လီဗာပူးက အန်ဖီးကွင်းမှာ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရတဲ့နောက်ပိုင်းမှာ သွင်းဂိုးရှင်တွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့နဲ့အတူ VAR ရဲ့ ဆုံးဖြတ်မှု အနေအထားတွေအတွက် မေးခွန်းထုတ် ဆွေးနွေးမှုတွေ ထွက်ပေါ်ခဲ့ကြပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာ အမြင်တွေမှာတော့ ယာဂင်ကလော့ပ်ဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ခေါင်းတစ်လုံးသာခဲ့တာဖြစ်ပြီး စပိန်သားဟာ မှားယွင်းတဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုနဲ့ အန်ဖီးကို လာခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ မော်ရင်ညိုက ဂွာဒီယိုလာရဲ့ ခံစစ်နေရာချမှု အမှားကို ထုတ်ပြောခဲ့ပြီး ဝါရင့် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ လီဗာပူးရဲ့ ကွင်းလယ်က မန်စီးတီးရဲ့ နည်းစနစ်ကို ဖျက်ဆီးခဲ့တယ်လို့ ထောက်ပြပါတယ်။

အလန်ရှီးယားက ” ခင်ဗျားတို့ ကွင်းလယ်လူတွေကို ကြည့်တဲ့အခါ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတွေအဖြစ် သူတို့ထံက ဘာတွေကို လိုချင်ကြလဲ။ ဖန်တီးမှုနဲ့ ခံစစ်လေးယောက်တန်းကို ကာကွယ်မှုဆိုတဲ့ စွမ်းဆောင်ရည်တွေကို လိုချင်ကြတာပဲလေ။ သွင်းဂိုးတို့၊ ကောင်းမွန်တဲ့ ပေးမှုတို့၊ အနီး အဝေး ကန်သွင်းမှုတို့၊ အရမ်းကောင်းတဲ့ လှုပ်အားနှုန်း တွေကို ပြသဖို့ လိုချင်ကြပါတယ်။

ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့က ဒီနေ့မှာ သွင်းဂိုးဆိုတာထက် ပိုတဲ့ စွမ်းဆောင်ရည်တွေ ပြခဲ့ကြပါတယ်။ ဖာဘင်ညိုက အရမ်းကိုကောင်းတဲ့ ကန်သွင်းမှုကို လုပ်ခဲ့တယ်။ ဖိအားပေးမှုနဲ့ ကာကွယ်မှုတွေအကြောင်းကို ကျနော် ပြောခဲ့တယ်။ ပြိုင်ဘက်ရဲ့ အမှားအချို့ကနေ ဟန်ဒါဆန်က ဘောလုံး ပြန်ရဖို့ ဖိအားမြင့်မြင့်မားမား ပေးခဲ့ပြီး ဝိုက်နယ်ဒမ်က အဆုံးသတ်ပိုင်းတွေမှာ ဧရိယာထဲဝင်ရောက်ပြီး မန်စီးတီးကို ပြဿနာဖြစ်စေမယ့် ဖန်တီးမှုတွေ လုပ်ပေးခဲ့တယ်။

ကွင်းလယ်လူဖြစ်တဲ့ ဝိုက်နယ်ဒမ်ကနေ တိုက်စစ်ကို လိုက်ပါသွားတဲ့ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ ဟန်ဒါဆန်ကို ပေးတဲ့ အဝေးဘောက ဝိုး ဘယ်လောက်တောင် ကောင်းလိုက်လဲ။ အဲ့အချိန်မှာ ဖာဘင်ညိုက ကွင်းလယ်ကို ကာကွယ်ပေးထားတယ်။ ဒီကွင်းလယ်သုံးယောက်က ဒီကနေ့မှာ တကယ်ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်တွဲဘက်မှုတွေကို ပြသခဲ့တယ်။ တိုက်စစ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေကိုလည်း ပြသခဲ့တယ်။ လီဗာပူးကွင်းလယ်တွေက ပေးမှုနှစ်ကြိမ်လောက်နဲ့ကို ပြိုင်ဘက် ဧရိယာထဲ ရောက်သွားအောင် လုပ်နိုင်ကြပါတယ်။

