ဒီအပတ် ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲမှာ ခြေစွမ်းကောင်းတွေ ပြန်ရလာတဲ့ ချိန်ဘာလိန်ကို ပွဲထွက်လူစာရင်းကနေ ထုတ်မသုံးပဲ အချိန်ထပ်ပေးဖို့ လီဗာပူးအသင်းသားဟောင်း ခရော့က သုံးသပ်လိုက်ပါတယ်။

ခရော့က ချိန်ဘာလိန်ဟာ ခြေစွမ်းပြန်ပြလာပေမယ့် အသက် ၂၆ နှလစ်အရွယ် ကစားသမားကို ရာနှုန်းပြည့် ကြံ့ခိုင်နေစေဖို့ ဖြေးဖြေးချင်းပဲ နေရာပေးပြီး အဓိက အသင်းနဲ့ တွဲဘက်သွားစေဖို့မျိုးကို မျှော်လင့်နေတယ်။ ယာဂင်ကလော့ပ် လက်ရှိ အသုံးပြနေတဲ့ ကွင်းလယ် သုံးယောက်တန်းဟာ တိုက်စစ်ကို မခြိမ်းခြောက်နိုင်ပေမယ့် အစွန်သမားတွေကို အပြည့်အဝ တိုက်စစ်ကစားစေဖို့ ထောက်ပံ့မှု ပေးနိုင်တယ်လို့ မြင်ပါတယ်။

ပီတာခရော့က “ သူက အဆင်သင့်ဖြစ်ပြီလို့ ကျနော် မထင်ဘူး။ ချိန်ဘာလိန်က ကြံ့ခိုင်မှု အပြည့်အဝ ပြန်ကောင်းလာဖို့ လိုနေသေးပေမယ့် ဂိုးတွေ သွင်းယူနိုင်သလို ထောက်ပံ့မှုတွေလည်း လုပ်လာနိုင်တာက တန်ဖိုးဖြတ် မရပါဘူး။ ကျနော် ထင်တာက သီတင်းပတ်အကုန်တွေမှာ ယှဉ်ပြိုင်ကစားရတဲ့ အရေးပါတဲ့ ပွဲမျိုးတွေမှာ ပွဲထွက်ရဖို့ လုံလောက်မှု မရှိသေးဘူး။ သူက စတင်တံခါးခေါက်မှုတွေတော့ လုပ်လာနိုင်ပါပြီ။

ဒီအခြေအနေမှာ လီဗာပူးက အထိုင်ကျတဲ့ အသင်းရှိနေပြီ အနိုင်ရနေတဲ့ အသင်းတစ်သင်းကို ဘာလို့ ပြောင်းလဲရမှာလ။ သူတို့က အပတ်တိုင်းကို အနိုင်ရနေတာပဲလေ။ အမြဲတမ်း သက်သောင့်သက်သာ မဟုတ်ရင်တောင် အနိုင်ရနေတာပဲ။ ကျနော်ကတော့ အဲ့လူစာရင်းကိုပဲ ပွဲထုတ်သင့်တယ်လို့ ထင်ပါတယ်။

ကစားကွင်းနောက်ကွယ်မှာ ယာဂင်ကလော့ပ်က ချိန်ဘာလိန်ထံက ပိုတောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် ချိန်ဘာလိန်က ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်နဲ့ ဖာဘင်ညိုနဲ့ မတူညီတဲ့ တောင်းဆိုမှုတွေကို ခံရမှာပါ။ တောင်ပံတွေ ပိုသွားရမယ်၊ ပြိုင်ဘက်အသင်းသားတွေကို အနိုင်ယူရမယ်၊ သူက ဘောလုံးနဲ့ ကောင်းကောင်းကစားနိုင်ပြီး တိုက်စစ်လည်း ခြိမ်းခြောက်နိုင်တယ်။

မန်စီးတီးလို အသင်းနဲ့ ရင်ဆိုင်ကစားမယ်ဆိုရင် အစွန်သမားတွေကို တိုက်စစ် အပြည့်အဝလိုက်ခွင့်ပေးမယ့် ကွင်းလယ်သုံးယောက်နဲ့ ပွဲထွက်သင့်တယ်လို့ ထင်တယ်။ ချိန်ဘာလိန်က လီဗာပူးလိုအပ်တဲ့ ကွင်းလယ်လို မဟုတ်ပဲ တိုက်စစ်ကိုပဲ အားသန်လွန်းတဲ့ ကစားသမားဖြစ်တယ်လို့ ကျနော် ထင်တယ်။ ” လို့ ရှင်းပြသွားခဲ့ပါတယ်။

