မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ၃ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ သုံးဂိုးသွင်းခဲ့ပေမယ့် ဒိထက်တောင် ဂိုးတွေ ပို ရသင့်သေးတယ်လို့ နည်းပြ ဆိုးရှားနဲ့ လူငယ်တိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်တို့က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

” ကျနေ်ာတို့ ဂိုးတွေ ဒိထက် များများ သွင်းနိုင်ခဲ့ရမှာ။ ဒီပွဲက ကျနော့် ကောင်လေးတွေ ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည် မြင်ခဲ့ရတာပဲ ဖြစ်တယ်။ ဒီလိုမျိုး ကြည့်လို့ကောင်းတဲ့ ကစားဟန် ဆက် မြင်ရဖို့ မျှော်လင့်တယ်။ မာရှယ်က သွင်းဂိုး မရခဲ့ဘူးဆိုပေမယ့် သူ ကစားတာ ထူးချွန်ခဲ့ပါတယ်။ ဘရန်ဒန် ဝီလီယံရောပဲ သိပ် ကောင်းခဲ့တယ်။ သူက ပွဲကောင်း အချို့ ကစားခဲ့ပြီး ဖြစ်သလို ဒီပွဲမှာလည်း ခြေစွမ်းပြလိုခဲ့ပြီး ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ ”

” လောလောဆယ် အမှတ်ေ်ပးဇယား အနေအထားက သိပ် အရေးမကြီးသေးဘူး။ ကျနော်တို့ အနေနဲ့ ဆက်လက် တိုးတက်လာဖို့၊ ပွဲတွေ ဆက်နိုင်နေဖို့ လိုတာပါ။ အဲဒီနောက်မှာ ကျနော်တို့ ဘယ်ထိ ရောက်နိုင်မလဲ ကြည့်ရမှာ ဖြစ်တယ်။ ” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

ဆိုးရှား အပြင် တိုက်စစ်မှာ မာရှယ် ရက်ဖို့ဒ်တို့နဲ့ အတွဲညီညီ ခြေစွမ်းပြခဲ့တဲ့ ဂျိမ်းစ်ကလည်း ယူနိုက်တက်ဟာ ၇ ဂိုး ၈ ဂိုးလောက် ရခဲ့သင့်တယ်လို့ ဆိုလာခဲ့ပါတယ်။

” ဖိအားမြင့်မြင့် ပေးဟန်နဲ့ ကစားဟန်က အကျိုးရခဲ့ပါပြီ။ ဒါက တစ်ရာသီလုံး ကျနော်တို့ ကြိုးစားပုံဖော်နေတဲ့ ဟန်ပါ.. ပွဲစတည်းက မှန်ကန်တဲ့ ခွန်အားသုံးပြီး ကစားနိုင်ခဲ့တယ်။ ကျနော်တို့ နည်းနည်း ဟန်ချက်ပျက်နေ ချိန်မှာ သူတို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဂိုး ထပ်သွင်းနိုင်ခဲ့တာ သိပ်ကောင်းပါတယ်။ တကယ်တော့ ကျနေ်ာတို့ ၇ ဂိုး ၈ ဂိုးလောက် သွင်းနိုင်ခဲ့ရမှာ။ ” လို့ ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်က ဆိုပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ဟာ ဘရိုက္တန္ကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားခဲ့ရာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့ျပီး ၃ဂိုး ၁ ဂိုးနဲ႕ အနုိင္ရရွိခဲ့ပါတယ္။ ယူနိုက္တက္ဟာ သံုးဂိုးသြင္းခဲ့ေပမယ့္ ဒိထက္ေတာင္ ဂိုးေတြ ပို ရသင့္ေသးတယ္လို႔ နည္းျပ ဆိုးရွားနဲ႕ လူငယ္တိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္တို႔က ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

” က်ေန္ာတို႔ ဂိုးေတြ ဒိထက္ မ်ားမ်ား သြင္းနိုင္ခဲ့ရမွာ။ ဒီပြဲက က်ေနာ့္ ေကာင္ေလးေတြ ဆီကေန အေကာင္းဆံုး စြမ္းေဆာင္ရည္ ျမင္ခဲ့ရတာပဲ ျဖစ္တယ္။ ဒီလိုမ်ိဳး ၾကည့္လို႔ေကာင္းတဲ့ ကစားဟန္ ဆက္ ျမင္ရဖို႔ ေမွ်ာ္လင့္တယ္။ မာရွယ္က သြင္းဂိုး မရခဲ့ဘူးဆိုေပမယ့္ သူ ကစားတာ ထူးခၽြန္ခဲ့ပါတယ္။ ဘရန္ဒန္ ၀ီလီယံေရာပဲ သိပ္ ေကာင္းခဲ့တယ္။ သူက ပြဲေကာင္း အခ်ိဳ႕ ကစားခဲ့ျပီး ျဖစ္သလို ဒီပြဲမွာလည္း ေျခစြမ္းျပလိုခဲ့ျပီး ေကာင္းေကာင္း လုပ္ျပနိုင္ခဲ့တယ္။ ”

” ေလာေလာဆယ္ အမွတ္ေ္ပးဇယား အေနအထားက သိပ္ အေရးမၾကီးေသးဘူး။ က်ေနာ္တို႔ အေနနဲ႕ ဆက္လက္ တိုးတက္လာဖို႔၊ ပြဲေတြ ဆက္နုိင္ေနဖို႔ လိုတာပါ။ အဲဒီေနာက္မွာ က်ေနာ္တို႔ ဘယ္ထိ ေရာက္နိုင္မလဲ ၾကည့္ရမွာ ျဖစ္တယ္။ ” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

ဆိုးရွား အျပင္ တိုက္စစ္မွာ မာရွယ္ ရက္ဖို႔ဒ္တို႔နဲ႕ အတြဲညီညီ ေျခစြမ္းျပခဲ့တဲ့ ဂ်ိမ္းစ္ကလည္း ယူနိုက္တက္ဟာ ၇ ဂိုး ၈ ဂိုးေလာက္ ရခဲ့သင့္တယ္လို႔ ဆိုလာခဲ့ပါတယ္။

” ဖိအားျမင့္ျမင့္ ေပးဟန္နဲ႕ ကစားဟန္က အက်ိဳးရခဲ့ပါျပီ။ ဒါက တစ္ရာသီလံုး က်ေနာ္တို႔ ၾကိဳးစားပံုေဖာ္ေနတဲ့ ဟန္ပါ.. ပြဲစတည္းက မွန္ကန္တဲ့ ခြန္အားသံုးျပီး ကစားနိုင္ခဲ့တယ္။ က်ေနာ္တို႔ နည္းနည္း ဟန္္ခ်က္ပ်က္ေန ခ်ိန္မွာ သူတို႔ ဂိုးသြင္းနုိင္ခဲ့တယ္။ ဒါေပမယ့္ က်ေနာ္တို႔ကလည္း ဂိုး ထပ္သြင္းနုိင္ခဲ့တာ သိပ္ေကာင္းပါတယ္။ တကယ္ေတာ့ က်ေန္ာတို႔ ၇ ဂိုး ၈ ဂိုးေလာက္ သြင္းနုိင္ခဲ့ရမွာ။ ” လို႔ ယူနိုက္တက္ ေတာင္ပံကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္က ဆိိုပါတယ္။