လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ချယ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေကို အဓိက အားပြုလို့ နိုင်ပွဲတွေလည်း ဆက်တိုက် ရယူနေပြီ ဖြစ်ပါတယ်။ ဒီတပတ် ပဲလေ့စ်ကို နိုင်တဲ့ပွဲအပြီးမှာ လမ်းပတ်က တိုက်စစ်သမား ပူလီဆစ်နဲ့ အစွန်ခံစစ်သမား ရီစီဂျိမ်းစ်တို့ ကစားပုံကို ချီးကျူး စကား ဆိုခဲ့ပါတယ်။

” ပူလီဆစ် က အစောပိုင်း မှာ ပွဲအနည်းငယ်ပဲ ကစားခဲ့ရပြီး ပရီးမီးယားလိဂ် ရဲ့ ပြင်းထန်မှုက ကစားသမားတိုင်းအတွက် တိုးတက်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် သူက ကြီးမားတဲ့ အရည်အသွေး ရှိပြီး ကျနော်တို့ အတွက် အရေးပါတဲ့ကစားသမား ဖြစ်လာလိမ့်မယ် ဆိုတာ ကျနော် အမြဲ ယုံကြည်ခဲ့သလို သူက ပြသခဲ့ပါတယ်။ ”

” သူ့ရဲ့ အင်အား၊ ဘောလုံးကိုင်တွယ်ပုံ၊ လူတွေကို လှည့်စား ကျော်ဖြတ်ပုံ၊ အမြဲတမ်း ဧရိယာထဲ ရှိနေတတ်တာနဲ့ ခြောက်ကိုက်ဝန်းကျင်မှာ ဂိုးသွင်းတတ်တာတွေက တောင်ပံကစားသမား တစ်ယောက် အတွက် သိပ်ကောင်းတယ်။ စိတ်ပျက်စရာ တစ်ခုက ဒဏ်ရာပြဿနာ ရှိခဲ့တာပဲ။ ဒါပေမယ့် အခုချိန်မှာ သူ အပြည့်အဝ ခြေစွမ်းပြ ကစားနိူင်နေတာ ကျေနပ်စရာပါ။” လို့ လမ်းပတ်က အမေရိကန် တိုက်စစ်သမားနဲ့ ပတ်သတ်ပြီး မှတ်ချက် ပြုခဲ့ပါတယ်။

ဇာဟာကိုထိန်းခဲ့တဲ့ ရီစီဂျိမ်းစ်ရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီးလည်း လမ်းပတ်က – “ဂျိမ်းစ်ဟာ လိဂ်မှာ တစ်ယောက်တစ်ယောက်ချင်း ရင်ဆိူင်ရတဲ့အခါ အကောင်းဆုံး တောင်ပံကစားသမား တစ်ယောက် ကို ထိန်းသိမ်းပြီး အံ့ဩစရာ ဖြစ်စေခဲ့တယ်။ ခြိမ်းခြောက်မှု၊ တန်ပြန်တိုက်စစ် တွေကို သူက ကိူင်တွယ် ဖြေရှင်းခဲ့ပြီး တိုက်စစ်ဆင်မှုမှာလဲ ပါဝင်ခဲ့တယ်။ ဘောလူံးကို အေးအေးဆေးဆေး ထိန်းသိမ်းတတ်တာနဲ့ သူ့ရဲ့ ပေးပို့မှု တွေက ကျေနပ်စရာ ဖြစ်ခဲ့တယ်။ ”

” သူ့ကို ကျနော် ယုံတယ်။ ဒီနှစ် အခွင့်အရေး ရခဲ့တဲ့ လူငယ်ကစားသမား တွေထဲမှာ သူက စောစောစီးစီး ဒဏ်ရာရခဲ့တယ်။ အနည်းငယ် အကြာမှာ ပြန်ကောင်းလာပေမယ့် အခု သူ ရနေတဲ့ ကစားချိန်တွေနဲ့ ထိုက်တန်အောင် လေ့ကျင့်ရေးမှာ ကြိုးစားခဲ့တယ်။ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

လူငယ်တွေကို ယုံကြည်မှု ပေး နေရာတစ်နေရာ ပေးနေတဲ့ လမ်းပတ်နဲ့ လမ်းပတ် ယုံကြည်မှုတွေ မှန်ကန်ကြောင်း သက်သေပြနေတဲ့ ချယ်ဆီး အသင်းသားတွေ ညီညွတ်မှုက ကြည်နူးစရာ ဖြစ်လို့ နေပါတယ်။

Zawgyi

လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနတဲ့ ခ်ယ္ဆီးအသင္းဟာ လူငယ္ကစားသမားေတြကို အဓိက အားျပဳလို႔ နုိင္ပြဲေတြလည္း ဆက္တိုက္ ရယူေနျပီ ျဖစ္ပါတယ္။ ဒီတပတ္ ပဲေလ့စ္ကို နုိင္တဲ့ပြဲအျပီးမွာ လမ္းပတ္က တိုက္စစ္သမား ပူလီဆစ္နဲ႕ အစြန္ခံစစ္သမား ရီစီဂ်ိမ္းစ္တို႔ ကစားပံုကို ခ်ီးက်ဴး စကား ဆိုခဲ့ပါတယ္။

