ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲနဲ့ ဖီဖာကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို တပြိုင်နက်လိုလို ကစားဖို့ ကြုံနေတဲ့ လီဗာပူး အသင်း အနေနဲ့ ပြည်တွင်ဖလားပြိုင်ပွဲကိုသာ ပိုမို အာရုံစိုက်သင့်ကြောင်း အင်္ဂလန် တောင်ပံကစားသမားဟောင်း ထရီဗာ ဆင်ကလဲယားက ရှင်းလင်းပြောဆိုသွားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ အသင်းတိုင်း လွယ်လွယ် ပြိုင်လို့ မရတဲ့ ကမ္ဘာ့ဖလားပွဲကိုသာ ပို အာရုံစိုက်ဖို့ ရှိနေပြီး ဆင်ကလဲယားက ပြည်တွင်းမှာ ဖလားကိုင်မြှောက် အောင်ပွဲခံနိုင်ခြင်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် များစွာ အင်အား ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ကျင်းပတဲ့ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပ ချန်ပီယံ အဖြစ် ဝင်ရောက် ကစားခွင့် ရတဲ့ လီဗာပူးက ထိုပြိုင်ပွဲမှာ ဗိုလ်စားဖို့ ရေပန်းစားနေပြီး ပြည်တွင်း လိဂ်ဖလား ယခုအခေါ် ကာရာဘော်းဖလားပွဲမှာလည်း ၁၂ ကြိမ် ဗိုလ်စွဲကာ အများဆုံး ချန်ပီယံ ဖြစ်ထားတဲ့ အသင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကာတာက ဖီဖာ ကမ္ဘာ့ဖလားပွဲ ဆီမီးနဲ့ အင်္ဂလန်ပြည်တွင်းက ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ကို ၂၄ နာရီ အတွင်း ဆက်တိုက် ကစားဖို့ ရှိနေတာကြောင့် အသင်း လူစာရင်းကို နှစ်သင်းစာ ခွဲကာ တပြိုင်နက် ကစားဖို့ စီစဉ်မှာ ဖြစ်ပါတယ်။

” တဖက်မှာ ကလပ်အသင်းများ ကမ္ဘာ့ဖလား၊ တဖက်မှာ ကာရာဘောင်းဖလားပွဲ။ ကျနော်ကတော့ လီဗာပူးအသင်းဟာ အမိမြေမှာ နေပြီး ပြည်တွင်းဖလား ဗိုလ်စွဲဖို့ ကြိုးစားသင့်တယ်။ ဒီဖလားပွဲကလည်း သမိုင်းဝင်လည်း ဖြစ်တယ်။ ရှေးလည်း ကျတယ်။ ဒီဖလားဟာ ဗိုလ်စွဲဖို့ ထိုက်တန်တဲ့ အရာပဲ ဖြစ်တယ်။ ”

” ငွေရေးကြေးရေး အရတော့ မသာလောက်ဘူးပေါ့လေ။ ပေါင် ၄ သန်းခွဲနဲ့ ပေါင် တစ်သိန်းဆိုတာ မယှဉ်သာဘူး။ ငွေကြေးပိုင်းအရတော့ ကလပ်အသင်းများ ကမ္ဘာ့ဖလားပွဲက သာတာပေါ့။ ဒါပေမယ့် လီဗာပူးပရိသတ်တွေလည်း ကာရာဘောင်းဖလား ဗိုလ်စွဲချင်မယ်လို့ ကျနော် ထင်တယ်။ စိတ်ဓာတ်ရေးရာ အရလည်း မန်စီးတီးကို အသာစီး တခုခု ရဖို့ လိုတယ်လေ။ ”

” လီဗာပူးအသင်း အနေနဲ့ သူတို့ ဘာကပိုအရေးကြီးလဲပေါ် မူတည်ပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှာပါ။ ဒါပေမယ့် ပရိသတ်တစ်ယောက် အနေနဲ့ အမြင်ကတော့ ကစားသမားတွေနဲ့ အင်္ဂလန်မှာနေပြီး ကာရာဘောင်းဖလား အတွက် ကြိုးစားတာကို ပိုမြင်ချင်ကြမယ် ထင်တယ်။ ” လို့ ဆင်ကလဲယားက ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက အကောင်းဆုံး ကစားသမားတွေနဲ့ လူစာရင်းကို အင်္ဂလန်မြေမှာသာထားပြီး ကစားစေတာက မိုင် ၇၀၀၀ ကျော် ခရီးနှင်ကာ သွား ကစားရမယ့် ကာတာထက် ပိုကောင်းမယ်လို့ ယူဆတဲ့ ဆင်ကလဲယားက မန်စီးတီး ကစားသမားဟောင်းဖြစ်ပြီး သူ့အနေနဲ့ ပြည်တွင်း ကာရာဘောင်းဖလားက ကလပ်များကမ္ဘာဖလားထက် ပိုကြီးမားတယ်လို့ ယူဆနေဟန်ရှိပါတယ်။

