ပရီးမီးယားလိဂ် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးဟာ ဒီတပတ်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ လီဗာပူးတို့ရဲ့ အိမ်ကွင်း အန်းဖီးလ်ဟာ ပြိုင်ဘက်တွေကို ခက်ခဲစေတဲ့ သတ်ကွင်း ဖြစ်ပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ် ခေတ်မှာ ၂၀၀၃ က တစ်ကြိမ်သာ အန်းဖီးမှာ လီဗာပူးကို အနိုင်ရဖူးပါတယ်။

ဒီတပတ်မှာသာ လီဗာပူးကို ကျော်ဖြတ်နိုင်ရင် အမှတ်ကွာဟချက်ကို ၃ မှတ်အထိ လျှော့ချနိုင်မှာ ဖြစ်တာကြောင့် မန်စီးတီး ဝါရင့် ကွင်းလယ် ဖာနန်ဒင်ဟိုက ဒီပွဲကို အနိုင် ကစားဖို့ အန်းဖီးသွားမှာ ဖြစ်ကြောင်း ပြောဆိုလာပါတယ်။

” ကျနေ်ာတို့က အဲဒီကို သွားပြီး အနိုင်ကစားဖို့ ကြိုးစားမှာပါ။ ကျနော်တို့ စိတ်ဓာတ်ပိုင်းကတော့ အမြဲ နိုင်ပွဲရဖို့ပဲ ကြိုးစားတယ်။ အတ္တလန္တာနဲ့ ပွဲတုန်းကလည်း ပထမဆုံး မိနစ်တည်းက အဲဒီလို ကစားခဲ့တာပါ။ ” လို့ ဖာနန်ဒင်ဟိုက ဆိုပါတယ်။

မန်စီးတီးက အရှုံးပေးလို့ မရတဲ့ ပွဲလား မေးမြန်းရာမှာတော့ ဘရာဇီးသားက – ” ပြီးခဲ့တဲ့ အတ္တလန္တာနဲ့ ပွဲတုန်းက ကျနော် အသင်းဖော်တွေကို ပြောခဲ့သလိုပေါ့။ တကယ်လို့ အနိုင်မရနိုင်ဘူး ဆိုရင် ရှုံးတော့ မရှုံးစေနဲ့။ တစ်ယောက် လျောာ့တယ်။ ဂိုးသမား ဦးစားပေး နှစ်ယောက်လုံး မရှိတော့ဘူး။ ဒီလို ခက်ခဲတဲ့ အနေအထားမျိုး ကြုံခဲ့တယ်။ ဒါပေမယ့် အသင်းသားတွေရဲ့ စိတ်ဓာတ်ကတော့ လုံး၀ အလျှော့မပေးဘဲ အဆုံးထိ တိုက်ပွဲဝင်ခဲ့တယ်။ ဒီတော့ ကျနော် ပြောခဲ့သလိုပဲ။ တနင်္ဂနွေနေ့ ကျနောတို့ အဲဒီကို သွားတာက ပွဲကို နိုင်အောင် ကစားဖို့ပါ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဖာနန်ဒင်ဟိုက မန်စီးတီး အသင်းသား အဖြစ် အန်းဖီးမှာ ၇ ကြိမ် သွားရောက် ကစားဖူးပြီး တစ်ကြိမ်မှာ နိုင်ပွဲ မရခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ ရာသီ သရေ တစ်မှတ် ရခဲ့တာက သူ ရဖူးတဲ့ တစ်ခုတည်းသော ရမှတ် ဖြစ်ပါတယ်။

မန်စီးတီးဟာ မာဆေးဆိုဒ်ကို လာပေါ်တေး၊ ဆာနေး၊ ဇင်ချန်ကိုနဲ့ ဒေးဗင် ဆေးလ်ဗားတို့ မပါဝင်နိုင်ဘဲ သွားရမှာ ဖြစ်တဲ့ အပြင် အားထားရတဲ့ ကွင်းလယ်သမား ရိုဒရီလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဒါ့အပြင် ဂိုးသမား အီဒါဆန်ရဲ့ အခြေအနေကလည်း စောင့်ကြည့်ရဆဲ ပါ။ ဒါပေမယ့် ဖာနန်ဒင်ဟိုကတော့ မန်စီးတီးဟာ အန်းဖီးကို အနိုင် ကစားဖို့ သွားမှာ ဖြစ်တယ်လို့ ယုံကြည်မှု ရှိစွာ ပြောဆိုထားပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ လက္ရွိ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးဟာ ဒီတပတ္မွာ လက္ရွိ ခ်န္ပီယံ မန္စီးတီးကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ လီဗာပူးတို႔ရဲ႕ အိမ္ကြင္း အန္းဖီးလ္ဟာ ျပိဳင္ဘက္ေတြကို ခက္ခဲေစတဲ့ သတ္ကြင္း ျဖစ္ျပီး မန္စီးတီးဟာ ပရီးမီးယားလိဂ္ ေခတ္မွာ ၂၀၀၃ က တစ္ၾကိမ္သာ အန္းဖီးမွာ လီဗာပူးကို အနုိင္ရဖူးပါတယ္။

