နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် လူစာရင်းမှာတော့ ချယ်ဆီးအသင်းသား ၅ ဦးထိ လက်ရွေးစင်မှာ ပါဝင်ခဲ့ပြီး ဒါဟာ မန်နေဂျာလမ်းပတ်ရဲ့ အသင်းသားတွေ ဘယ်လောက်တောင် တိုးတက်လာသလဲရဲ့ သက်သေတစ်ခု ဖြစ်လာပါတယ်။

ဒီရာသီ ပထမဆုံးအကြိမ် အဖြစ် အိုဒွိုင်းအပါအဝင် အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရတဲ့ ချယ်ဆီးကစားသမား ငါးယောက်က မေဆန်မောင့်၊ အိုဒွိုင်း၊ ဘာကလေ၊ အေဘရာဟမ်နဲ့ တိုမိုရီတို့ဖြစ်ပြီး ကလပ်တစ်သင်းကနေ အင်္ဂလန်အသင်းအတွက် အများဆုံး ပါဝင်မှု ဖြစ်ခဲ့တယ်။ အေဘရာဟမ်၊ မောင့်နဲ့ တိုမိုရီတို့ဟာ ဒီရာသီ တောက်ပလာမှုတွေကြောင့် အင်္ဂလန်အသင်းရဲ့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရတာဖြစ်တယ်။

” ဒါအတွက် ကျနော် ပျော်ပါတယ်။ တန်မီအတွက် ဒါက သိပ်ကောင်းတယ်။ တိုမီုရီက နိုင်ငံအတွက် ဒီရာသီမှာ ပထမဆုံး ခေါ်ခံရတာပါ။ အိုဒွိုင်းက ကာလရှည် နားပြီးနောက် ပြန်လာရတာ ဖြစ်ပြီး မေဆန်ကတော့ အသစ် ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားပုံနဲ့ အာရုံစူးစိုက်နိုင်မှုကြောင့် နိုင်ငံအသင်းက ခေါ်ခံရလို့ ကျေနပ်မိပါတယ်။

သူတို့လဲ ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်။ နည်းပြတစ်ယောက် အနေနဲ့ သူတို့အတွက် ဂုဏ်ယူပါတယ်။ လူငယ်ကစားသမားတွေ အနေနဲ့ အသင်းမှာ သူတို့ရဲ့ ပထမခြေလှမ်းကို စတင်နေတာ သိပ်ကောင်းတယ်။ ” လို့ လမ်းပတ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလရဲ့ တစ်လတာ အကောင်းဆုံး နည်းပြ ဆုကို ယာဂင်ကလော့ပ်လို မန်နေဂျာအား ကျော်ဖြတ်ရခဲ့လို့ လမ်းပတ်က ဂုဏ်ယူနေပြီး နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် လိဂ်မှာ အကောင်းဆုံး ပုံစံ ရရှိဖို့ အလေးထားခဲ့ရတဲ့အပေါ်မှာလည်း

” ဒ ါက တိုးတက်မှုရှိတဲ့လ ဖြစ်ခဲ့တယ်။ ကျနော်က နည်းပြဆုရခဲ့ပြီး အသင်းက ဇယားမှာ အဆင့်တက်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အရာအားလုံးက မြန်မြန် ပြောင်းလဲနိုင်တယ်ဆိုတာ သိပါတယ်။ နိုင်ငံတကာသီတင်းပတ်ကို ရလဒ်ကောင်းကောင်းနဲ့ သွားချင်တယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် က ပွဲတိုင်း ကို ကျနော်တို့ လေးစားဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ အရှိန်အဟုန် ကို ထိန်းသိမ်းလိုပါတယ်။ ” လို့ လမ်းပတ်က ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ႏိုင္ငံတကာသီတင္းပတ္အတြက္ အဂၤလန္ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ပြဲအတြက္ လူစာရင္းမွာေတာ့ ခ်ယ္ဆီးအသင္းသား ၅ ဦးထိ လက္ေရြးစင္မွာ ပါဝင္ခဲ့ျပီး ဒါဟာ မန္ေနဂ်ာလမ္းပတ္ရဲ႕ အသင္းသားေတြ ဘယ္ေလာက္ေတာင္ တုိးတက္လာသလဲရဲ႕ သက္ေသတစ္ခု ျဖစ္လာပါတယ္။

