အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာ ပေါ်တူဂီကလပ် ဗစ်တိုးရီးယားကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ပွဲပြီးခါနီး ဦးဆောင်ဂိုး သွင်းနိုင်ပေမယ့် လက်ကျန်မိနစ်များမှာ တောင့်မခံနိုင်တာကြောင့် ချေပဂို ပြန်ပေးခဲ့ရပြီး တစ်ဂိုး စီ သရေကျသွားခဲ့ပါတယ်။ အမ်မရီကတော့ အရေးကြီးတာက အုပ်စုမှာ ဦးဆောင်နိုင်ဖို့ ဖြစ်ပြီး အခြေအနေ ကောင်းနေဆဲလို့ ဆိုခဲ့ပါတယ်။

ဗစ်တိုးရီးယားနဲ့ သရေကျပြီးတဲ့နောက် အာဆင်နယ်ရဲ့ ဆိုးဝါးတဲ့ ကစားဟန်ကြောင့် အမ်မရီအပေါ် ဝေဖန်မှုတွေကတော့ ပိုမို မြင့်တက် လာခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးမှာ အာဆင်နယ် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဟိုဆေးမော်ရင်ညိုနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာ အမ်မရီက ခတ်ပြတ်ပြတ် တုန့်ပြန်ခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ချိတ်ဆက်မှု၊ ဆိုးဝါးတဲ့ ကစားပုံတွေအတွက် ပရိသတ်တွေရဲ့ ဝေဖန်လာကြတာတွေနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားနဲ့ ပွဲအပြီး အင်တာဗျူးမှာ မေးမြန်းခဲ့ရာ အမ်မရီက “ကျနော်က နည်းပြပါ” လို့ ဖြေကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က ဗစ်တိုးရီးယားနဲ့ အိမ်ကွင်းပွဲစဉ် အမ်းမရိတ်က ပွဲကြည့်စင် အထူးခန်းထဲမှာ မော်ရင်ညို ရှိနေခဲ့တာက အမ်မရီ မရှိတော့ရင် သူက နည်းပြ ဖြစ်လာနိုင်တယ် ဆိုတဲ့ ကောလာဟလတွေကို မြင့်တက်စေခဲ့တာပါ။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ကို တာဝန်ယူဖူးတဲ့ နာမည်ကျော် နည်းပြ မော်ရင်ညိုက အာဆင်နယ် နည်းပြရာထူး တာဝန်ယူဖို့ ရေပန်းစား သတင်းတွေထွက်နေတာကြောင့် အမ်မရီ အတွက် စိုးရိမ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ အမ်မရီ အပေါ် ဖိအားတွေ ဆက်ရှိနေပြီးအာဆင်နယ် ဘောလုံးဒါရိုက်တာ နဲ့ မော်ရင်ညို တို့ ညစာ အတူစားခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ ဂန်းနားတွေဘက်က ငြင်းပယ်ခဲ့ပါတယ်။

Zawgyi

အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္မွာ ေပၚတူဂီကလပ္ ဗစ္တိုးရီးယားကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ခဲ့ရာ ပြဲျပီးခါနီး ဦးေဆာင္ဂိုး သြင္းနုိင္ေပမယ့္ လက္က်န္မိနစ္မ်ားမွာ ေတာင့္မခံနုိင္တာေၾကာင့္ ေခ်ပဂို ျပန္ေပးခဲ့ရျပီး တစ္ဂိုး စီ သေရက်သြားခဲ့ပါတယ္။ အမ္မရီကေတာ့ အေရးၾကီးတာက အုပ္စုမွာ ဦးေဆာင္နုိင္ဖို႔ ျဖစ္ျပီး အေျခအေန ေကာင္းေနဆဲလို႔ ဆိုခဲ့ပါတယ္။

ဗစ္တိုးရီးယားနဲ႕ သေရက်ျပီးတဲ့ေနာက္ အာဆင္နယ္ရဲ႕ ဆိုး၀ါးတဲ့ ကစားဟန္ေၾကာင့္ အမ္မရီအေပၚ ေ၀ဖန္မႈေတြကေတာ့ ပိုမို ျမင့္တက္ လာခဲ့ပါတယ္။ ပြဲျပီးအင္တာဗ်ဴးမွာ အာဆင္နယ္ နည္းျပ ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ ဟိုေဆးေမာ္ရင္ညိဳနဲ႕ ပတ္သတ္ျပီး ေမးျမန္းခဲ့ရာ အမ္မရီက ခတ္ျပတ္ျပတ္ တုန္႔ျပန္ခဲ့ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ခ်ိတ္ဆက္မႈ၊ ဆိုးဝါးတဲ့ ကစားပုံေတြအတြက္ ပရိသတ္ေတြရဲ႕ ေဝဖန္လာၾကတာေတြနဲ႔ ပတ္သက္ၿပီး ဗစ္တိုးရီးယားနဲ႕ ပြဲအျပီး အင္တာဗ်ဴးမွာ ေမးျမန္းခဲ့ရာ အမ္မရီက “က်ေနာ္က နည္းျပပါ” လို႔ ေျဖၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ပတ္က ဗစ္တိုးရီးယားနဲ႔ အိမ္ကြင္းပြဲစဥ္ အမ္းမရိတ္က ပြဲၾကည့္စင္ အထူးခန္းထဲမွာ ေမာ္ရင္ညိဳ ရွိေနခဲ့တာက အမ္မရီ မရွိေတာ့ရင္ သူက နည္းျပ ျဖစ္လာႏိုင္တယ္ ဆိုတဲ့ ေကာလာဟလေတြကို ျမင့္တက္ေစခဲ့တာပါ။

ခ်ယ္ဆီးနဲ႔ ယူႏိုက္တက္တို႔ကို တာ၀န္ယူဖူးတဲ့ နာမည္ေက်ာ္ နည္းျပ ေမာ္ရင္ညိဳက အာဆင္နယ္ နည္းျပရာထူး တာ၀န္ယူဖို႔ ေရပန္းစား သတင္းေတြထြက္ေနတာေၾကာင့္ အမ္မရီ အတြက္ စိုးရိမ္စရာေတြ ျဖစ္ေစခဲ့ပါတယ္။ အမ္မရီ အေပၚ ဖိအားေတြ ဆက္ရွိေနျပီးအာဆင္နယ္ ေဘာလုံးဒါ႐ိုက္တာ နဲ႔ ေမာ္ရင္ညိဳ တို႔ ညစာ အတူစားခဲ့တယ္ဆိုတဲ့ သတင္းကိုေတာ့ ဂန္းနားေတြဘက္က ျငင္းပယ္ခဲ့ပါတယ္။