တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ယှဉ်ပြိုင်ကစားစဉ် နာမည်ကျော် ဘောလုံးသမားဟောင်းတွေနဲ့ မန်နေဂျာဟောင်းတွေက ပွဲအပေါ် သုံးသပ်သူတွေအဖြစ် ပါဝင် လုပ်ကိုင်သွားခဲ့ကြပါတယ်။

မန်စီးတီးကစားသမားဟောင်း ကွန်ပနီ၊ ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်း၊ လီဗာပူးမန်နေဂျာဟောင်း ဆောင်းနပ်နဲ့ ပရီးမီးယားလိဂ် မန်နေဂျာဟောင်း မော်ရင်ညိုတို့က ပါဝင်သုံးသပ်ခဲ့ကြတာပါ။ အဆိုပါပွဲမှာ ဗဟိုခံစစ်မှူး ဗဟိုခံစစ်မှူးဟောင်း ကွန်ပနီက မန်စီးတီးဘက်ကနေ ဒိုင်ခံဆွေးနွေးခဲ့ပြီး ကျန်ပုဂ္ဂိုလ်တွေကတော့ အလျင့်သင့်သလို နှစ်သင်းလုံးအတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့တာဖြစ်တယ်။

ကွန်ပနီက မန်စီးတီးရဲ့ ရလဒ်နဲ့ ပက်သက်လို့တော့ “ မန်စီးတီးက ဒဏ်ရာပြဿနာတွေ အများအပြား ရင်ဆိုင်နေရတာက။ ကံမကောင်းတာပါ။ လီဗာပူးကတော့ အဲ့လို ပြဿနာတွေ မရှိခဲ့ဘူး ” လို့ ညီးတွားခဲ့တယ်။ ရွိုင်းကိန်းက “ လီဗာပူးက အယ်လီဆန်ကို ဒဏ်ရာကြောင့် ကာလရှည် လက်လွတ်ခဲ့ရတာပဲလေ။ သူတို့ ၈ ပွဲတောင် မသုံးနိုင်ခဲ့ဘူး ” လို့ ပြန်လည် တုန့်ပြန်သွားခဲ့တယ်။

မော်ရင်ညိုကတော့ ဂွာဒီယိုလာရဲ့ နည်းစနစ်အမှားနဲ့ ပက်သက်ပြီး “ လီဗာပူးလို အသင်းကို ရင်ဆိင်ကစားရာမှာ ခံစစ်သမားလေးယောက်ကြား နေရာလွတ်တွေကို ကျဉ်းနိုင်သလောက် ကျဉ်းအောင်လုပ်ဖို့ လိုပါတယ်။ လီဗာပူးသွင်းခဲ့တဲ့ ဂိုးနှစ်ဂိုးက ဝေါ်ကာနဲ့ စတုန်းကြား နေရာလွတ်ကျယ်နဲ့ ဖာနန်ဒင်ဟိုနဲ့ အန်ဂျယ်လီနိုကြား နေရာလွတ်တွေကို အသုံးချသွားတာပါ ” လို့ ထောက်ပြခဲ့တယ်။

လီဗာပူးဟာ အမှတ်ပေးဖလား အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကို အနိုင်ရပြီး ရမှတ် ၉ မှတ်ထိ ဖြတ်ထားနိုင်ပေမယ့် ဒီရာသီမှာ လက်စတာနဲ့ ချယ်ဆီးကလည်း အတော်လေး တောက်ပလာခဲ့ပြီး လီဗာပူးနောက် ရမှတ် ၈ မှတ်အကွာကနေ ဖိအားပေးနေဆဲဖြစ်တယ်။ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည် စတင်ရင်တော့ မန်စီးတီးဟာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

တနဂၤေႏြေန႔ ပြဲၾကီးပြဲေကာင္းအျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ရဲ႕ ယွဥ္ျပိဳင္ကစားစဥ္ နာမည္ေက်ာ္ ေဘာလံုးသမားေဟာင္းေတြနဲ႔ မန္ေနဂ်ာေဟာင္းေတြက ပြဲအေပၚ သံုးသပ္သူေတြအျဖစ္ ပါဝင္ လုပ္ကိုင္သြားခဲ့ၾကပါတယ္။

