လီဗာပူးဟာ နှစ် ၃၀ ကြာ လိဂ်ဖလားမရခဲ့တာကို အဆုံးသတ်ဖို့ ဒီရာသီကို အထင်ကြီးစရာ အကောင်းဆုံး ပုံစံနဲ့ စတင်လာခဲ့တာဖြစ်ပြီး ရာသီအစ ၁၂ ပွဲထိကို ရံှူးပွဲမရှိ မှတ်တမ်းကို ထိန်းသိမ်းခဲ့ပါတယ်။ ဖာဘင်ဟို၊ ဆာလက်၊ မာနေးတို့အားလုံး ဂိုးရခဲ့ပြီး စီးတီးအတွက် ဘာနာဒို ဆေးဗားက နောက်ကျ နှစ်သိမ့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အန်ဖီးက ကစားသမား တွေ အားလုံး ရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြပေးပါမယ်။

လီဗာပူး

အယ်လီဆန် – 6

Clean sheet မရခဲ့လို သူ့ဘာသူ ပြန်မကျေနပ်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ၂၅ မိနစ်မှာ အဂွဲရိုးရဲ့ ခြိမ်းခြောက်မှုကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ပါတယ်။

လိုဗရန် – 7

အဂွဲရိုးကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ တာဝန်ယူခဲ့ပြီး အကြောက်အလန့်မရှိ ခဲ့သလို အာဂျင်တိုင်းသားက ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ သူဟာ စတာလင်ရဲ့ ကန်သွင်းချက်တစ်ခုကိုလည်း ကာကွယ်မှု လုပ်နိုင်ခဲ့တယ်။

ဗန်ဒိုက် – 7

ဗန်ဒိုက်က ပုံမှန်ပါပဲ သိပ်ပြီး လွှမ်းမိုးမှု မရှိခဲ့ပေမယ့်လဲ သူရှိနေတာကိုက ယုံကြည်အားကိုးစရာ ဖြစ်နေဆဲပါ။ ဆိုရမယ်ဆိုရင် ဗန်ဒိုက်ရဲ့ ပုံမှန်ခြေစွမ်းကိုက ထိပ်တန်းအဆင့်မှာ ရှိနေပြီးသားဖြစ်ပါတယ်။

ရော်ဘတ်ဆန် – 8

ပရီးမီးယားလိဂ်မှာ ရော်ဘတ်ဆန်ထက် ပိုကောင်းတဲ့ ဘယ်နောက်ခံလူ နည်းနည်းသာ ရှိပြီး သူ့ရဲ့ ဖြတ်တင်ပေးပို့မှုကို ဆာလက် ခေါင်းတိုက်ဂိုးသွင်းခဲ့တာက ဒါကို သက်သေပြခဲ့ပါတယ်။ သူနဲ့ ထရန့်ကို မရပ်တန့်သ၍ကတော့ လီဗာပူးကို ရပ်တန့်လို့ရမှာ မဟုတ်ပါဘူး။

အာနိုး – 7

လီဗာပူးရဲ့ အဖွင့်ဂိုး အတွက် ကြိုးပမ်းမှုမှာ ဧရိယာအတွင်း လက်ထိခဲ့ပေမယ့် ပင်နယ်တီ မပေးခဲ့ရလို့ ကံကောင်းခဲ့ပါတယ်။ ဒီကောင်လေးဟာ လီဗာပူးတိုက်စစ်အတွက် အခရာကျတဲ့ ကစားသမားဖြစ်ပါတယ်။

ဟန်ဒါဆန် – 8

ဟန်ဒါဆန်ရဲ့ ဖြတ်တင်ပေးပို့မှု ထူးချွန်ပြီး ချီးကျူးလောက်စရာ ဖြစ်ခဲ့ပါတယ်။ မာနေးရဲ့ဂိုးအတွက် သူ့ရဲ့ ဖန်တီးမှုက လက်ရာမြောက်လှပါတယ်။ ကစားပုံ ကောင်းနေပေမယ့် မကြာသေးခင်ကပဲ အဖျားကနေ ပြန်သက်သာလာတာဖြစ်လို့ မန်နေဂျာက ခပ်စောစော အနားပေးခဲ့ပါတယ်။

ဖာဘင်ဟို – 8

ပြီးခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ သူ့ကို ကလော့ပ်က အနားပေးခဲ့ပြီး ဒီပွဲမှာ စောစောစီးစီး ဂိုးသွင်းကာ နည်းပြရဲ့ ယုံကြည်မှုအတွက် ပြန်ပေးဆပ်ခဲ့ပါတယ်။ ဧရိယာပြင်ဘက်ကနေ ဂိုးပေါက်ထဲကို ကန်သွင်းလိုက်ပုံက တကယ်ကို ယုံကြည်မှုရှိလှပါတယ်။

