မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်က လီဗာပူးကို ရှုံးတဲ့ ပွဲအပြီးမှာ ၎င်းနဲ့ စီးတီးအသင်းေ်ဖာ်တွေက အဝတ်လဲခန်းထဲ ပြန်ရောက်ရောက်ချင်း ဘာလုပ်ဖြစ်ခဲ့သလဲ ဆိုတာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေ ရှိခဲ့တဲ့ ထိုပွဲအပြီးမှာ မန်စီးတီး အသင်းသားတွေက ပွဲပြီးတာနဲ့ ချက်ချင်း ၎င်းတို့ ခွင့်ပြုခြင်း မခံခဲ့ရတဲ့ လက်ထိဘော အဖြစ်အပျက်ကို ပြန်ကြည့်ရှုခဲ့ကြပါတယ်။ ဖာဘင်ညိုရဲ့ အဖွင့် ဂိုး မတိုင်ခင်မှာ ထရန့် အလက်ဇန်းဒါးအာနိုးက ဧရိယာထဲမှာ ဘောလုံးနဲ့ လက်ထိသွားခဲ့ပြီး VAR နဲ့ ပြန်လည် စစ်ဆေးမှုမှာတော့ လက်ထိပြစ်ဒဏ်ဘော အဖြစ် မသတ်မှတ်ခဲ့ပါဘူး။

အများစုက VAR မကြည့်ဘူး ယူဆခဲ့ကြပေမယ့် တကယ်တမ်းတော့ ဗီဒီယိုအထောက်ကူပြု စနစ်နဲ့ ပြန်လည် ကြည့်ရှုခဲ့ကာ အန်းဖီးကွင်းမှာ Big Screen ကြီး မရှိတာကြောင့် ပရိသတ်ကို တပြိုင်နက် ပြသနိုင်ခြင်း မရှိခဲ့တာလို့ သိရပါတယ်။ ဂွမ်ဒိုဂန်ကတော့ အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး စီးတီးမှာ ထိခိုက်မှုကြီးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

” ကျနော့်ကို အခု ဘာပြောစေချင်လို့လဲ။ မန်စီးတီး ကစားသမား တစ်ယောက် အနေနဲ့တော့ ဒီအဖြစ်အပျက်က ထိုးနှက်မှုကြီးပေါ့။ ပွဲပြီးတာနဲ့ အဝတ်လဲခန်းထဲမှာ ဒီအဖြစ်အပျက်ကို ပြန်ကြည့်ဖြစ်ခဲ့ကြတယ်။ ကျနော့်အတွက်တော့ သိသိသာသာ ပင်နယ်တီပဲ။ ဒါပေမယ့် ခင်ဗျားတို့ လီဗာပူး ကစားသမား တစ်ယောက်ယောက်ကို သွားမေးရင် ဒါက ၅၀-၅၀ ပဲလို့ ဖြေလိမ့်မယ်။ ” လို့ မန်ချက်စတာ သတင်းဌာနကို ဂွမ်ဒိုဂန်က ပြောဆိုခဲ့ပါတယ်။

” ဒီအခြေအနေက ဆုံးဖြတ်ဖို့ မလွယ်ပါဘူး။ ဒီအတွက် ကျနော်က သုံးသပ်ချက်တွေ ဘာတွေလည်း ထုတ်ဖို့ မရှိဘူး။ ပြန်ကြည့်လိုက်ရင် အခြေအနေ တချို့ ကျနော်တို့ အခွင့်သာသင့်တာတွေ ရှိတာတော့ အမှန်ပါ။ ဒါပေမယ့် ဖြစ်မလာဘူးပေါ့ ဒီအတွက် ဘာမှလည်း လုပ်လို့ရတာ မဟုတ်ဘူး။ ” လို့ ၎င်းက ဆိုပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီး ကြင္းလယ္ကစားသမား ဂြမ္ဒုိဂန္က လီဗာပူးကို ရွံဳးတဲ့ ပြဲအျပီးမွာ ၄င္းနဲ႕ စီးတီးအသင္းေ္ဖာ္ေတြက အ၀တ္လဲခန္းထဲ ျပန္ေရာက္ေရာက္ခ်င္း ဘာလုပ္ျဖစ္ခဲ့သလဲ ဆိုတာ ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

