ကြားရက် အေဂျက် နဲ့ ချန်ပီယံလိဂ် ပွဲ ပြီးတဲ့နောက် ချယ်ဆီးအသင်းဟာ ဟာ စနေနေ့ ပရီးမီးယားလိဂ် မှာ ခရစ္စတယ်ပဲလေ့စ် နဲ့ တွေ့ဆုံမှာပါ။ အေရဂျက်နဲ့ ပြင်းထန်တဲ့ လေးဂိုးစီ သရေပွဲဟာ ကစားသမားတွေကို ပင်ပန်းစေပါလိမ့်မယ်။ ဒါကြောင့် အပြောင်းအလဲ အနည်းငယ် ဖြစ်နိုင်ပြီး လမ်းပaတ် က ပဲလေ့စ်နဲ့ ပွဲအတွက် ဘယ်သူတွေကို သုံးမလဲဆိုတာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီး ဟာ ပရီးမီးယားလိဂ် မှာ ငါးပွဲဆက် အနိုင်ရခဲ့ပြီး ဒါက နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဆက်လက် နိူင်ပွဲရဖို့ အခွင့်အရေးကောင်း ဖြစ်နိူင်ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ် စတန်းဖို့ဒ်ဘရစ်ချ် မှာ လမ်းပတ်အနေနဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်နိူင်မလဲ ဆိုတာ လန်ဒန် အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။

အလွန်ဆို အတွက် အီမာဆန်

ချန်ပီယံလိဂ် ပထမပိုင်း မှာ အလွန်ဆိုဟာ ကစားပုံ ဆိုးဝါးခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဒီရာသီမှာ အီမာဆန်က ဒဏ်ရာပြဿနာ ကြောင့် ရုန်းကန်ခဲ့ရတာ မို့ အလွန်ဆိူက ဘယ်နောက်တန်းမှာ ကစားနေရတာ ဖြစ်ပေမယ့် အီတလီသားက သေချာပေါက် နံပါတ်တစ် ကစားသမားပါပဲ။ အေဂျက်နဲ့ပွဲမှာ ညာနောက်ခံလူ အဖြစ် ရီစီဂျိမ်းစ် ဝင်လာတော့ အက်ဇ်ပီလီကွီတာ က ဘယ်နောက်တန်းကို ပြောင်းရွှေ့ခဲ့ပေမယ့် အီမာဆန် က သူ့ရဲ့ ဘယ်နောက်တန်း နေရာကို ပြန်ယူနိုင်ပါတယ်။

မောင့် အတွက် အိုဒွိုင်း

လမ်းပတ်နဲ့ ချယ်ဆီးအတွက် စိုးရိမ်စရာ တစ်ခုက မေဆန်မောင့် ဟာ ခြေချင်းဝတ် ထိခိုက်မိခဲ့ပြီး မိနစ်၆၀ မှာ ကွင်းထဲက ထွက်ခွာခဲ့ရတာပါ။ အင်္ဂလန် သားဟာ အတော်လေး နာကျင်ခဲ့ပုံပေါ်ပြီး ပွဲများစွာ ကစားပြီးခဲ့တာမို့ ဒါက သူ့ကို အနားပေးဖို့ အခွင့်အရေး ပါပဲ။ သူ့အစား အိုဒွိုင်းက ပြန်လည်ပွဲထွက်ရနိုင်ပါတယ်။ သူက ဘယ်တောင်ပံကိူ သွားနိူင်တာနဲ့အတူ ပူလီဆစ်က 4-2-3-1 ကစားကွက် မှာ နံပါတ် ၁၀ နေရာကို ပြောင်းရနိုင်ပါတယ်။ လမ်းပတ်က သူ့အသင်းဟာ အလျှော့မပေးတတ်တဲ ပဲလေ့စ်ကို ချိုးဖျက်ဖို့ စိတ်အားထက်သန် နေမှာဖြစ်ပြီး ဒါက အဲ့လိုလုပ်ဖို့ အကောင်းဆုံး နည်း ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို အတွက် ကန်တေ

ဒီတစ်ပတ်ပွဲမှာ သေချာပေါက် လွဲချော်မယ့် သူကတော့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ငါးကြိမ်မြောက် အဝါကဒ် ရခဲ့တဲ့ ဂျော်ဂျင်ဟို ဖြစ်ပါတယ်။ အသက် ၂၇နှစ် အရွယ် ကစားသမား ဟာ တစ်ပွဲပယ်ခံရမှာဖြစ်တာကြောင့် ပဲလေ့စ် နဲ့ပွဲကို လွဲချော်မှာပါ။ ဒီအတွက် သူ့ကစား ကန်တေက ပြန်ပါလာမှာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာ တွေကြောင့် ပရီးမီးယားလိဂ် လေးပွဲသာ ပွဲထွက်ခဲ့ရတဲ့ ကန်တေတဲ့ စိတ်ပျက်စရာ ရာသီအစ ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာ ကန်တေက အရန်ခုံမှာ ထိူင်ခဲ့ရပေမယ့် မကစားခဲ့ရပါဘူး။ ဒါပေမယ့် ဂျော်ဂျင်ဟို ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိူင်ပြီး ကွင်းလယ် မှာ ကိုဗာဆစ်နဲ့ တွဲကစားပါလိမ့်မယ်။

