အာဆင်နယ်မှာ ဒီရက်တွေအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် လက်ပတ်ကိစ္စမှာ ရှာခါဟာ လက်ရှိ အသင်းခေါင်းဆောင်အဖြစ်ကနေ အနားပေးခံခဲ့ရပေမယ့် ခံစစ်မှူး ဆိုကရေးတက်စ်က အဆိုပါရာထူးက အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ယူရိုပါလိဂ်ပွဲကြိုမှာ မန်နေဂျာအမ်မရီက ရှာခါကို ရာထူးကနေ အနားပေးပြီး အူဘာမီယန်ကို လွဲပြောင်း တာဝန်ပေးခဲ့တာဖြစ်တယ်။ ဆွစ်ကွင်းလယ်လူဟာ ပရိသတ်တွေကို မချေမငံ တုန့်ပြန်ခဲ့မှု နောက်ဆက်တွဲအဖြစ် ပြန်တောင်းပန်ဖို့ တောင်းဆိုခံခဲ့ရသလို လူစာရင်းကနေလည်း အနားပေးခံထားရပါသေးတယ်။ ဇန်နဝါရီမှာတော့ သူ့ကို ရောင်းထုတ်နိုင်တယ်လို့လည်း သတင်းကြီးနေပါတယ်။

ဆိုကရေးတက်စ်က ” ကွင်းထဲမှာ အသင်းခေါင်းဆောင်အဖြစ် ဘယ်သူတာဝန်ယူတယ်ဆိုတာက အရေးမကြီးဘူးလို့ ကျနော် ထင်တယ်။ အဝတ်လဲခန်းမှာ အသင်း အဆင်ပြေနေလားဆိုတာကပဲ အရေးကြီးပါတယ်။ ကျနေ်ာတို့က မိသားစုလိုပါပဲ။ အသင်းအား ကွင်းထဲကို ဘယ်သူက ဦးဆောင်သွားမလဲဆိုတာက နောက်ဆုံးကိစ္စ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ဆိုကရေးတက်စ်ဟာ အူဘာမီယန်နဲ့အတူ ဒေါ့မွန်မှာ အတူ လက်တွဲခဲ့ကြတာဖြစ်ပြီး အမ်းမရိတ်မှာလည်း ပြန်လည် စုံစည်းခဲ့ကြတာပါ။ ကလပ်အသင်းကို ဦးဆောင်လာရပေမယ့် အူဘာဟာ သွင်းဂိုးတွေ ရှာဖွေနိုင်စွမ်းမှာ ဖိအားတွေ ရှိမှာ မဟုတ်ပဲ အရင်လိုပဲ ထက်မြက်နေဦးမယ်လို့ ဆိုကရေးတက်စ်က ယူဆပါတယ်။

” ကျနော်လည်း မသိပါဘူး။ ဒါက သူ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူတာလို့ထင်တယ်။ ကျနော်အတွက်က အူဘာ ဂိုးသွင်းဖို့က ပိုအရေးကြီးပါတယ်။ သူ့အလုပ်ကို သူလုပ်နိုင်ဖို့ လိုပါတယ်။ သူက လူကောင်းပါ။ ဒါပေမယ့် ပြောထားသလိုပဲ အသင်းခေါင်းဆောင် တာဝန်က အရေးမကြီးပါဘူး ” လို ဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာကော ယူရိုပါလိဂ်မှာပါ သရေရလဒ်တွေပဲ ထွက်ပေါ်နေတဲ့ အသင်းဖြစ်တယ်။ ဒီအပတ်မှာတော့ လက်စတာအိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိပ်ဆုံးလေးသင်းကို စိန်ခေါ်နေတဲ့ မြေခွေးတွေဟာ ဂန်းနားတို့ထက် ရမှတ် ၆ မှတ် အသာရနေတာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္မွာ ဒီရက္ေတြအတြင္း လႈပ္လႈပ္ရွားရွားျဖစ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ လက္ပတ္ကိစၥမွာ ရွာခါဟာ လက္ရွိ အသင္းေခါင္းေဆာင္အျဖစ္ကေန အနားေပးခံခဲ့ရေပမယ့္ ခံစစ္မွဴး ဆိုကေရးတက္စ္က အဆိုပါရာထူးက အေရးၾကီးတဲ့ ကိစၥ မဟုတ္ပါဘူးလို႔ ဆိုပါတယ္။