မန္စီးတီးကစားသမားေဟာင္း ကြန္ပနီ၊ ယူႏုိက္တက္ကစားသမားေဟာင္း ရိြဳင္ကိန္း၊ လီဗာပူးမန္ေနဂ်ာေဟာင္း ေဆာင္းနပ္နဲ႔ ပရီးမီးယားလိဂ္ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳတို႔က ပါဝင္သံုးသပ္ခဲ့ၾကတာပါ။ အဆိုပါပြဲမွာ ဗဟိုခံစစ္မွဴး ဗဟိုခံစစ္မွဴးေဟာင္း ကြန္ပနီက မန္စီးတီးဘက္ကေန ဒိုင္ခံေဆြးေႏြးခဲ့ျပီး က်န္ပုဂၢိဳလ္ေတြကေတာ့ အလ်င့္သင့္သလို ႏွစ္သင္းလံုးအတြက္ ေဆြးေႏြးမႈေတြ လုပ္ခဲ့တာျဖစ္တယ္။

ကြန္ပနီက မန္စီးတီးရဲ႕ ရလဒ္နဲ႔ ပက္သက္လို႔ေတာ့ “ မန္စီးတီးက ဒဏ္ရာျပႆနာေတြ အမ်ားအျပား ရင္ဆိုင္ေနရတာက။ ကံမေကာင္းတာပါ။ လီဗာပူးကေတာ့ အဲ့လို ျပႆနာေတြ မရွိခဲ့ဘူး ” လို႔ ညီးတြားခဲ့တယ္။ ရိြဳင္းကိန္းက “ လီဗာပူးက အယ္လီဆန္ကို ဒဏ္ရာေၾကာင့္ ကာလရွည္ လက္လြတ္ခဲ့ရတာပဲေလ။ သူတို႔ ၈ ပြဲေတာင္ မသံုးႏုိင္ခဲ့ဘူး ” လို႔ ျပန္လည္ တုန္႔ျပန္သြားခဲ့တယ္။

ေမာ္ရင္ညိဳကေတာ့ ဂြာဒီယိုလာရဲ႕ နည္းစနစ္အမွားနဲ႔ ပက္သက္ျပီး “ လီဗာပူးလို အသင္းကို ရင္ဆိင္ကစားရာမွာ ခံစစ္သမားေလးေယာက္ၾကား ေနရာလြတ္ေတြကို က်ဥ္းႏုိင္သေလာက္ က်ဥ္းေအာင္လုပ္ဖို႔ လိုပါတယ္။ လီဗာပူးသြင္းခဲ့တဲ့ ဂိုးႏွစ္ဂိုးက ေဝၚကာနဲ႔ စတုန္းၾကား ေနရာလြတ္က်ယ္နဲ႔ ဖာနန္ဒင္ဟိုနဲ႔ အန္ဂ်ယ္လီႏိုၾကား ေနရာလြတ္ေတြကို အသံုးခ်သြားတာပါ ” လို႔ ေထာက္ျပခဲ့တယ္။

လီဗာပူးဟာ အမွတ္ေပးဖလား အဓိကျပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးကို အႏုိင္ရျပီး ရမွတ္ ၉ မွတ္ထိ ျဖတ္ထားႏုိင္ေပမယ့္ ဒီရာသီမွာ လက္စတာနဲ႔ ခ်ယ္ဆီးကလည္း အေတာ္ေလး ေတာက္ပလာခဲ့ျပီး လီဗာပူးေနာက္ ရမွတ္ ၈ မွတ္အကြာကေန ဖိအားေပးေနဆဲျဖစ္တယ္။ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္ စတင္ရင္ေတာ့ မန္စီးတီးဟာ ခ်ယ္ဆီးန႔ဲ ယွဥ္ျပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။