အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာဟောင်းဖြစ်သူ ကာပယ်လိုက ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးကြား အရေးပါတဲ့ ခြားနားမှုကို သုံးသပ်မှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

ကလပ်နှစ်သင်းဟာ ဒီအပတ် တနင်္ဂနွေနေ့မှာတော့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ လီဗာပူးက အမှတ်ပေးဇယားကို ၆ မှတ်ထိ ဖြတ်ထားနိုင်တဲ့ အနေအထားကြောင့် မန်စီးတီးကို အနိုင်ယူခဲ့မယ်ဆိုရင် အနီရောင်ပရိသတ်တွေအတွက် တကယ်ကို ထူးရှယ် အခိုက်အတန့် ဖြစ်လာပါလိမ့်မယ်။

ကာပယ်လိုက ” ကျနော်အတွက်က ကလော့ပ်က တကယ်ကို မှော်ဆန်တဲ့ အရာတွေကို လုပ်ပြနေတာပါ။ အန်ဖီးရဲ့ အားပေးမှု အငွေ့အသက်က တကယ်ကို ထူးချွန်လှပါတယ်။ အသင်းကလည်း ပရိသတ်တွေလို အားကောင်းလှတယ်။ လီဗာပူးအသင်း၊ ယာဂင်ကလော့ပ်နဲ့ ပရိသတ်တွေကြားက ဆက်နွယ်မှုက တကယ်ကို ဘာနဲ့မှ မတူအောင်ကို ထူးခြားပြိုင်ဘက်ကင်းလွန်းပါတယ်။

ဂွာဒီယိုလာကတော့ ခြားနားပါတယ်။ ကျနော်က သူရဲ့ အသင်းကစားတာကို ပြဇာတ်ရုံဆန်တယ်လို့ ထင်တယ်။ ပရိသတ်တွေကလည်း ပြဇာတ်ရုံဆန်ပါတယ်။ ရှိုးပွဲက သိပ်ကောင်းပါတယ် ဒါပေမယ့် ပြဇာတ်သာသာပါပဲ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ရိုးမားနဲ့ ဂျူဗင်တပ်တို့ကို မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့တဲ့ ကာပယ်လိုဟာ ၂၀၁၈ ခုနှစ်မှာ မန်နေဂျာဘဝက အနားယူခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ကြီးကျယ်တဲ့ ပွဲကောင်းတစ်ပွဲကို တက်ရောက်ကြည့်ရှုမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္လက္ေရြးစင္အသင္းရဲ႕ မန္ေနဂ်ာေဟာင္းျဖစ္သူ ကာပယ္လိုက ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးနဲ႔ ဂြာဒီယိုလာရဲ႕ မန္စီးတီးၾကား အေရးပါတဲ့ ျခားနားမႈကို သံုးသပ္မႈတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။

ကလပ္ႏွစ္သင္းဟာ ဒီအပတ္ တနဂၤေႏြေန႔မွာေတာ့ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ဆံုမွာျဖစ္ျပီး ပရီးမီးယားလိဂ္ဖလား ျပိဳင္ဆိုင္မႈမွာ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲကို ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ လီဗာပူးက အမွတ္ေပးဇယားကို ၆ မွတ္ထိ ျဖတ္ထားႏုိင္တဲ့ အေနအထားေၾကာင့္ မန္စီးတီးကို အႏုိင္ယူခဲ့မယ္ဆိုရင္ အနီေရာင္ပရိသတ္ေတြအတြက္ တကယ္ကို ထူးရွယ္ အခိုက္အတန္႔ ျဖစ္လာပါလိမ့္မယ္။

ကာပယ္လိုက ” က်ေနာ္အတြက္က ကေလာ့ပ္က တကယ္ကို ေမွာ္ဆန္တဲ့ အရာေတြကို လုပ္ျပေနတာပါ။ အန္ဖီးရဲ႕ အားေပးမႈ အေငြ႔အသက္က တကယ္ကို ထူးခၽြန္လွပါတယ္။ အသင္းကလည္း ပရိသတ္ေတြလို အားေကာင္းလွတယ္။ လီဗာပူးအသင္း၊ ယာဂင္ကေလာ့ပ္နဲ႔ ပရိသတ္ေတြၾကားက ဆက္ႏြယ္မႈက တကယ္ကို ဘာနဲ႔မွ မတူေအာင္ကို ထူးျခားျပိဳင္ဘက္ကင္းလြန္းပါတယ္။

ဂြာဒီယိုလာကေတာ့ ျခားနားပါတယ္။ က်ေနာ္က သူရဲ႕ အသင္းကစားတာကို ျပဇာတ္ရံုဆန္တယ္လို႔ ထင္တယ္။ ပရိသတ္ေတြကလည္း ျပဇာတ္ရံုဆန္ပါတယ္။ ရိႈးပြဲက သိပ္ေကာင္းပါတယ္ ဒါေပမယ့္ ျပဇာတ္သာသာပါပဲ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

ေအစီမီလန္၊ ရီးရဲလ္မက္ဒရစ္၊ ရိုးမားနဲ႔ ဂ်ဴဗင္တပ္တို႔ကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ခဲ့တဲ့ ကာပယ္လိုဟာ ၂၀၁၈ ခုႏွစ္မွာ မန္ေနဂ်ာဘဝက အနားယူခဲ့သူျဖစ္ျပီး ပရီးမီးယားလိဂ္ရဲ႕ ၾကီးက်ယ္တဲ့ ပြဲေကာင္းတစ္ပြဲကို တက္ေရာက္ၾကည့္ရႈမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။