ဇန်နဝါရီ အပြောင်းအရွှေ့ နီးကပ်လာတာနဲ့အမျှ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုတွေက ပိုမိုသိသာတဲ့ အသွင်ကို ဆောင်လာပြီဖြစ်ပြီး ရာသီဝက် ဈေးကွက်ဖွင့်ချိန်မှာ အဓိက ခေါ်ယူမှုကြီး နှစ်ခုကို ပြုလုပ်ဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။

အရင်လကတည်းက စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အဲရစ်ဆန်နဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောနေခဲ့ပြီး လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်း ကာလတိုပဲ ကျန်ရှိတော့တဲ့ ဒိန်းမတ်လက်ရွေးစင်ကို ပေါင် ၄၂ သန်းနဲ့တင် ခေါ်ယူဖို့ ညိနှိုင်းနေတာဖြစ်တယ်။ ယူနိုက်တက်ဘက်က အခြားသော ကွင်းလယ်လူတွေကို စိတ်ဝင်စားသလို အဲရစ်ဆန်ကလည်း အခြားသော ထိပ်တန်းကလပ်တွေနဲ့ သတင်းထွက်ထားပေမယ့် လက်တွေ့ကျတဲ့ အနေအထားကိုပဲ လက်ခံဖို့ ဦးတည်လာခဲ့တာဖြစ်တယ်။

ယူနိုက်တက်က ကွင်းလယ်မှာ တော်မီနေးကို အထိုင်ကစားသမားအဖြစ် ဆက်သုံးမှာဖြစ်ပြီး ကွင်းလယ်ကနေ တိုက်စစ်ကို ပံ့ပိုးပေးဖို့မှာ ပေါ့ဘာနဲ့ အဲရစ်ဆန်ကို တွဲပေးလိုက်ခြင်းက အကောင်းဆုံး ပေါင်းဖက်မှုလို့ ယူဆနေတာဖြစ်တယ်။ အဲရစ်ဆန်ရဲ့ အတွေ့အကြုံကောင်းတွေက ကလပ်အသင်းရဲ့ ငယ်ရွယ်တဲ့ တိုက်စစ်ကို ပုခုံးထမ်းပေးဖို့ လုံလောက်မယ်လို့ မန်နေဂျာဆိုးရှားကလည်း ယုံကြည်နေပါတယ်။

ဒါ့အပြင် ဆိုးရှားဟာ တောင်ပံတိုက်စစ်ကို အင်အားတိုးချဲ့လိုနေပြီး ပဲလေစ့်အသင်းမှ ကလပ်အသင်း ကစားသမာဟောင်း ဇာဟာကို ခေါ်ယူဖို့လည်း ပြင်ဆင်နေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့တယ်။ ဇာဟာ ဟာ လိဂ်ရဲ့ ထိပ်တန်း တောင်ပံသမားဖြစ်ပြီး နွေတုန်းက အာဆင်နယ်ကို ရောက်ဖို့ နီးစပ်ခဲ့သေးပေမယ့် မပြီးမြောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ပဲလေစ့်ကို ဇာဟာအား ရောင်းထုတ်ပေးခဲ့စဉ်က အပြောင်းအရွှေ့ရဲ့ ၂၅% ခံစားခွင့်ကို ထည့်သွင်းခဲ့တယ်လို့ သိရတယ်။ အဆိုပါ အချက်ကိုနင်းပြီး ဇာဟာကို ပြန်လည်ခေါ်ယူစဉ်မှာ အသုံးစရိတ်ကို လျော့ချဖို့ ယုံကြည်ချက်ရှိသလို ကစားသမားအတွက် ပေါင် ၇၀ သန်း တန်ကြေး ပေးရမယ်လို့ တွက်ချက်ထားကြပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔ နီးကပ္လာတာနဲ႔အမွ် ယူႏုိက္တက္ရဲ႕ လႈပ္ရွားမႈေတြက ပိုမိုသိသာတဲ့ အသြင္ကို ေဆာင္လာျပီျဖစ္ျပီး ရာသီဝက္ ေစ်းကြက္ဖြင့္ခ်ိန္မွာ အဓိက ေခၚယူမႈၾကီး ႏွစ္ခုကို ျပဳလုပ္ဖို႔ ယူႏုိက္တက္ဘက္က ျပင္ဆင္လာခဲ့ျပီျဖစ္ပါတယ္။