ဝိုင်နယ်ဒန် – 7

ပုံမှန်ထက် ပိုပြီး ရိုးရိုးရှင်းရှင်းပုံစံနဲ့ ကစားခဲ့ပြီး ပိုင်ဆိုင်မှု ရတဲ့အခါတိုင်း ဘောလုံးကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းခဲ့ပါတယ်။ လှုပ်အားနဲ့ တကွင်းလုံးကို လိုက်ကစားခဲ့ရသူဖြစ်ပြီး အမှတ်ပေးမခံရတဲ့ ဟီးရိုးတစ်ယောက်ပါပဲ။

မာနေး – 8

ဂွာဒီယိုလာရဲ့ ဒိုင်ဗင်ထိုးတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပြီး ဒီပွဲမှာ ဘရာဗိုကို ကျော်ကာ ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်ဂိုး သွင်းခဲ့တာက သူ့ကို နာမည်ကြီးစေဦးမှာပါ။

ဆာလက် – 8

အရင်အပတ်တွေမှာ တိတ်ဆိတ်နေခဲ့ပေမယ့် အီဂျစ်တိုက်စစ်မှူးဟာ ဒီနေ့မှာတော့ အဆုံးသတ်ပိုင်းအတွက် အကောင်းဆုံး ပုံစံ ပြန်ပြနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ ခေါင်းတိုက်ဂိုးနဲ့ လီဗာပူး အတွက် ဒုတိယ ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။

ဖာမီနို – 7

False nine နေရာမှာ အပြစ်ပြောစရာမရှိအောင် ကစားခဲ့ပေမယ့် ကံမကောင်းစွာပဲ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

လူစားဝင် ကစားသမားများ

မီလ်နာ

ဟန်ဒါဆန်နေရာ အစားဝင်လာပြီး ကွင်းလယ်ကို ဖြည့်ကစားပေးခဲ့တယ်။

ချိန်ဘာလိန်

ဖာမင်နိုနေရာမှာ အစားဝင်ခဲ့ပြီး တိုက်စစ်အတွက် နည်းစနစ်အပြောင်းအလဲတွေ စတင်စေခဲ့တယ်။

ဂိုးမက်စ်

လီဗာပူးပရိသတ်တွေကတော့ သူ စတာလင်ကို ပြန်ဖြဲတာအတွက် သဘောကျျနေမှာပါ။

Zawgyi

လီဗာပူးဟာ ႏွစ္ ၃၀ ၾကာ လိဂ္ဖလားမရခဲ့တာကို အဆုံးသတ္ဖို႔ ဒီရာသီကို အထင္ႀကီးစရာ အေကာင္းဆုံး ပုံစံနဲ႔ စတင္လာခဲ့တာျဖစ္ျပီး ရာသီအစ ၁၂ ပြဲထိကို ရံွဴးပြဲမရွိ မွတ္တမ္းကို ထိန္းသိမ္းခဲ့ပါတယ္။ ဖာဘင္ဟို၊ ဆာလက္၊ မာေနးတို႔အားလုံး ဂိုးရခဲ့ၿပီး စီးတီးအတြက္ ဘာနာဒို ေဆးဗားက ေနာက္က် ႏွစ္သိမ့္ဂိုး သြင္းယူေပးခဲ့ပါတယ္။ အန္ဖီးက ကစားသမား ေတြ အားလုံး ရဲ႕ စြမ္းေဆာင္ရည္ ေတြကို ေဖာ္ျပေပးပါမယ္။

လီဗာပူး

အယ္လီဆန္ – 6

Clean sheet မရခဲ့လို သူ႔ဘာသူ ျပန္မေက်နပ္ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ ၂၅ မိနစ္မွာ အဂြဲ႐ိုးရဲ႕ ၿခိမ္းေျခာက္မႈကို ခက္ခက္ခဲခဲ ကာကြယ္ခဲ့ပါတယ္။

လိုဗရန္ – 7

အဂြဲ႐ိုးကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ဖို႔ တာဝန္ယူခဲ့ၿပီး အေၾကာက္အလန္႔မရွိ ခဲ့သလို အာဂ်င္တိုင္းသားက ဘာမွမလုပ္ႏိုင္ခဲ့ပါဘူး။ သူဟာ စတာလင္ရဲ႕ ကန္သြင္းခ်က္တစ္ခုကိုလည္း ကာကြယ္မႈ လုပ္ႏုိင္ခဲ့တယ္။

ဗန္ဒိုက္ – 7

ဗန္ဒိုက္က ပံုမွန္ပါပဲ သိပ္ၿပီး လႊမ္းမိုးမႈ မရွိခဲ့ေပမယ့္လဲ သူရွိေနတာကိုက ယုံၾကည္အားကိုးစရာ ျဖစ္ေနဆဲပါ။ ဆိုရမယ္ဆိုရင္ ဗန္ဒိုက္ရဲ႕ ပံုမွန္ေျခစြမ္းကိုက ထိပ္တန္းအဆင့္မွာ ရွိေနျပီးသားျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ – 8

ပရီးမီးယားလိဂ္မွာ ေရာ္ဘတ္ဆန္ထက္ ပိုေကာင္းတဲ့ ဘယ္ေနာက္ခံလူ နည္းနည္းသာ ရွိၿပီး သူ႔ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဆာလက္ ေခါင္းတိုက္ဂိုးသြင္းခဲ့တာက ဒါကို သက္ေသျပခဲ့ပါတယ္။ သူနဲ႔ ထရန္႔ကို မရပ္တန္႔သ၍ကေတာ့ လီဗာပူးကို ရပ္တန္႔လို႔ရမွာ မဟုတ္ပါဘူး။