” ပူလီဆစ္ က အေစာပိုင္း မွာ ပြဲအနည္းငယ္ပဲ ကစားခဲ့ရၿပီး ပရီးမီးယားလိဂ္ ရဲ႕ ျပင္းထန္မႈက ကစားသမားတိုင္းအတြက္ တိုးတက္ဖို႔ ခက္ခဲတယ္။ ဒါေပမယ့္ သူက ႀကီးမားတဲ့ အရည္အေသြး ရွိၿပီး က်ေနာ္တို႔ အတြက္ အေရးပါတဲ့ကစားသမား ျဖစ္လာလိမ့္မယ္ ဆိုတာ က်ေနာ္ အၿမဲ ယုံၾကည္ခဲ့သလို သူက ျပသခဲ့ပါတယ္။ ”

” သူ႔ရဲ႕ အင္အား၊ ေဘာလုံးကိုင္တြယ္ပုံ၊ လူေတြကို လွည့္စား ေက်ာ္ျဖတ္ပုံ၊ အၿမဲတမ္း ဧရိယာထဲ ရွိေနတတ္တာနဲ႔ ေျခာက္ကိုက္ဝန္းက်င္မွာ ဂိုးသြင္းတတ္တာေတြက ေတာင္ပံကစားသမား တစ္ေယာက္ အတြက္ သိပ္ေကာင္းတယ္။ စိတ္ပ်က္စရာ တစ္ခုက ဒဏ္ရာျပႆနာ ရွိခဲ့တာပဲ။ ဒါေပမယ့္ အခုခ်ိန္မွာ သူ အျပည့္အဝ ေျခစြမ္းျပ ကစားႏိူင္ေနတာ ေက်နပ္စရာပါ။” လို႔ လမ္းပတ္က အေမရိကန္ တိုက္စစ္သမားနဲ႕ ပတ္သတ္ျပီး မွတ္ခ်က္ ျပဳခဲ့ပါတယ္။

ဇာဟာကိုထိန္းခဲ့တဲ့ ရီစီဂ်ိမ္းစ္ရဲ႕ ကစားပုံနဲ႕ ပတ္သတ္ျပီးလည္း လမ္းပတ္က – “ဂ်ိမ္းစ္ဟာ လိဂ္မွာ တစ္​ေယာက္တစ္ေယာက္ခ်င္း ရင္ဆိူင္ရတဲ့အခါ အေကာင္းဆုံး ေတာင္ပံကစားသမား တစ္ေယာက္ ကို ထိန္းသိမ္းၿပီး အံ့ဩစရာ ျဖစ္ေစခဲ့တယ္။ ၿခိမ္းေျခာက္မႈ၊ တန္ျပန္တိုက္စစ္ ေတြကို သူက ကိူင္တြယ္ ေျဖရွင္းခဲ့ၿပီး တိုက္စစ္ဆင္မႈမွာလဲ ပါဝင္ခဲ့တယ္။ ေဘာလူံးကို ေအးေအးေဆးေဆး ထိန္းသိမ္းတတ္တာနဲ႔ သူ႔ရဲ႕ ေပးပို႔မႈ ေတြက ေက်နပ္စရာ ျဖစ္ခဲ့တယ္။ ”

” သူ႔ကို က်ေနာ္ ယုံတယ္။ ဒီႏွစ္ အခြင့္အေရး ရခဲ့တဲ့ လူငယ္ကစားသမား ေတြထဲမွာ သူက ေစာေစာစီးစီး ဒဏ္ရာရခဲ့တယ္။ အနည္းငယ္ အၾကာမွာ ျပန္ေကာင္းလာေပမယ့္ အခု သူ ရေနတဲ့ ကစားခ်ိန္ေတြနဲ႔ ထိုက္တန္ေအာင္ ေလ့က်င့္ေရးမွာ ႀကိဳးစားခဲ့တယ္။ သိပ္ေကာင္းတဲ့ အလုပ္ကို လုပ္ခဲ့တာပါ။” လို႔ ဆိုခဲ့ပါတယ္။

လူငယ္ေတြကို ယံုၾကည္မႈ ေပး ေနရာတစ္ေနရာ ေပးေနတဲ့ လမ္းပတ္နဲ႕ လမ္းပတ္ ယံုၾကည္မႈေတြ မွန္ကန္ေၾကာင္း သက္ေသျပေနတဲ့ ခ်ယ္ဆီး အသင္းသားေတြ ညီညြတ္မႈက ၾကည္နူးစရာ ျဖစ္လို႔ ေနပါတယ္။