ဒီတပတ္မွာသာ လီဗာပူးကို ေက်ာ္ျဖတ္နုိင္ရင္ အမွတ္ကြာဟခ်က္ကို ၃ မွတ္အထိ ေလွ်ာ့ခ်နုိင္မွာ ျဖစ္တာေၾကာင့္ မန္စီးတီး ၀ါရင့္ ကြင္းလယ္ ဖာနန္ဒင္ဟိုက ဒီပြဲကို အနိုင္ ကစားဖို႔ အန္းဖီးသြားမွာ ျဖစ္ေၾကာင္း ေျပာဆိုလာပါတယ္။

” က်ေန္ာတို႔က အဲဒီကို သြားျပီး အနိုင္ကစားဖို႔ ၾကိဳးစားမွာပါ။ က်ေနာ္တို႔ စိတ္ဓာတ္ပိုင္းကေတာ့ အျမဲ နုိင္ပြဲရဖို႔ပဲ ၾကိဳးစားတယ္။ အတၱလႏၱာနဲ႕ ပြဲတုန္းကလည္း ပထမဆံုး မိနစ္တည္းက အဲဒီလို ကစားခဲ့တာပါ။ ” လို႔ ဖာနန္ဒင္ဟိုက ဆိုပါတယ္။

မန္စီးတီးက အရွံဳးေပးလို႔ မရတဲ့ ပြဲလား ေမးျမန္းရာမွာေတာ့ ဘရာဇီးသားက – ” ျပီးခဲ့တဲ့ အတၱလႏၱာနဲ႕ ပြဲတုန္းက က်ေနာ္ အသင္းေဖာ္ေတြကို ေျပာခဲ့သလိုေပါ့။ တကယ္လို႔ အနုိင္မရနုိင္ဘူး ဆိုရင္ ရွံဳးေတာ့ မရွဳံဳးေစနဲ႕။ တစ္ေယာက္ ေလ်ာာ့တယ္။ ဂိုးသမား ဦးစားေပး နွစ္ေယာက္လံုး မရွိေတာ့ဘူး။ ဒီလို ခက္ခဲတဲ့ အေနအထားမ်ိဳး ၾကံဳခဲ့တယ္။ ဒါေပမယ့္ အသင္းသားေတြရဲ႕ စိတ္ဓာတ္ကေတာ့ လံုး၀ အေလွ်ာ့မေပးဘဲ အဆံုးထိ တိုက္ပြဲ၀င္ခဲ့တယ္။ ဒီေတာ့ က်ေနာ္ ေျပာခဲ့သလိုပဲ။ တနဂၤေႏြေန႔ က်ေနာတို႔ အဲဒီကို သြားတာက ပြဲကို နုိင္ေအာင္ ကစားဖို႕ပါ။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ဖာနန္ဒင္ဟိုက မန္စီးတီး အသင္းသား အျဖစ္ အန္းဖီးမွာ ၇ ၾကိမ္ သြားေရာက္ ကစားဖူးျပီး တစ္ၾကိမ္မွာ နုိင္ပြဲ မရခဲ့ဖူးပါဘူး။ ျပီးခဲ့တဲ့ ရာသီ သေရ တစ္မွတ္ ရခဲ့တာက သူ ရဖူးတဲ့ တစ္ခုတည္းေသာ ရမွတ္ ျဖစ္ပါတယ္။

မန္စီးတီးဟာ မာေဆးဆိုဒ္ကို လာေပၚေတး၊ ဆာေနး၊ ဇင္ခ်န္ကိုနဲ႕ ေဒးဗင္ ေဆးလ္ဗားတို႔ မပါ၀င္နိုင္ဘဲ သြားရမွာ ျဖစ္တဲ့ အျပင္ အားထားရတဲ့ ကြင္းလယ္သမား ရိုဒရီလည္း ပါ၀င္နုိင္ဖို႔ မေသခ်ာေသးပါဘူး။ ဒါ့အျပင္ ဂိုးသမား အီဒါဆန္ရဲ႕ အေျခအေနကလည္း ေစာင့္ၾကည့္ရဆဲ ပါ။ ဒါေပမယ့္ ဖာနန္ဒင္ဟိုကေတာ့ မန္စီးတီးဟာ အန္းဖီးကို အနိုင္ ကစားဖို႔ သြားမွာ ျဖစ္တယ္လို႔ ယံုၾကည္မႈ ရွိစြာ ေျပာဆိုထားပါတယ္။