အာႏိုး – 7

လီဗာပူးရဲ႕ အဖြင့္ဂိုး အတြက္ ႀကိဳးပမ္းမႈမွာ ဧရိယာအတြင္း လက္ထိခဲ့ေပမယ့္ ပင္နယ္တီ မေပးခဲ့ရလို႔ ကံေကာင္းခဲ့ပါတယ္။ ဒီေကာင္ေလးဟာ လီဗာပူးတိုက္စစ္အတြက္ အခရာက်တဲ့ ကစားသမားျဖစ္ပါတယ္။

ဟန္ဒါဆန္ – 8

ဟန္ဒါဆန္ရဲ႕ ျဖတ္တင္ေပးပို႔မႈ ထူးခၽြန္ျပီး ခ်ီးက်ဴးေလာက္စရာ ျဖစ္ခဲ့ပါတယ္။ မာေနးရဲ႕ဂိုးအတြက္ သူ႔ရဲ႕ ဖန္တီးမႈက လက္ရာေျမာက္လွပါတယ္။ ကစားပံု ေကာင္းေနေပမယ့္ မၾကာေသးခင္ကပဲ အဖ်ားကေန ျပန္သက္သာလာတာျဖစ္လို႔ မန္ေနဂ်ာက ခပ္ေစာေစာ အနားေပးခဲ့ပါတယ္။

ဖာဘင္ဟို – 8

ၿပီးခဲ့တဲ့ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ သူ႔ကို ကေလာ့ပ္က အနားေပးခဲ့ၿပီး ဒီပြဲမွာ ေစာေစာစီးစီး ဂိုးသြင္းကာ နည္းျပရဲ႕ ယုံၾကည္မႈအတြက္ ျပန္ေပးဆပ္ခဲ့ပါတယ္။ ဧရိယာျပင္ဘက္ကေန ဂိုးေပါက္ထဲကို ကန္သြင္းလိုက္ပံုက တကယ္ကို ယံုၾကည္မႈရွိလွပါတယ္။

ဝိုင္နယ္ဒန္ – 7

ပုံမွန္ထက္ ပိုၿပီး ႐ိုး႐ိုးရွင္းရွင္းပုံစံနဲ႔ ကစားခဲ့ၿပီး ပိုင္ဆိုင္မႈ ရတဲ့အခါတိုင္း ေဘာလုံးကို တည္တည္ၿငိမ္ၿငိမ္ ထိန္းသိမ္းခဲ့ပါတယ္။ လႈပ္အားနဲ႔ တကြင္းလံုးကို လိုက္ကစားခဲ့ရသူျဖစ္ျပီး အမွတ္ေပးမခံရတဲ့ ဟီးရိုးတစ္ေယာက္ပါပဲ။

မာေနး – 8

ဂြာဒီယိုလာရဲ႕ ဒိုင္ဗင္ထိုးတယ္ဆိုတဲ့ စြပ္စြဲမႈေတြအၿပီး ဒီပြဲမွာ ဘရာဗိုကို ေက်ာ္ကာ ဒိုင္ဗင္ထိုးျပီး ေခါင္းတိုက္ဂိုး သြင္းခဲ့တာက သူ႔ကို နာမည္ႀကီးေစဦးမွာပါ။

ဆာလက္ – 8

အရင္အပတ္ေတြမွာ တိတ္ဆိတ္ေနခဲ့ေပမယ့္ အီဂ်စ္တိုက္စစ္မႉးဟာ ဒီေန႔မွာေတာ့ အဆံုးသတ္ပိုင္းအတြက္ အေကာင္းဆုံး ပံုစံ ျပန္ျပႏိုင္ခဲ့ပါတယ္။ ခက္ခဲတဲ့ ေခါင္းတိုက္ဂိုးနဲ႔ လီဗာပူး အတြက္ ဒုတိယ ဦးေဆာင္ဂိုး ရရွိေစခဲ့ပါတယ္။

ဖာမီႏို – 7

False nine ေနရာမွာ အျပစ္ေျပာစရာမရွိေအာင္ ကစားခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

လူစားဝင္ ကစားသမားမ်ား

မီလ္နာ

ဟန္ဒါဆန္ေနရာ အစားဝင္လာျပီး ကြင္းလယ္ကို ျဖည့္ကစားေပးခဲ့တယ္။

ခ်ိန္ဘာလိန္

ဖာမင္ႏိုေနရာမွာ အစားဝင္ခဲ့ျပီး တိုက္စစ္အတြက္ နည္းစနစ္အေျပာင္းအလဲေတြ စတင္ေစခဲ့တယ္။

ဂိုးမက္စ္

လီဗာပူးပရိသတ္ေတြကေတာ့ သူ စတာလင္ကို ျပန္ျဖဲတာအတြက္ သေဘာက််ေနမွာပါ။