လီဗာပူးနဲ့ မန်စီးတီးပွဲမှာ အငြင်းပွားစရာ အနေအထား တစ်ရပ်အဖြစ် လီဗာပူးအစွန်လူ ထရန့်ဟာ ဧရိယာထဲ လက်ထိခဲ့ပေမယ့် ပင်နယ်တီအဖြစ် သက်မှတ်ခြင်း မခံရပါဘူးလို့ ပရီးမီးယားလိဂ်က အတည်ပြုခဲ့တယ်။

မန်စီးတီးက တိုက်စစ်ဆင်ရာမှာ ထရန့်နဲ့ လက်ထိခဲ့တဲ့ အနေအထားဟာ ပင်နယ်တီ မဟုတ်ကြောင်းကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ထရန့်ရဲ့ လက်ထိမှုကို VAR က စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဒါက ပင်နယ်တီ မဟုတ်ပါဘူးလို့ သတင်းထုတ်ပြန်တာဖြစ်တယ်။ ပရီးမီးယားလိဂ်ဘက်က ပင်နယ်တီအဖြစ် မသက်မှတ်ပေးမယ့် စကိုင်းစပေါ့မှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ ကွန်ပနီကတော့ ပင်နယ်တီအဖြစ် စွပ်စွဲခဲ့ပါသေးတယ်။

လီဗာပူး ဧရိယာဘက်မှာ ထရန့် လက်ထိတဲ့ အနေအထားကို ပင်နယ်တီအဖြစ် တောင်းဆိုခဲ့ပေမယ့် မရခဲ့ပဲ ဆက်တိုက် ကစားမှုမှာ လီဗာပူးဘက်က ဖာဘင်ညို ကန်သွင်းမှုက ဂိုးအဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်တယ်။ ဒီအခြေအနေကို မန်နေဂျာ ဂွာဒီယိုလာက အတော်လေး မကျေမနပ် ဖြစ်နေခဲ့ပေမယ့် VAR စစ်ဆေးမှုတွေကတော့ ပင်နယ်တီအဖြစ် ငြင်းဆိုပါတယ်။

လီဗာပူးခံစစ်သမား ထရန့်ကတော့ သူ့လက်ကို ထိခဲ့တယ်ဆိုတာ ဝန်ခံပေမယ့် ပြိုင်ဘက်ကစားသမား ဘာနာတိုနဲ့ အရင် ထိခဲ့တာပါလို့ ပွဲအပြီး ဆိုခဲ့ပါသေးတယ်။ အဆိုပါ ဖြစ်ရပ်ကို အစီအစဉ် တင်ဆက်သူတွေဖြစ်တဲ့ ဆောင်းနပ်နဲ့ မော်ရင်ညိုတို့က အငြင်းအခုံ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ VAR ရဲ့ လိုအပ်မှုကို မီးမှောင်းထိုးပြတယ်လို့ မော်ရင်ညိုက ပြောပပါတယ်။

“ ဒါက ပြဿနာပါပဲ။ တည်ငြိမ်မှု မရှိတာပါ။ နောက်အပတ်ဆိုရင် တူညီတဲ့ အခြေအနေကို VAR က ပင်နယ်တီ ပေးရင်ပေးမှာပါ။ ” လို့ မော်ရင်ညိုက ပြောခဲ့ပြီး ဆောင်းနပ်ကတော့ “ ကျနေ်ာတို့က တစ်လှေတည်း စီးနေကြသူတွေပါ။ VAR က အခွင့်အရေး ပေးတာရှိတာ မပေးတာရှိတယ် ဒါတွေကို မြင်နေရတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီးပြဲမွာ အျငင္းပြားစရာ အေနအထား တစ္ရပ္အျဖစ္ လီဗာပူးအစြန္လူ ထရန္႔ဟာ ဧရိယာထဲ လက္ထိခဲ့ေပမယ့္ ပင္နယ္တီအျဖစ္ သက္မွတ္ျခင္း မခံရပါဘူးလို႔ ပရီးမီးယားလိဂ္က အတည္ျပဳခဲ့တယ္။