အျငင္းပြားဖြယ္ရာ ျဖစ္ရပ္ေတြ ရွိခဲ့တဲ့ ထိုပြဲအျပီးမွာ မန္စီးတီး အသင္းသားေတြက ပြဲျပီးတာနဲ႕ ခ်က္ခ်င္း ၄င္းတို႔ ခြင့္ျပဳျခင္း မခံခဲ့ရတဲ့ လက္ထိေဘာ အျဖစ္အပ်က္ကို ျပန္ၾကည့္ရႈခဲ့ၾကပါတယ္။ ဖာဘင္ညိဳရဲ႕ အဖြင့္ ဂိုး မတိုင္ခင္မွာ ထရန္႔ အလက္ဇန္းဒါးအာနိုးက ဧရိယာထဲမွာ ေဘာလံုးနဲ႕ လက္ထိသြားခဲ့ျပီး VAR နဲ႕ ျပန္လည္ စစ္ေဆးမႈမွာေတာ့ လက္ထိျပစ္ဒဏ္ေဘာ အျဖစ္ မသတ္မွတ္ခဲ့ပါဘူး။

အမ်ားစုက VAR မၾကည့္ဘူး ယူဆခဲ့ၾကေပမယ့္ တကယ္တမ္းေတာ့ ဗီဒီယိုအေထာက္ကူျပဳ စနစ္နဲ႕ ျပန္လည္ ၾကည့္ရႈခဲ့ကာ အန္းဖီးကြင္းမွာ Big Screen ၾကီး မရွိတာေၾကာင့္ ပရိသတ္ကို တျပိဳင္နက္ ျပသနိုင္ျခင္း မရွိခဲ့တာလို႔ သိရပါတယ္။ ဂြမ္ဒိုဂန္ကေတာ့ အဆိုပါ ဆံုးျဖတ္ခ်က္နဲ႕ ပတ္သတ္ျပီး စီးတီးမွာ ထိခိုက္မႈၾကီးခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

” က်ေနာ့္ကို အခု ဘာေျပာေစခ်င္လို႔လဲ။ မန္စီးတီး ကစားသမား တစ္ေယာက္ အေနနဲ႕ေတာ့ ဒီအျဖစ္အပ်က္က ထိုးနွက္မႈၾကီးေပါ့။ ပြဲျပီးတာနဲ႕ အ၀တ္လဲခန္းထဲမွာ ဒီအျဖစ္အပ်က္ကို ျပန္ၾကည့္ျဖစ္ခဲ့ၾကတယ္။ က်ေနာ့္အတြက္ေတာ့ သိသိသာသာ ပင္နယ္တီပဲ။ ဒါေပမယ့္ ခင္ဗ်ားတို႔ လီဗာပူး ကစားသမား တစ္ေယာက္ေယာက္ကို သြားေမးရင္ ဒါက ၅၀-၅၀ ပဲလို႔ ေျဖလိမ့္မယ္။ ” လို႔ မန္ခ်က္စတာ သတင္းဌာနကို ဂြမ္ဒိုဂန္က ေျပာဆိုခဲ့ပါတယ္။

” ဒီအေျခအေနက ဆံုးျဖတ္ဖို႔ မလြယ္ပါဘူး။ ဒီအတြက္ က်ေနာ္က သံုးသပ္ခ်က္ေတြ ဘာေတြလည္း ထုတ္ဖို႔ မရွိဘူး။ ျပန္ၾကည့္လိုက္ရင္ အေျခအေန တခ်ိဳ႕ က်ေနာ္တို႔ အခြင့္သာသင့္တာေတြ ရွိတာေတာ့ အမွန္ပါ။ ဒါေပမယ့္ ျဖစ္မလာဘူးေပါ့ ဒီအတြက္ ဘာမွလည္း လုပ္လုိ႔ရတာ မဟုတ္ဘူး။ ” လို႔ ၄င္းက ဆိုပါတယ္။