လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲမှာ ၂၄ နာရီအတွင်း ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲနဲ့ ဖီဖာကလပ်များ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားမှာ ဖြစ်တာကြောင့် လူစာရင်းကို နှစ်သင်းစာ ခွဲကာ တစ်နိုင်ငံ တစ်ပြိုင်ပွဲစီ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို ကာတာသို့ ခေါ်သွားပြီး ဖီဖာကလပ်များ ကမ္ဘာ့ဖလားပွဲ ကစားဖို့ ရည်ရွယ်ထားတာ ဖြစ်ကာ လက်ထောက်နည်းပြ ပက် လင်ဒါးစ်ကိုလည်း ခေါ်သွားဖွယ် ရှိနေပါတယ်။ ဒီဇင်ဘာလ အစောပိုင်းမှ ကလော့ပ်က ဒိုဟာသို့ ခရီးသွားမယ့် အစီအစဉ်များ အပါအဝင် လေ့ကျင့်ရေးနဲ့ ကစားသမားစာရင်းများ အတည်ပြု ကြေငြာမှာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ လက်ထောက်နည်းပြ ပက် လင်ဒါးစ်က ဗီလာပါ့ခ်မှာ သွားရောက် ကစားမယ့် ကာရာဘောင်းဖလား ပွဲစဉ်မှာ တာဝန်ယူနည်းပြမယ် ယူဆထားပေမယ့် ကလော့ပ်ကတော့ သူ့ရဲ့ အကောင်းဆုံး စီနီယာ ကစားသမားတွေ အပါအဝင် လင်ဒါးစ်ကိုပါ ခေါ်သွားလိုနေပါတယ်။ လီဗာပူးအသင်းဟာ ထိပ်သီးပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ဖီဖာကလပ်များ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေပါတယ်။ လီဗာပူးအသင်းက ၂၀၀၅ ဥရောပချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်က ထိုပြိုင်ပွဲမှာ ဘရာဇီးကလပ် ဆာပေါ်လိုကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

ကလော့ပ် အနေနဲ့ လင်ဒါးစ်ကို ခေါ်သွားပါက နောက်ထပ် သူ စိတ်ချရသူ တစ်ဦး ဖြစ်တဲ့ U23 နည်းပြ ခရစ်ချ်လေကို အက်စတွန်ဗီလာနဲ့ ပွဲမှာ နည်းပြ အဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးသွားဖွယ် ရှိပါတယ်။

လီဗာပူးအသင်းက EFL သို့ ကာရာဘောင်းဖလားပွဲ ကစားထားပြီးတဲ့ ကစားသမားများနဲ့ အသင်း တစ်သင်း ကစားဖို့ ချန်ခဲ့မှာ ဖြစ်ကြောင်း အကြောင်း ကြားထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပွဲ ကစားရဖွယ် ရှိတဲ့ ကာတာက ပြိုင်ပွဲ အတွက် လယ်လာနာ၊ ချိန်ဘာလိန်နဲ့ အိုရီဂီတို့ကတော့ လိုက်ပါသွားနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ကလော့ပ် ကိုယ်တိုင်ကလည်း အရှေ့အလယ်ပိုင်းမှာ ကျင်းပမယ့် ကာတာက ဖီဖာကလပ်များ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ နည်းပြ အဖြစ် ကိုယ်တိုင် လိုက်ပါ ကြီးကြပ်မှာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီဇင္ဘာလထဲမွာ ၂၄ နာရီအတြင္း ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲနဲ႕ ဖီဖာကလပ္မ်ား ကမၻာ့ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ ကစားမွာ ျဖစ္တာေၾကာင့္ လူစာရင္းကို နွစ္သင္းစာ ခြဲကာ တစ္နိုင္ငံ တစ္ျပိဳင္ပြဲစီ သြားေရာက္ ယွဥ္ျပိဳင္မွာ ျဖစ္ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး လူစာရင္းကို ကာတာသို႔ ေခၚသြားျပီး ဖီဖာကလပ္မ်ား ကမၻာ့ဖလားပြဲဲ ကစားဖို႔ ရည္ရြယ္ထားတာ ျဖစ္ကာ လက္ေထာက္နည္းျပ ပက္ လင္ဒါးစ္ကိုလည္း ေခၚသြားဖြယ္ ရွိေနပါတယ္။ ဒီဇင္ဘာလ အေစာပိုင္းမွ ကေလာ့ပ္က ဒိုဟာသို႔ ခရီးသြားမယ့္ အစီအစဥ္မ်ား အပါအ၀င္ ေလ့က်င့္ေရးနဲ႕ ကစားသမားစာရင္းမ်ား အတည္ျပဳ ေၾကျငာမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပ ပက္ လင္ဒါးစ္က ဗီလာပါ့ခ္မွာ သြားေရာက္ ကစားမယ့္ ကာရာေဘာင္းဖလား ပြဲစဥ္မွာ တာ၀န္ယူနည္းျပမယ္ ယူဆထားေပမယ့္ ကေလာ့ပ္ကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး စီနီယာ ကစားသမားေတြ အပါအ၀င္ လင္ဒါးစ္ကိုပါ ေခၚသြားလိုေနပါတယ္။ လီဗာပူးအသင္းဟာ ထိပ္သီးျပိဳင္ပြဲ တစ္ခု ျဖစ္တဲ့ ဖီဖာကလပ္မ်ား ကမၻာ့ဖလားျပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ပစ္မွတ္ထားေနပါတယ္။ လီဗာပူးအသင္းက ၂၀၀၅ ဥေရာပခ်န္ပီယံ ျဖစ္ခဲ့တဲ့ နွစ္က ထိုျပိဳင္ပြဲမွာ ဘရာဇီးကလပ္ ဆာေပၚလိုကို ရွံဳးနိမ့္ျပီး ထြက္ခြာခဲ့ရပါတယ္။

ကေလာ့ပ္ အေနနဲ႕ လင္ဒါးစ္ကို ေခၚသြားပါက ေနာက္ထပ္ သူ စိတ္ခ်ရသူ တစ္ဦး ျဖစ္တဲ့ U23 နည္းျပ ခရစ္ခ်္ေလကို အက္စတြန္ဗီလာနဲ႕ ပြဲမွာ နည္းျပ အျဖစ္ ေဆာင္ရြက္ဖို႔ တာ၀န္ေပးသြားဖြယ္ ရွိပါတယ္။

လီဗာပူးအသင္းက EFL သို႔ ကာရာေဘာင္းဖလားပြဲ ကစားထားျပီးတဲ့ ကစားသမားမ်ားနဲ႕ အသင္း တစ္သင္း ကစားဖို႔ ခ်န္ခဲ့မွာ ျဖစ္ေၾကာင္း အေၾကာင္း ၾကားထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ နွစ္ပြဲ ကစားရဖြယ္ ရွိတဲ့ ကာတာက ျပိဳင္ပြဲ အတြက္ လယ္လာနာ၊ ခ်ိန္ဘာလိန္နဲ႕ အိုရီဂီတို႔ကေတာ့ လိုက္ပါသြားနုိင္ေၾကာင္း ခန္႔မွန္းမႈေတြ ရွိေနပါတယ္။

ကေလာ့ပ္ ကိုယ္တိုင္ကလည္း အေရွ႕အလယ္ပိုင္းမွာ က်င္းပမယ့္ ကာတာက ဖီဖာကလပ္မ်ား ကမၻာ့ဖလားျပိဳင္ပြဲမွာသာ နည္းျပ အျဖစ္ ကိုယ္တိုင္ လိုက္ပါ ၾကီးၾကပ္မွာ ျဖစ္ပါတယ္။