Zawgyi

ၾကားရက္ ေအဂ်က္ နဲ႔ ခ်န္ပီယံလိဂ္ ပြဲ ၿပီးတဲ့ေနာက္ ခ်ယ္ဆီးအသင္းဟာ ဟာ စေနေန႔ ပရီးမီးယားလိဂ္ မွာ ခရစၥတယ္ပဲေလ့စ္ နဲ႔ ေတြ႕ဆုံမွာပါ။ ေအရဂ်က္နဲ႕ ျပင္းထန္တဲ့ ေလးဂိုးစီ သေရပြဲဟာ ကစားသမားေတြကို ပင္ပန္းေစပါလိမ့္မယ္။ ဒါေၾကာင့္ အေျပာင္းအလဲ အနည္းငယ္ ျဖစ္ႏိုင္ၿပီး လမ္းပတ္ က ပဲေလ့စ္နဲ႔ ပြဲအတြက္ ဘယ္သူေတြကို သံုးမလဲဆိုတာ ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ဟာ ပရီးမီးယားလိဂ္ မွာ ငါးပြဲဆက္ အႏိုင္ရခဲ့ၿပီး ဒါက ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ဆက္လက္ ႏိူင္ပြဲရဖို႔ အခြင့္အေရးေကာင္း ျဖစ္ႏိူင္ပါတယ္။ ဒါေပမယ့္ ဒီတစ္ပတ္ စတန္းဖို႔ဒ္ဘရစ္ခ်္ မွာ လမ္းပတ္အေနနဲ႔ ဘယ္လို အေျပာင္းအလဲေတြ လုပ္ႏိူင္မလဲ ဆိုတာ လန္ဒန္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အလြန္ဆို အတြက္ အီမာဆန္

ခ်န္ပီယံလိဂ္ ပထမပိုင္း မွာ အလြန္ဆိုဟာ ကစားပုံ ဆိုးဝါးခဲ့တာေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။ ဒီရာသီမွာ အီမာဆန္က ဒဏ္ရာျပႆနာ ​ေၾကာင့္ ႐ုန္းကန္ခဲ့ရတာ မို႔ အလြန္ဆိူက ဘယ္ေနာက္တန္းမွာ ကစားေနရတာ ျဖစ္ေပမယ့္ အီတလီသားက ေသခ်ာေပါက္ နံပါတ္တစ္ ကစားသမားပါပဲ။ ေအဂ်က္နဲ႔ပြဲမွာ ညာေနာက္ခံလူ အျဖစ္ ရီစီဂ်ိမ္းစ္ ဝင္လာေတာ့ အက္ဇ္ပီလီကြီတာ က ဘယ္ေနာက္တန္းကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ အီမာဆန္ က သူ႔ရဲ႕ ဘယ္ေနာက္တန္း ေနရာကို ျပန္ယူႏိုင္ပါတယ္။

ေမာင့္ အတြက္ အိုဒြိဳင္း

လမ္းပတ္နဲ႔ ခ်ယ္ဆီးအတြက္ စိုးရိမ္စရာ တစ္ခုက ေမဆန္ေမာင့္ ဟာ ေျခခ်င္းဝတ္ ထိခိုက္မိခဲ့ၿပီး မိနစ္၆၀ မွာ ကြင္းထဲက ထြက္ခြာခဲ့ရတာပါ။ အဂၤလန္ သားဟာ အေတာ္ေလး နာက်င္ခဲ့ပုံေပၚၿပီး ပြဲမ်ားစြာ ကစားၿပီးခဲ့တာမို႔ ဒါက သူ႔ကို အနားေပးဖို႔ အခြင့္အေရး ပါပဲ။ သူ႔အစား အိုဒြိဳင္းက ျပန္လည္ပြဲထြက္ရႏိုင္ပါတယ္။ သူက ဘယ္ေတာင္ပံကိူ သြားႏိူင္တာနဲ႔အတူ ပူလီဆစ္က 4-2-3-1 ကစားကြက္ မွာ နံပါတ္ ၁၀ ေနရာကို ေျပာင္းရႏိုင္ပါတယ္။ လမ္းပတ္က သူ႔အသင္းဟာ အေလွ်ာ့မေပးတတ္တဲ ပဲေလ့စ္ကို ခ်ိဳးဖ်က္ဖို႔ စိတ္အားထက္သန္ ေနမွာျဖစ္ၿပီး ဒါက အဲ့လိုလုပ္ဖို႔ အေကာင္းဆုံး နည္း ျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို အတြက္ ကန္ေတ

ဒီတစ္ပတ္ပြဲမွာ ေသခ်ာေပါက္ လြဲေခ်ာ္မယ့္ သူကေတာ့ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ငါးႀကိမ္ေျမာက္ အဝါကဒ္ ရခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ျဖစ္ပါတယ္။ အသက္ ၂၇ႏွစ္ အ႐ြယ္ ကစားသမား ဟာ တစ္ပြဲပယ္ခံရမွာျဖစ္တာေၾကာင့္ ပဲေလ့စ္ နဲ႔ပြဲကို လြဲေခ်ာ္မွာပါ။ ဒီအတြက္ သူ႔ကစား ကန္ေတက ျပန္ပါလာမွာ ျဖစ္ပါတယ္။ ဒဏ္ရာျပႆနာ ေတြေၾကာင္​့ ပရီးမီးယားလိဂ္ ေလးပြဲသာ ပြဲထြက္ခဲ့ရတဲ့ ကန္ေတတဲ့ စိတ္ပ်က္စရာ ရာသီအစ ျဖစ္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ မွာ ကန္ေတက အရန္ခုံမွာ ထိူင္ခဲ့ရေပမယ့္ မကစားခဲ့ရပါဘူး။ ဒါေပမယ့္ ေဂ်ာ္ဂ်င္ဟို ရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းေပးႏိူင္ၿပီး ကြင္းလယ္ မွာ ကိုဗာဆစ္နဲ႔ တြဲကစားပါလိမ့္မယ္။