ယူရိုပါလိဂ္ပြဲၾကိဳမွာ မန္ေနဂ်ာအမ္မရီက ရွာခါကို ရာထူးကေန အနားေပးျပီး အူဘာမီယန္ကို လြဲေျပာင္း တာဝန္ေပးခဲ့တာျဖစ္တယ္။ ဆြစ္ကြင္းလယ္လူဟာ ပရိသတ္ေတြကို မေခ်မငံ တုန္႔ျပန္ခဲ့မႈ ေနာက္ဆက္တြဲအျဖစ္ ျပန္ေတာင္းပန္ဖို႔ ေတာင္းဆိုခံခဲ့ရသလို လူစာရင္းကေနလည္း အနားေပးခံထားရပါေသးတယ္။ ဇန္နဝါရီမွာေတာ့ သူ႔ကို ေရာင္းထုတ္ႏုိင္တယ္လို႔လည္း သတင္းၾကီးေနပါတယ္။

ဆိုကေရးတက္စ္က ” ကြင္းထဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ဘယ္သူတာဝန္ယူတယ္ဆိုတာက အေရးမၾကီးဘူးလို႔ က်ေနာ္ ထင္တယ္။ အဝတ္လဲခန္းမွာ အသင္း အဆင္ေျပေနလားဆိုတာကပဲ အေရးၾကီးပါတယ္။ က်ေန္ာတို႔က မိသားစုလိုပါပဲ။ အသင္းအား ကြင္းထဲကို ဘယ္သူက ဦးေဆာင္သြားမလဲဆိုတာက ေနာက္ဆံုးကိစၥ ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

ဆိုကေရးတက္စ္ဟာ အူဘာမီယန္နဲ႔အတူ ေဒါ့မြန္မွာ အတူ လက္တြဲခဲ့ၾကတာျဖစ္ျပီး အမ္းမရိတ္မွာလည္း ျပန္လည္ စံုစည္းခဲ့ၾကတာပါ။ ကလပ္အသင္းကို ဦးေဆာင္လာရေပမယ့္ အူဘာဟာ သြင္းဂိုးေတြ ရွာေဖြႏုိင္စြမ္းမွာ ဖိအားေတြ ရွိမွာ မဟုတ္ပဲ အရင္လိုပဲ ထက္ျမက္ေနဦးမယ္လို႔ ဆိုကေရးတက္စ္က ယူဆပါတယ္။

” က်ေနာ္လည္း မသိပါဘူး။ ဒါက သူ ကလပ္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ပထမဆံုး တာဝန္ယူတာလို႔ထင္တယ္။ က်ေနာ္အတြက္က အူဘာ ဂိုးသြင္းဖို႔က ပိုအေရးၾကီးပါတယ္။ သူ႔အလုပ္ကို သူလုပ္ႏုိင္ဖို႔ လိုပါတယ္။ သူက လူေကာင္းပါ။ ဒါေပမယ့္ ေျပာထားသလိုပဲ အသင္းေခါင္းေဆာင္ တာဝန္က အေရးမၾကီးပါဘူး ” လို ဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာေကာ ယူရိုပါလိဂ္မွာပါ သေရရလဒ္ေတြပဲ ထြက္ေပၚေနတဲ့ အသင္းျဖစ္တယ္။ ဒီအပတ္မွာေတာ့ လက္စတာအိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ထိပ္ဆံုးေလးသင္းကို စိန္ေခၚေနတဲ့ ေျမေခြးေတြဟာ ဂန္းနားတို႔ထက္ ရမွတ္ ၆ မွတ္ အသာရေနတာျဖစ္ပါတယ္။