ZAWGYI

ဒီအပတ္ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ မန္စီးတီးပြဲမွာ ေျခစြမ္းေကာင္းေတြ ျပန္ရလာတဲ့ ခ်ိန္ဘာလိန္ကို ပြဲထြက္လူစာရင္းကေန ထုတ္မသံုးပဲ အခ်ိန္ထပ္ေပးဖို႔ လီဗာပူးအသင္းသားေဟာင္း ခေရာ့က သံုးသပ္လိုက္ပါတယ္။

ခေရာ့က ခ်ိန္ဘာလိန္ဟာ ေျခစြမ္းျပန္ျပလာေပမယ့္ အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားကို ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနေစဖို႔ ေျဖးေျဖးခ်င္းပဲ ေနရာေပးျပီး အဓိက အသင္းနဲ႔ တြဲဘက္သြားေစဖို႔မ်ိဳးကို ေမွ်ာ္လင့့္ေနတယ္။ ယာဂင္ကေလာ့ပ္ လက္ရွိ အသံုးျပေနတဲ့ ကြင္းလယ္ သံုးေယာက္တန္းဟာ တိုက္စစ္ကို မျခိမ္းေျခာက္ႏုိင္ေပမယ့္ အစြန္သမားေတြကို အျပည့္အဝ တိုက္စစ္ကစားေစဖို႔ ေထာက္ပံ့မႈ ေပးႏုိင္တယ္လို႔ ျမင္ပါတယ္။

ပီတာခေရာ့က “ သူက အဆင္သင့္ျဖစ္ျပီလို႔ က်ေနာ္ မထင္ဘူး။ ခ်ိန္ဘာလိန္က ၾကံ႕ခိုင္မႈ အျပည့္အဝ ျပန္ေကာင္းလာဖို႔ လိုေနေသးေပမယ့္ ဂိုးေတြ သြင္းယူႏုိင္သလို ေထာက္ပံ့မႈေတြလည္း လုပ္လာႏုိင္တာက တန္ဖိုးျဖတ္ မရပါဘူး။ က်ေနာ္ ထင္တာက သီတင္းပတ္အကုန္ေတြမွာ ယွဥ္ျပိဳင္ကစားရတဲ့ အေရးပါတဲ့ ပြဲမ်ိဳးေတြမွာ ပြဲထြက္ရဖို႔ လံုေလာက္မႈ မရွိေသးဘူး။ သူက စတင္တံခါးေခါက္မႈေတြေတာ့ လုပ္လာႏုိင္ပါျပီ။

ဒီအေျခအေနမွာ လီဗာပူးက အထိုင္က်တဲ့ အသင္းရွိေနျပီ အႏုိင္ရေနတဲ့ အသင္းတစ္သင္းကို ဘာလို႔ ေျပာင္းလဲရမွာလ။ သူတို႔က အပတ္တိုင္းကို အႏုိင္ရေနတာပဲေလ။ အျမဲတမ္း သက္ေသာင့္သက္သာ မဟုတ္ရင္ေတာင္ အႏုိင္ရေနတာပဲ။ က်ေနာ္ကေတာ့ အဲ့လူစာရင္းကိုပဲ ပြဲထုတ္သင့္တယ္လို႔ ထင္ပါတယ္။

ကစားကြင္းေနာက္ကြယ္မွာ ယာဂင္ကေလာ့ပ္က ခ်ိန္ဘာလိန္ထံက ပိုေတာင္းဆိုပါလိမ့္မယ္။ ဒါေပမယ့္ ခ်ိန္ဘာလိန္က ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္နဲ႔ ဖာဘင္ညိဳနဲ႔ မတူညီတဲ့ ေတာင္းဆိုမႈေတြကို ခံရမွာပါ။ ေတာင္ပံေတြ ပိုသြားရမယ္၊ ျပိဳင္ဘက္အသင္းသားေတြကို အႏုိင္ယူရမယ္၊ သူက ေဘာလံုးနဲ႔ ေကာင္းေကာင္းကစားႏုိင္ျပီး တိုက္စစ္လည္း ျခိမ္းေျခာက္ႏုိင္တယ္။

မန္စီးတီးလို အသင္းနဲ႔ ရင္ဆိုင္ကစားမယ္ဆိုရင္ အစြန္သမားေတြကို တုိက္စစ္ အျပည့္အဝလိုက္ခြင့္ေပးမယ့္ ကြင္းလယ္သံုးေယာက္နဲ႔ ပြဲထြက္သင့္တယ္လို႔ ထင္တယ္။ ခ်ိန္ဘာလိန္က လီဗာပူးလိုအပ္တဲ့ ကြင္းလယ္လို မဟုတ္ပဲ တိုက္စစ္ကိုပဲ အားသန္လြန္းတဲ့ ကစားသမားျဖစ္တယ္လို႔ က်ေနာ္ ထင္တယ္။ ” လို႔ ရွင္းျပသြားခဲ့ပါတယ္။