ခရစ္စတယ်ပဲလေ့စ်ကို နိုင်တဲ့ပွဲက ချယ်ဆီးအသင်း အတွက် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ခြောက်ပွဲဆက် အနိူင် ရခဲ့တာ ဖြစ်ပြီး အသင်းနဲ့ ပတ်သတ်တဲ့ မျှော်လင့်ချက်တွေ အကြောင်း နည်းပြ လမ်းပတ်က ဖွင့်ဟပြောဆိုလာတယ်။

“ရာသီအစမှာ ကျနော် လူငယ်တွေကို ယုံကြည်မှု ပေးခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ဟာ အခွင့်အရေး နဲ့ ထိုက်တန်တယ်လို့ ကျနော် ခံစားခဲ့ရလို့ပါ။ဒါပေမယ့် သူတို့ရဲ့ ခြေစွမ်းကို မမြင်ရသေးတဲ့အချိန်မှာ မေးခွန်းထုတ်စရာ တွေ ရှိခဲ့တယ်။ အခု လူငယ်ကစားသမား တွေကိူ ကြည့်လိုက်ရင် သူတို့ဟာ ဒီအဆင့်နဲ့ ထိုက်တန်တယ်ဆိုတာကို ပြသနေတယ်။ အသင်းအတွက် ကျနော် ဂုဏ်ယူတယ်။ ”

” ဒါပေမယ့် ဒါက ကာလရှည်အနာဂတ်နဲ့ တိုင်းတာကြည့်ရင် လျှပ်တပြက်ရိုက်ချက် ဆိုရုံလေး ရှိသေးတယ်ဆိုတာကိုလဲ နားလည်ပါတယ်။ အခု ကျနော်တို့ အဆင့် ၃ လောက်မှာ ရှိနေတယ် ။ နေရာကောင်း ဖြစ်ပေမယ့် ကြိုးစားမှု ရပ်တန့်လိုက်ရင် ဒီလိဂ်မှာ အကြီးကြီး ခံစား သွားရလိမ့်မယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပိုကောင်းအောင် လုပ်ဖို့ လိုတယ်။ ”

” ရေရှည်အတွက်မျှော်ပြီး အသင်းကို တည်ဆောက်ချင်ရင် အများကြီး တိုးတက်အောင် လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ မနှစ်က ကျနော်တို့ နဲ့ ထိပ်သီး၂သင်းကြားမှာ တအားကြီး ကွာဟခဲ့တာလေ။ ဒါကို ကျနော်တို့ နီးစပ်အောင် လုပ်ချင်တယ်။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

အသင်း ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီးလည်း လမ်းပတ် က – “ပရီးမီးယားလိဂ် ပွဲတိုင်း က ခက်ခဲတယ်။ အထူးသဖြင့် ပဲလေ့စ်လို စုစည်းမှု အားကောင်းတဲ့ အသင်းမျိုးနဲ့ တွေ့တဲ့အခါပေါ့။ ကျနော်တို့ ပထမပိုင်း ကို ကောင်းကောင်း စတင်ခဲ့တယ်လို့ ထင်တယ်။ ဂိုးတစ်ဂိုး က ကျနော်တို့ကို နေရာကောင်း ရစေမှာဖြစ်ပေမယ့် ဂိုးမရနိူင်ခဲ့ဘူး။ ”

” ဒုတိယပိုင်းမှာတော့ ပွဲကို ကျနော်တို့ အာရုံစူးစိုက်မှု အပြည့်နဲ့ သေချာကစားခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ နှစ်ဂိုးက ကျနော်တို့ အတွက် အေးဆေး ဖြစ်စေခဲ့ပေမယ့် နောက်ဆုံးရလဒ်က အဲ့ထက် ပိုကောင်းသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဂိုးမပေးရပဲ အနိုင်ရခဲ့တာက သိပ်ကောင်းပါတယ်။ ” လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Zawgyi

ခရစၥတယ္ပဲေလ့စ္ကို နုိင္တဲ့ပြဲက ခ်ယ္ဆီးအသင္း အတြက္ ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ေျခာက္ပြဲဆက္ အႏိူင္ ရခဲ့တာ ျဖစ္ျပီး အသင္းနဲ႕ ပတ္သတ္တဲ့ ေမွ်ာ္လင့္ခ်က္ေတြ အေၾကာင္း နည္းျပ လမ္းပတ္က ဖြင့္ဟေျပာဆိုလာတယ္။