Zawgyi

ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲနဲ႕ ဖီဖာကလပ္အသင္းမ်ား ကမၻာ့ဖလား ျပိဳင္ပြဲ ဆီမီးဖိုင္နယ္ကို တျပိဳင္နက္လုိလို ကစားဖို႔ ၾကံဳေနတဲ့ လီဗာပူး အသင္း အေနနဲ႕ ျပည္တြင္ဖလားျပိဳင္ပြဲကိုသာ ပိုမို အာရံုစိုက္သင့္ေၾကာင္း အဂၤလန္ ေတာင္ပံကစားသမားေဟာင္း ထရီဗာ ဆင္ကလဲယားက ရွင္းလင္းေျပာဆိုသြားပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ အသင္းတိုင္း လြယ္လြယ္ ျပိဳင္လို႔ မရတဲ့ ကမၻာ့ဖလားပြဲကိုသာ ပို အာရံုစိုက္ဖို႔ ရွိေနျပီး ဆင္ကလဲယားက ျပည္တြင္းမွာ ဖလားကိုင္ေျမွာက္ ေအာင္ပြဲခံနုိင္ျခင္းက ပရီးမီးယားလိဂ္ အမွတ္ေပးဖလား အတြက္ မ်ားစြာ အင္အား ျဖစ္ေစနုိင္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းမွာ က်င္းပတဲ့ ဖီဖာ ကမၻာ့ဖလားျပိဳင္ပြဲမွာ ဥေရာပ ခ်န္ပီယံ အျဖစ္ ၀င္ေရာက္ ကစားခြင့္ ရတဲ့ လီဗာပူးက ထိုျပိဳင္ပြဲမွာ ဗိုလ္စားဖို႔ ေရပန္းစားေနျပီး ျပည္တြင္း လိဂ္ဖလား ယခုအေခၚ ကာရာေဘာ္းဖလားပြဲမွာလည္း ၁၂ ၾကိမ္ ဗိုလ္စြဲကာ အမ်ားဆံုး ခ်န္ပီယံ ျဖစ္ထားတဲ့ အသင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကာတာက ဖီဖာ ကမၻာ့ဖလားပြဲ ဆီမီးနဲ႕ အဂၤလန္ျပည္တြင္းက ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ကို ၂၄ နာရီ အတြင္း ဆက္တိုက္ ကစားဖို႕ ရွိေနတာေၾကာင့္ အသင္း လူစာရင္းကို နွစ္သင္းစာ ခြဲကာ တျပိဳင္နက္ ကစားဖို႕ စီစဥ္မွာ ျဖစ္ပါတယ္။

” တဖက္မွာ ကလပ္အသင္းမ်ား ကမၻာ့ဖလား၊ တဖက္မွာ ကာရာေဘာင္းဖလားပြဲ။ က်ေနာ္ကေတာ့ လီဗာပူးအသင္းဟာ အမိေျမမွာ ေနျပီး ျပည္တြင္းဖလား ဗိုလ္စြဲဖို႔ ၾကိဳးစားသင့္တယ္။ ဒီဖလားပြဲကလည္း သမုိင္း၀င္လည္း ျဖစ္တယ္။ ေရွးလည္း က်တယ္။ ဒီဖလားဟာ ဗိုလ္စြဲဖို႔ ထိုက္တန္တဲ့ အရာပဲ ျဖစ္တယ္။ ”

” ေငြေရးေၾကးေရး အရေတာ့ မသာေလာက္ဘူးေပါ့ေလ။ ေပါင္ ၄ သန္းခြဲနဲ႕ ေပါင္ တစ္သိန္းဆိုတာ မယွဥ္သာဘူး။ ေငြေၾကးပိုင္းအရေတာ့ ကလပ္အသင္းမ်ား ကမၻာ့ဖလားပြဲက သာတာေပါ့။ ဒါေပမယ့္ လီဗာပူးပရိသတ္ေတြလည္း ကာရာေဘာင္းဖလား ဗိုလ္စြဲခ်င္မယ္လို႔ က်ေနာ္ ထင္တယ္။ စိတ္ဓာတ္ေရးရာ အရလည္း မန္စီးတီးကို အသာစီး တခုခု ရဖို႔ လိုတယ္ေလ။ ”

” လီဗာပူးအသင္း အေနနဲ႕ သူတို႔ ဘာကပိုအေရးၾကီးလဲေပၚ မူတည္ျပီး မွန္ကန္စြာ ဆံုးျဖတ္နိုင္မွာပါ။ ဒါေပမယ့္ ပရိသတ္တစ္ေယာက္ အေနနဲ႕ အျမင္ကေတာ့ ကစားသမားေတြနဲ႕ အဂၤလန္မွာေနျပီး ကာရာေဘာင္းဖလား အတြက္ ၾကိဳးစားတာကို ပိုျမင္ခ်င္ၾကမယ္ ထင္တယ္။ ” လို႔ ဆင္ကလဲယားက ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းက အေကာင္းဆံုး ကစားသမားေတြနဲ႕ လူစာရင္းကို အဂၤလန္ေျမမွာသာထားျပီး ကစားေစတာက မိုင္ ၇၀၀၀ ေက်ာ္ ခရီးနွင္ကာ သြား ကစားရမယ့္ ကာတာထက္ ပိုေကာင္းမယ္လုိ႔ ယူဆတဲ့ ဆင္ကလဲယားက မန္စီးတီး ကစားသမားေဟာင္းျဖစ္ျပီး သူ႔အေနနဲ႔ ျပည္တြင္း ကာရာေဘာင္းဖလားက ကလပ္မ်ားကမၻာဖလားထက္ ပိုၾကီးမားတယ္လို႔ ယူဆေနဟန္ရွိပါတယ္။