ဒီရာသီ ပထမဆုံးအႀကိမ္ အျဖစ္ အိုဒြိဳင္းအပါအဝင္ အဂၤလန္ အသင္းအတြက္ ေရြးခ်ယ္ခံရတဲ့ ခ်ယ္ဆီးကစားသမား ငါး​ေယာက္က ေမဆန္ေမာင့္၊ အိုဒိြဳင္း၊ ဘာကေလ၊ ေအဘရာဟမ္နဲ႔ တိုမိုရီတို႔ျဖစ္ျပီး ကလပ္တစ္သင္းကေန အဂၤလန္အသင္းအတြက္ အမ်ားဆံုး ပါဝင္မႈ ျဖစ္ခဲ့တယ္။ ေအဘရာဟမ္၊ ေမာင့္နဲ႔ တိုမိုရီတို႔ဟာ ဒီရာသီ ေတာက္ပလာမႈေတြေၾကာင့္ အဂၤလန္အသင္းရဲ႕ ဆင့္ေခၚျခင္းကို ခံခဲ့ရတာျဖစ္တယ္။

” ဒါအတြက္ က်ေနာ္ ေပ်ာ္ပါတယ္။ တန္မီအတြက္ ဒါက သိပ္ေကာင္းတယ္။ တိုမီုရီက ႏိုင္ငံအတြက္ ဒီရာသီမွာ ပထမဆုံး ေခၚခံရတာပါ။ အိုဒြိဳင္းက ကာလရွည္ နားၿပီးေနာက္ ျပန္လာရတာ ျဖစ္ၿပီး ေမဆန္ကေတာ့ အသစ္ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ကစားပုံနဲ႔ အာ႐ုံစူးစိုက္ႏိုင္မႈေၾကာင့္ ႏိုင္ငံအသင္းက ေခၚခံရလို႔ ေက်နပ္မိပါတယ္။

သူတို႔လဲ ဂုဏ္ယူေနမယ္လို႔ ထင္ပါတယ္။ နည္းျပတစ္ေယာက္ အေနနဲ႔ သူတို႔အတြက္ ဂုဏ္ယူပါတယ္။ လူငယ္ကစားသမားေတြ အေနနဲ႔ အသင္းမွာ သူတို႔ရဲ႕ ပထမေျခလွမ္းကို စတင္ေနတာ သိပ္ေကာင္းတယ္။ ” လို႔ လမ္းပတ္ က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေအာက္တိုဘာလရဲ႕ တစ္လတာ အေကာင္းဆုံး နည္းျပ ဆုကို ယာဂင္ကေလာ့ပ္လို မန္ေနဂ်ာအား ေက်ာ္ျဖတ္ရခဲ့လို႔ လမ္းပတ္က ဂုဏ္ယူေနၿပီး ႏိုင္ငံတကာ သီတင္းပတ္ မတိုင္ခင္ လိဂ္မွာ အေကာင္းဆုံး ပုံစံ ရရွိဖို႔ အေလးထားခဲ့ရတဲ့အေပၚမွာလည္း

” ဒ ါက တိုးတက္မႈရွိ​တဲ့လ ျဖစ္ခဲ့တယ္။ က်ေနာ္က နည္းျပဆုရခဲ့ၿပီး အသင္းက ဇယားမွာ အဆင့္တက္ခဲ့တယ္။ ဒါေပမယ့္ ေဘာလုံးေလာကမွာ အရာအားလုံးက ျမန္ျမန္ ေျပာင္းလဲႏိုင္တယ္ဆိုတာ သိပါတယ္။ ႏိုင္ငံတကာသီတင္းပတ္ကို ရလဒ္ေကာင္းေကာင္းနဲ႔ သြားခ်င္တယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ က ပြဲတိုင္း ကို က်ေနာ္တို႔ ေလးစားဖို႔လိုတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ဟာ က်ေနာ္တို႔ရဲ႕ အရွိန္အဟုန္ ကို ထိန္းသိမ္းလိုပါတယ္။ ” လို႔ လမ္းပတ္က ဆိုခဲ့ေသးတာျဖစ္ပါတယ္။