ဘာတို့ကိုလည်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ကစားသမား ခေါ်ယူမှုမှာ အဲရစ်ဆန်ကို အဆင်မပြေဘူးဆိုရင် ဘန်လေအသင်းမှ ကလပ်အသင်း အကယ်ဒမီထွက် ကစားးသမားဟောင်းဖြစ်သူ Dwight McNeil ကို ခေါ်ယူဖို့လည်း စဉ်းစားနေပါတယ်။ အဆိုပါ အင်္ဂလန်လူငယ်ကို ဇန်နဝါရီမှာ ပေါင် ၃၅ သန်းပေးရင် ခေါ်ယူခွင့်ရနိုင်တယ်လို့လည်း သိထားရတာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ကြင္းလယ္လူ မာတစ္ဟာ ဇန္နဝါရီမွာ မန္ခ်က္စတာကေန ထြက္ခြာဖို႔ စဥ္းစားေနျပီျဖစ္ျပီး ကလပ္ဘက္ကလည္း သူ႔ကို ေရာင္းထုတ္သြားႏုိင္တဲ့ အေနအထားျဖစ္ေနပါတယ္။

မန္ေနဂ်ာဆိုးရွားလက္ေအာက္ ပြဲထြက္ခြင့္ နည္းပါးေနျခင္းကို စိတ္ပ်က္ေနတဲ့ မာတစ္ဟာ အသင္းသစ္ကို ခပ္ျမန္ျမန္ ရွာေဖြသြားလိုေနတာလည္းျဖစ္တယ္။ ဒီရာသီမွာ ယူႏုိက္တက္အတြက္ ပရီးမီးယားလိဂ္ပြဲ ၂ ပြဲပဲ ကစားထားရတဲ့ မာတစ္ကို ေခၚယူဖို႔ စီးရီးေအကလပ္ အင္တာမီလန္က မ်က္စိက်ေနပါတယ္။ ဒီေႏြမွာ စာခ်ဳပ္ကုန္မယ့္ ဆားဘီးယား ကြင္းလယ္လူကို ယူႏုိက္တက္ဘက္က အလိုရွိရင္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ကို ထည့္သြင္းထားေသးတာျဖစ္တယ္။

ယူႏုိက္တက္ဘက္က မာတစ္ကို လက္လြတ္ရရင္ စပါးကြင္းလယ္လူ အဲရစ္ဆန္ကို ခ်က္ျခင္း ျပန္ေခၚဖို႔ ယံုၾကည္မႈ ရ်ိေနပါတယ္။ ဒိန္းမတ္လက္ေရြးစင္ဟာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ျပီး ေႏြတုန္းက အသင္းေျပာင္းလိုေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ေျပာဆိုထားတာပါ။ ဒါေပမယ့္ အဆင္မေျပမႈေတြရွိခဲ့တဲ့ေနာက္ သူ႔ရဲ႕ ေျခစြမ္းေတြက အာရံုစိုက္မႈ ေပ်ာက္ဆံုးတဲ့အသြင္ကို ေဆာင္ေနပါတယ္။

အဲရစ္ဆန္ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္ ကလည္း စိတ္ဝင္စားေနေပမယ့္ လာလီဂါကလပ္ဟာ ပစ္မွတ္ အမ်ားအျပားကို တစ္ၾကိမ္ထဲ ကမ္းလွမ္းႏုိင္မွာ မဟုတ္ပဲ ၄င္းတို႔ဟာ စပို႔တင္းမွ ဖာနန္ဒက္၊ စပါးမွ အဲရစ္ဆန္၊ ေအဂ်က္မွ ဗန္ဒါဘိခ္နဲ႔ ယူႏုိက္တက္မွ ေပါ့ဘာတို႔ကိုလည္း ေခၚယူလိုေနတာျဖစ္ပါတယ္။

ယူႏုိက္တက္ကေတာ့ ကစားသမား ေခၚယူမႈမွာ အဲရစ္ဆန္ကို အဆင္မေျပဘူးဆိုရင္ ဘန္ေလအသင္းမွ ကလပ္အသင္း အကယ္ဒမီထြက္ ကစားးသမားေဟာင္းျဖစ္သူ Dwight McNeil ကို ေခၚယူဖို႔လည္း စဥ္းစားေနပါတယ္။ အဆိုပါ အဂၤလန္လူငယ္ကို ဇန္နဝါရီမွာ ေပါင္ ၃၅ သန္းေပးရင္ ေခၚယူခြင့္ရႏုိင္တယ္လို႔လည္း သိထားရတာျဖစ္ပါတယ္။