မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ဧည့်ခံ ကစားရာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ မြောက် အနိုင် ဖြစ်ပြီး ပါတီဇန်ဘဲလ်ဂရိတ်နဲ့ ပွဲ ပြီးနောက် ဘရိုက်တန်ကိုပါ ဆက်လက် ၃ ဂိုး သွင်းကာ အောင်ပွဲ ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငယ်ရွယ်ပြီး ပါဝါအပြည့်နဲ့ တောက်ပနေတဲ့ ယူနိုက်တက်ဟာ လေးရက်အတွင်း ဒုတိယအကြိမ် သုံးဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ကာ အမှတ်ပေးဇယား အဆင့် ၇ နေရာသို့ ပြန်တက်လာခဲ့ပါတယ်။

ဒီပွဲမှာ မာရှယ်၊ ရက်ဖို့ဒ်နဲ့ ဒန်နရီဂျိမ်းစ်တို့ တိုက်စစ်မှာ ပြန်လည် တွဲဖက် ပါဝင်ခဲ့ပြီး ပါရဲရားကလည်း နံပါတ် ၁၀ နေရာကနေ တောက်ပစွာ ကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်မှာ တော်မီးနေး ဖရက်တို့ တွဲ ကစားသွားပြီး ပေါ့ဘာနဲ့ မာတစ်ကို မေ့ထားလို့ရအောင် အစွမ်းပြခဲ့တာပါ။ ယူနိုက်တက်ဟာ အမှားအယွင်း အချို့ ရှိခဲ့ပေမယ့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ရလဒ်ကောင်းနဲ့ အဆုံးသတ်ချင်တာကြောင့် အစွမ်းကုန် အားထုတ် ကစားခဲ့ပါတယ်။

ယူနိုက်တက် အတွက် ဂိုးတွေကို ပါရဲရား၊ ဒေဗီပရော့ပါ (Own goal) နဲ့ ရက်ဖို့ဒ်တို့က သွင်းယူခဲ့တာပါ။ တိုက်စစ်မှူး မာရှယ်က ကိုယ်တိုင် ဂိုး မသွင်းယူပေမယ့် ဖန်တီးမှုကောင်းနဲ့ ဂိုးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အတွက် ထိုးနှက်ချက်ကတော့ ပွဲပြီးခါနီးမှာ ကွင်းလယ်ကစားသမား စကော့ တော်မီနေး နာသွားခဲ့တာ ဖြစ်ပြီ ယူနိုက်တက် ဒုတိယဂိုး အတွက်လည်း သူ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရော့ပါရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းမှု အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ဟာ တနဂၤေႏြေန႔ညက အိုးထရက္ဖို႔ဒ္မွာ ဘရိုက္တန္ကို ဧည့္ခံ ကစားရာ ၃ ဂိုး ၁ ဂိုးနဲ႕ အနုိင္ရရွိခဲ့ပါတယ္။ ဒီပြဲဟာ ယူနိုက္တက္ရဲ႕ ျပိဳင္ပြဲစံု ေနာက္ဆံုး ၆ ပြဲမွာ ၅ ပြဲ ေျမာက္ အနုိင္ ျဖစ္ျပီး ပါတီဇန္ဘဲလ္ဂရိတ္နဲ႕ ပြဲ ျပီးေနာက္ ဘရိုက္တန္ကိုပါ ဆက္လက္ ၃ ဂိုး သြင္းကာ ေအာင္ပြဲ ခံနုိင္ခဲ့တာ ျဖစ္ပါတယ္။

ငယ္ရြယ္ျပီး ပါ၀ါအျပည့္နဲ႕ ေတာက္ပေနတဲ့ ယူနိုက္တက္ဟာ ေလးရက္အတြင္း ဒုတိယအၾကိမ္ သံုးဂိုးသြင္းနုိင္ခဲ့တာ ျဖစ္ကာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာသို႔ ျပန္တက္လာခဲ့ပါတယ္။

ဒီပြဲမွာ မာရွယ္၊ ရက္ဖို႔ဒ္နဲ႕ ဒန္နရီဂ်ိမ္းစ္တို႔ တိုက္စစ္မွာ ျပန္လည္ တြဲဖက္ ပါ၀င္ခဲ့ျပီး ပါရဲရားကလည္း နံပါတ္ ၁၀ ေနရာကေန ေတာက္ပစြာ ကစားနုိင္ခဲ့ပါတယ္။ ကြင္းလယ္မွာ ေတာ္မီးေနး ဖရက္တို႔ တြဲ ကစားသြားျပီး ေပါ့ဘာနဲ႕ မာတစ္ကို ေမ့ထားလို႔ရေအာင္ အစြမ္းျပခဲ့တာပါ။ ယူနိုက္တက္ဟာ အမွားအယြင္း အခ်ိဳ႔ ရွိခဲ့ေပမယ့္ နုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ရလဒ္ေကာင္းနဲ႕ အဆံုးသတ္ခ်င္တာေၾကာင့္ အစြမ္းကုန္ အားထုတ္ ကစားခဲ့ပါတယ္။

ယူနိုက္တက္ အတြက္ ဂိုးေတြကို ပါရဲရား၊ ေဒဗီပေရာ့ပါ (Own goal) နဲ႕ ရက္ဖို႔ဒ္တို႔က သြင္းယူခဲ့တာပါ။ တိုက္စစ္မွဴး မာရွယ္က ကိုယ္တိုင္ ဂိုး မသြင္းယူေပမယ့္ ဖန္တီးမႈေကာင္းနဲ႕ ဂိုးေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒီပြဲမွာ ယူနိုက္တက္ အတြက္ ထိုးနွက္ခ်က္ကေတာ့ ပြဲျပီးခါနီးမွာ ကြင္းလယ္ကစားသမား စေကာ့ ေတာ္မီေနး နာသြားခဲ့တာ ျဖစ္ျပီ ယူနိုက္တက္ ဒုတိယဂိုး အတြက္လည္း သူ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပေရာ့ပါရဲ႕ ကိုယ့္ဂိုး ကိုယ္သြင္းမႈ အျဖစ္ ေျပာင္းလဲ သတ္မွတ္ေပးျခင္း ခံခဲ့ရပါတယ္။