“ရာသီအစမွာ က်ေနာ္ လူငယ္ေတြကို ယုံၾကည္မႈ ေပးခဲ့တယ္။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ ဟာ အခြင့္အေရး နဲ႔ ထိုက္တန္တယ္လို႔ က်ေနာ္ ခံစားခဲ့ရလို႔ပါ။ဒါေပမယ့္ သူတို႔ရဲ႕ ေျခစြမ္းကို မျမင္ရေသးတဲ့အခ်ိန္မွာ ေမးခြန္းထုတ္စရာ ေတြ ရွိခဲ့တယ္။ အခု လူငယ္ကစားသမား ေတြကိူ ၾကည့္လိုက္ရင္ သူတို႔ဟာ ဒီအဆင့္နဲ႔ ထိုက္တန္တယ္ဆိုတာကို ျပသေနတယ္။ အသင္းအတြက္ က်ေနာ္ ဂုဏ္ယူတယ္။ ”

” ဒါေပမယ့္ ဒါက ကာလရွည္အနာဂတ္နဲ႔ တိုင္းတာၾကည့္ရင္ လွ်ပ္တျပက္႐ိုက္ခ်က္ ဆို႐ုံေလး ရွိေသးတယ္ဆိုတာကိုလဲ နားလည္ပါတယ္။ အခု က်ေနာ္တို႔ အဆင့္ ၃ ေလာက္မွာ ရွိေနတယ္ ။ ေနရာေကာင္း ျဖစ္ေပမယ့္ ႀကိဳးစားမႈ ရပ္တန္႔လိုက္ရင္ ဒီလိဂ္မွာ အႀကီးႀကီး ခံစား သြားရလိမ့္မယ္။ ဒါ​ေၾကာင့္ က်ေနာ္တို႔အေနနဲ႔ ပိုေကာင္းေအာင္ လုပ္ဖို႔ လိုတယ္။ ”

” ေရရွည္အတြက္ေမွ်ာ္ၿပီး အသင္းကို တည္ေဆာက္ခ်င္ရင္ အမ်ားႀကီး တိုးတက္ေအာင္ လုပ္ရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ မႏွစ္က က်ေနာ္တို႔ နဲ႔ ထိပ္သီး၂သင္းၾကားမွာ တအားႀကီး ကြာဟခဲ့တာေလ။ ဒါကို က်ေနာ္တို႔ နီးစပ္ေအာင္ လုပ္ခ်င္တယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

အသင္း ေျခစြမ္းပိုင္းနဲ႕ ပတ္သတ္ျပီးလည္း လမ္းပတ္ က – “ပရီးမီးယားလိဂ္ ပြဲတိုင္း က ခက္ခဲတယ္။ အထူးသျဖင့္ ပဲေလ့စ္လို စုစည္းမႈ အားေကာင္းတဲ့ အသင္းမ်ိဳးနဲ႔ ေတြ႕တဲ့အခါေပါ့။ က်ေနာ္တို႔ ပထမပိုင္း ကို ေကာင္းေကာင္း စတင္ခဲ့တယ္လို႔ ထင္တယ္။ ဂိုးတစ္ဂိုး က က်ေနာ္တို႔ကို ေနရာေကာင္း ရေစမွာျဖစ္ေပမယ့္ ဂိုးမရႏိူင္ခဲ့ဘူး။ ”

” ဒုတိယပိုင္းမွာေတာ့ ပြဲကို က်ေနာ္တို႔ အာ႐ုံစူးစိုက္မႈ အျပည့္နဲ႔ ေသခ်ာကစားခဲ့ၿပီး အႏိုင္ရရွိခဲ့ပါတယ္။ ႏွစ္ဂိုးက က်ေနာ္တို႔ အတြက္ ေအးေဆး ျဖစ္ေစခဲ့ေပမယ့္ ေနာက္ဆုံးရလဒ္က အဲ့ထက္ ပိုေကာင္းသင့္တယ္။ ဘာပဲျဖစ္ျဖစ္ ဂိုးမေပးရပဲ အႏိုင္ရခဲ့တာက သိပ္ေကာင္းပါတယ္။ ” လို႔ လမ္းပတ္က ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။