အရင္လကတည္းက စပါးအသင္းရဲ႕ အဓိက ကစားသမားျဖစ္သူ အဲရစ္ဆန္နဲ႔ အေျပာင္းအေရႊ႔ကိစၥ စကားေျပာေနခဲ့ျပီး လန္ဒန္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ကာလတိုပဲ က်န္ရွိေတာ့တဲ့ ဒိန္းမတ္လက္ေရြးစင္ကို ေပါင္ ၄၂ သန္းနဲ႔တင္ ေခၚယူဖို႔ ညိႏိႈင္းေနတာျဖစ္တယ္။ ယူႏုိက္တက္ဘက္က အျခားေသာ ကြင္းလယ္လူေတြကို စိတ္ဝင္စားသလို အဲရစ္ဆန္ကလည္း အျခားေသာ ထိပ္တန္းကလပ္ေတြနဲ႔ သတင္းထြက္ထားေပမယ့္ လက္ေတြ႔က်တဲ့ အေနအထားကိုပဲ လက္ခံဖို႔ ဦးတည္လာခဲ့တာျဖစ္တယ္။

ယူႏုိက္တက္က ကြင္းလယ္မွာ ေတာ္မီေနးကို အထိုင္ကစားသမားအျဖစ္ ဆက္သံုးမွာျဖစ္ျပီး ကြင္းလယ္ကေန တိုက္စစ္ကို ပံ့ပိုးေပးဖို႔မွာ ေပါ့ဘာနဲ႔ အဲရစ္ဆန္ကို တြဲေပးလိုက္ျခင္းက အေကာင္းဆံုး ေပါင္းဖက္မႈလို႔ ယူဆေနတာျဖစ္တယ္။ အဲရစ္ဆန္ရဲ႕ အေတြ႔အၾကံဳေကာင္းေတြက ကလပ္အသင္းရဲ႕ ငယ္ရြယ္တဲ့ တိုက္စစ္ကို ပုခံုးထမ္းေပးဖို႔ လံုေလာက္မယ္လို႔ မန္ေနဂ်ာဆိုးရွားကလည္း ယံုၾကည္ေနပါတယ္။

ဒါ့အျပင္ ဆိုးရွားဟာ ေတာင္ပံတိုက္စစ္ကို အင္အားတိုးခ်ဲဲ႔လိုေနျပီး ပဲေလစ့္အသင္းမွ ကလပ္အသင္း ကစားသမာေဟာင္း ဇာဟာကို ေခၚယူဖို႔လည္း ျပင္ဆင္ေနတယ္လုိ႔ ေဒးလီးေမလ္းက ေဖာ္ျပခဲ့တယ္။ ဇာဟာ ဟာ လိဂ္ရဲ႕ ထိပ္တန္း ေတာင္ပံသမားျဖစ္ျပီး ေႏြတုန္းက အာဆင္နယ္ကို ေရာက္ဖို႔ နီးစပ္ခဲ့ေသးေပမယ့္ မျပီးေျမာက္ခဲ့သူလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္ဘက္က ပဲေလစ့္ကို ဇာဟာအား ေရာင္းထုတ္ေပးခဲ့စဥ္က အေျပာင္းအေရႊ႔ရဲ႕ ၂၅% ခံစားခြင့္ကို ထည့္သြင္းခဲ့တယ္လို႔ သိရတယ္။ အဆိုပါ အခ်က္ကိုနင္းျပီး ဇာဟာကို ျပန္လည္ေခၚယူစဥ္မွာ အသံုးစရိတ္ကို ေလ်ာ့ခ်ဖို႔ ယံုၾကည္ခ်က္ရွိသလို ကစားသမားအတြက္ ေပါင္ ၇၀ သန္း တန္ေၾကး ေပးရမယ္လို႔ တြက္ခ်က္ထားၾကပါတယ္။