မန်ချက်စတာယူနိုက်တက်ရဲ့ ပါတီဇန်ဘဲလ်ဂရိတ်ကို ၃ဂိုးပြတ်နဲ့ နိုင်တဲ့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ ဆိုးရှားက တော်မီနေးနဲ့ မက်ဂွဲရားရဲ့ ဒဏ်ရာ အခြေအနေများကို ရှင်းလင်း အတည်ပြုပေးခဲ့ပါတယ်။ ဂရင်းဝုဒ်၊ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ သွင်းဂိုးတွေနဲ့ နိုင်ခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက်က ယူရိုပါလိဂ် ၃၂ သင်း အဆင့်သို့ တက်ရောက်ဖို့ သေချာခဲ့ပြီ ဖြစ်ပါတယ်။

တော်မီနေးက ထိုပွဲရဲ့ ဒုတိယပိုင်းမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး မက်ဂွဲရားကလည်း ထိခိုက်သွားဟန် ရှိပါတယ်။ ဒါပေမယ့် ဆိုးရှားကတော့ မက်ဂွဲရားက စိုးရိမ်ဖွယ် မပြင်းထန်ဘဲ တော်မီနေးအတွက် စိုးရိမ်နေရကြောင်း ဝန်ခံ အတည်ပြုခဲ့ပါတယ်။

” ဟယ်ရီ (မက်ဂွဲရား) က အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။ သူက ပွဲကိုတော့ပြီးအောင် ကစားနိုင်ခဲ့တယ်။ စကော့ (တော်မီနေး)က နည်းနည်း ပို စိတ်ပူစရာပါ။ လာမယ့် ရက် အနည်းငယ် အတွင်း သူ ပြန်ကောင်းလာနိုင်မလား စောင့်ကြည့်ရမယ်။ ” လို့ ဆိုးရှားက ပွဲအပြီးမှာ MUTV ကနေ ဖြေကြားခဲ့ပါတယ်။

” တော်မီနေးကတော့ သူ အဆင်ပြေမှာပါ အခြေအနေကောင်းတယ်ပဲ ပြောတယ်။ သူက ကြံ့ခိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် ပွဲထဲက ထွက်လာရတယ်လေ။ တနင်္ဂနွေနေ့အမှီတော့ သူ ပြန်ကောင်းလာဖို့ ကျေနာ် မျှော်လင့်ပါတယ်။ အတိအကျတော့ မသိသေးဘူးပေါ့။ သူ့ ခြေကျင်းဝတ်မှာ ထိသွားတာဆိုတော့။ ” လို့ ဆိုးရှားက ဆိုပါတယ်။

ယူရိုပါလိဂ်မှာ နိုင်ပွဲ ရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာမှာသာ ရှိတာ ဖြစ်လို့ တနင်္ဂနွေနေ့ ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အနိုင် ကန်ရမှာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနုိက္တက္ရဲ႕ ပါတီဇန္ဘဲလ္ဂရိတ္ကို ၃ဂိုးျပတ္နဲ႕ နိုင္တဲ့ ပြဲအျပီးမွာ ယူနိုုက္တက္ နည္းျပ ဆိုးရွားက ေတာ္မီေနးနဲ႕ မက္ဂြဲရားရဲ႕ ဒဏ္ရာ အေျခအေနမ်ားကို ရွင္းလင္း အတည္ျပဳေပးခဲ့ပါတယ္။ ဂရင္း၀ုဒ္၊ မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႔ သြင္းဂိုးေတြနဲ႕ နိုင္ခဲ့တဲ့ ပြဲအျပီးမွာ ယူနိုက္တက္က ယူရိုုပါလိဂ္ ၃၂ သင္း အဆင့္သို႔ တက္ေရာက္ဖို႔ ေသခ်ာခဲ့ျပီ ျဖစ္ပါတယ္။

ေတာ္မီေနးက ထိုပြဲရဲ႕ ဒုတိယပိုင္းမွာ ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရျပီး မက္ဂြဲရားကလည္း ထိခိုက္သြားဟန္ ရွိပါတယ္။ ဒါေပမယ့္ ဆိုးရွားကေတာ့ မက္ဂြဲရားက စိုးရိမ္ဖြယ္ မျပင္းထန္ဘဲ ေတာ္မီေနးအတြက္ စိုးရိမ္ေနရေၾကာင္း ၀န္ခံ အတည္ျပဳခဲ့ပါတယ္။

” ဟယ္ရီ (မက္ဂြဲရား) က အဆင္ေျပမယ္လို႔ က်ေနာ္ထင္တယ္။ သူက ပြဲကိုေတာ့ျပီးေအာင္ ကစားနုိင္ခဲ့တယ္။ စေကာ့ (ေတာ္မီေနး)က နည္းနည္း ပို စိတ္ပူစရာပါ။ လာမယ့္ ရက္ အနည္းငယ္ အတြင္း သူ ျပန္ေကာင္းလာနိုင္မလား ေစာင့္ၾကည့္ရမယ္။ ” လို႔ ဆိုးရွားက ပြဲအျပီးမွာ MUTV ကေန ေျဖၾကားခဲ့ပါတယ္။

” ေတာ္မီေနးကေတာ့ သူ အဆင္ေျပမွာပါ အေျခအေနေကာင္းတယ္ပဲ ေျပာတယ္။ သူက ၾကံ႕ခိုင္တဲ့ ကစားသမားပါ။ ဒါေပမယ့္ ပြဲထဲက ထြက္လာရတယ္ေလ။ တနဂၤေႏြေန႔အမွီေတာ့ သူ ျပန္ေကာင္းလာဖို႔ ကေ်နာ္ ေမွ်ာ္လင့္ပါတယ္။ အတိအက်ေတာ့ မသိေသးဘူးေပါ့။ သူ႔ ေျခက်င္း၀တ္မွာ ထိသြားတာဆိုေတာ့။ ” လို႔ ဆိုးရွားက ဆိုပါတယ္။

ယူရိုပါလိဂ္မွာ နုိင္ပြဲ ရခဲ့ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၀ ေနရာမွာသာ ရွိတာ ျဖစ္လို႔ တနဂၤေႏြေန႔ ဘရိုက္တန္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ အနုိင္ ကန္ရမွာ ျဖစ္ပါတယ္။