မန္စီးတီးက တိုက္စစ္ဆင္ရာမွာ ထရန္႔နဲ႔ လက္ထိခဲ့တဲ့ အေနအထားဟာ ပင္နယ္တီ မဟုတ္ေၾကာင္းကို ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြက ထရန္႔ရဲ႕ လက္ထိမႈကို VAR က စစ္ေဆးမႈေတြ လုပ္ခဲ့ေပမယ့္ ဒါက ပင္နယ္တီ မဟုတ္ပါဘူးလို႔ သတင္းထုတ္ျပန္တာျဖစ္တယ္။ ပရီးမီးယားလိဂ္ဘက္က ပင္နယ္တီအျဖစ္ မသက္မွတ္ေပးမယ့္ စကိုင္းစေပါ့မွာ အစီအစဥ္ တင္ဆက္သူအျဖစ္ ပါဝင္ေနတဲ့ ကြန္ပနီကေတာ့ ပင္နယ္တီအျဖစ္ စြပ္စြဲခဲ့ပါေသးတယ္။

လီဗာပူး ဧရိယာဘက္မွာ ထရန္႔ လက္ထိတဲ့ အေနအထားကို ပင္နယ္တီအျဖစ္ ေတာင္းဆိုခဲ့ေပမယ့္ မရခဲ့ပဲ ဆက္တုိက္ ကစားမႈမွာ လီဗာပူးဘက္က ဖာဘင္ညိဳ ကန္သြင္းမႈက ဂိုးအျဖစ္ ေျပာင္းလဲသြားခဲ့တာျဖစ္တယ္။ ဒီအေျခအေနကို မန္ေနဂ်ာ ဂြာဒီယိုလာက အေတာ္ေလး မေက်မနပ္ ျဖစ္ေနခဲ့ေပမယ့္ VAR စစ္ေဆးမႈေတြကေတာ့ ပင္နယ္တီအျဖစ္ ျငင္းဆိုပါတယ္။

လီဗာပူးခံစစ္သမား ထရန္႔ကေတာ့ သူ႔လက္ကို ထိခဲ့တယ္ဆိုတာ ဝန္ခံေပမယ့္ ျပိဳင္ဘက္ကစားသမား ဘာနာတိုနဲ႔ အရင္ ထိခဲ့တာပါလို႔ ပြဲအျပီး ဆိုခဲ့ပါေသးတယ္။ အဆိုပါ ျဖစ္ရပ္ကို အစီအစဥ္ တင္ဆက္သူေတြျဖစ္တဲ့ ေဆာင္းနပ္နဲ႔ ေမာ္ရင္ညိဳတို႔က အျငင္းအခံု ေဆြးေႏြးမႈေတြ ရွိခဲ့ျပီး ဒီဆံုးျဖတ္ခ်က္ဟာ VAR ရဲ႕ လိုအပ္မႈကို မီးေမွာင္းထိုးျပတယ္လို႔ ေမာ္ရင္ညိဳက ေျပာပပါတယ္။

“ ဒါက ျပႆနာပါပဲ။ တည္ျငိမ္မႈ မရွိတာပါ။ ေနာက္အပတ္ဆိုရင္ တူညီတဲ့ အေျခအေနကို VAR က ပင္နယ္တီ ေပးရင္ေပးမွာပါ။ ” လို႔ ေမာ္ရင္ညိဳက ေျပာခဲ့ျပီး ေဆာင္းနပ္ကေတာ့ “ က်ေန္ာတုိ႔က တစ္ေလွတည္း စီးေနၾကသူေတြပါ။ VAR က အခြင့္အေရး ေပးတာရွိတာ မေပးတာရွိတယ္ ဒါေတြကို ျမင္ေနရတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။