မာနေးရဲ့ သွင်းဂိုးအတွက် ဟန်ဒါဆန်ရဲ့ ဒီဖြတ်တင်ဘောက ဘယ်လောက်တောင် ကောင်းလိုက်လဲဗျာ။ ကျနော် ပြောချင်တာ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောက အံ့မခန်းပါပဲ။ တိုက်စစ်သမားတွေ အဆုံးသတ်ဖို့ အိပ်မက်မက်ရတဲ့ ပေးမှုပါပဲ။ ဟန်ဒါဆန်ကပဲ ဆက်လက်ပြီး ပွဲကို အကောင်းဆုံး အဆုံးသတ်ဖို့ ကွင်းလယ်ကို ကာကွယ်မှုတွေ လုပ်ပေးခဲ့ပြန်တယ်။

ဒီ လီဗာပူးရဲ့ ထူးချွန်လှတဲ့ ကွင်းလယ်လူ သုံးယောက်က ကွင်းလယ်မှာ အကောင်းဆုံး တွဲဘက်မှုတွေနဲ့အတူ ကစားနိုင်ခဲ့ကြပြီး သူတို့ရဲ့ အရည်အချင်းကောင်းနဲ့ ထူးချွန်မှုကပဲ မန်စီးတီးကို အနိုင်ရစေခဲ့တာပါ ” လို့ သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

လာမယ့်အပတ်မှာတော့ နိုင်ငံတကာ သီတင်းပတ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေကို ရပ်နားထားရမှာဖြစ်ပြီး အမှတ်ပေးဇယား ၁၂ ပွဲအပြီးမှာ ဒုတိယနေရာနဲ့ တတိယနေရာတွေက လက်စတာ၊ ချယ်ဆီးတို့ကို လီဗာပူးက ၈ မှတ်ဖြတ်ထားပြီဖြစ်တယ်။ အရေးကြီးဆုံးအားဖြင့် အမှတ်ပေးဖလား ယှဉ်ပြိုင်ဘက် မန်စီးတီးကို လီဗာပူးတို့ ၉ မှတ် ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက အန္ဖီးကြင္းမွာ မန္စီးတီးကို ၃-၁ နဲ႔ အႏုိင္ရတဲ့ေနာက္ပိုင္းမွာ သြင္းဂိုးရွင္ေတြျဖစ္တဲ့ ဆာလက္၊ မာေနးတို႔နဲ႔အတူ VAR ရဲ႕ ဆံုးျဖတ္မႈ အေနအထားေတြအတြက္ ေမးခြန္းထုတ္ ေဆြးေႏြးမႈေတြ ထြက္ေပၚခဲ့ၾကပါတယ္။

နည္းစနစ္ပိုင္းဆိုင္ရာ အျမင္ေတြမွာေတာ့ ယာဂင္ကေလာ့ပ္ဟာ ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ေခါင္းတစ္လံုးသာခဲ့တာျဖစ္ျပီး စပိန္သားဟာ မွားယြင္းတဲ့ နည္းစနစ္ပိုင္း ခ်ဥ္းကပ္မႈနဲ႔ အန္ဖီးကို လာခဲ့တာလို႔ ေဝဖန္မႈေတြ ရွိခဲ့တယ္။ ေမာ္ရင္ညိဳက ဂြာဒီယိုလာရဲ႕ ခံစစ္ေနရာခ်မႈ အမွားကို ထုတ္ေျပာခဲ့ျပီး ဝါရင့္ တိုက္စစ္မွဴးေဟာင္း အလန္ရွီးယားကေတာ့ လီဗာပူးရဲ႕ ကြင္းလယ္က မန္စီးတီးရဲ႕ နည္းစနစ္ကို ဖ်က္ဆီးခဲ့တယ္လို႔ ေထာက္ျပပါတယ္။

အလန္ရွီးယားက ” ခင္ဗ်ားတို႔ ကြင္းလယ္လူေတြကို ၾကည့္တဲ့အခါ ျပီးျပည့္စံုတဲ့ ကြင္းလယ္လူေတြအျဖစ္ သူတို႔ထံက ဘာေတြကို လိုခ်င္ၾကလဲ။ ဖန္တီးမႈနဲ႔ ခံစစ္ေလးေယာက္တန္းကို ကာကြယ္မႈဆိုတဲ့ စြမ္းေဆာင္ရည္ေတြကို လိုခ်င္ၾကတာပဲေလ။ သြင္းဂိုးတို႔၊ ေကာင္းမြန္တဲ့ ေပးမႈတို႔၊ အနီး အေဝး ကန္သြင္းမႈတို႔၊ အရမ္းေကာင္းတဲ့ လႈပ္အားႏႈန္း ေတြကို ျပသဖို႔ လိုခ်င္ၾကပါတယ္။

ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔က ဒီေန႔မွာ သြင္းဂိုးဆိုတာထက္ ပိုတဲ့ စြမ္းေဆာင္ရည္ေတြ ျပခဲ့ၾကပါတယ္။ ဖာဘင္ညိဳက အရမ္းကုိေကာင္းတဲ့ ကန္သြင္းမႈကို လုပ္ခဲ့တယ္။ ဖိအားေပးမႈနဲ႔ ကာကြယ္မႈေတြအေၾကာင္းကို က်ေနာ္ ေျပာခဲ့တယ္။ ျပိဳင္ဘက္ရဲ႕ အမွားအခ်ိဳ႔ကေန ဟန္ဒါဆန္က ေဘာလံုး ျပန္ရဖို႔ ဖိအားျမင့္ျမင့္မားမား ေပးခဲ့ျပီး ဝိုက္နယ္ဒမ္က အဆံုးသတ္ပိုင္းေတြမွာ ဧရိယာထဲဝင္ေရာက္ျပီး မန္စီးတီးကို ျပႆနာျဖစ္ေစမယ့္ ဖန္တီးမႈေတြ လုပ္ေပးခဲ့တယ္။

ကြင္းလယ္လူျဖစ္တဲ့ ဝိုက္နယ္ဒမ္ကေန တိုက္စစ္ကို လုိက္ပါသြားတဲ့ ေနာက္ထပ္ ကြင္းလယ္လူျဖစ္တဲ့ ဟန္ဒါဆန္ကို ေပးတဲ့ အေဝးေဘာက ဝိုး ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လဲ။ အဲ့အခ်ိန္မွာ ဖာဘင္ညိဳက ကြင္းလယ္ကို ကာကြယ္ေပးထားတယ္။ ဒီကြင္းလယ္သံုးေယာက္က ဒီကေန႔မွာ တကယ္ကို ျပီးျပည့္စံုတ့ဲ ကြင္းလယ္တြဲဘက္မႈေတြကို ျပသခဲ့တယ္။ တိုက္စစ္ကို အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ဖို႔ လိုအပ္တဲ့ စြမ္းရည္ေတြကိုလည္း ျပသခဲ့တယ္။ လီဗာပူးကြင္းလယ္ေတြက ေပးမႈႏွစ္ၾကိမ္ေလာက္နဲ႔ကို ျပိဳင္ဘက္ ဧရိယာထဲ ေရာက္သြားေအာင္ လုပ္ႏုိင္ၾကပါတယ္။

မာေနးရဲ႕ သြင္းဂိုးအတြက္ ဟန္ဒါဆန္ရဲ႕ ဒီျဖတ္တင္ေဘာက ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လဲဗ်ာ။ က်ေနာ္ ေျပာခ်င္တာ ဟန္ဒါဆန္ရဲ႕ ျဖတ္တင္ေဘာက အံ့မခန္းပါပဲ။ တိုက္စစ္သမားေတြ အဆံုးသတ္ဖို႔ အိပ္မက္မက္ရတဲ့ ေပးမႈပါပဲ။ ဟန္ဒါဆန္ကပဲ ဆက္လက္ျပီး ပြဲကို အေကာင္းဆံုး အဆံုးသတ္ဖို႔ ကြင္းလယ္ကို ကာကြယ္မႈေတြ လုပ္ေပးခဲ့ျပန္တယ္။

ဒီ လီဗာပူးရဲ႕ ထူးခၽြန္လွတဲ့ ကြင္းလယ္လူ သံုးေယာက္က ကြင္းလယ္မွာ အေကာင္းဆံုး တြဲဘက္မႈေတြနဲ႔အတူ ကစားႏုိင္ခဲ့ၾကျပီး သူတို႔ရဲ႕ အရည္အခ်င္းေကာင္းနဲ႔ ထူးခၽြန္မႈကပဲ မန္စီးတီးကို အႏုိင္ရေစခဲ့တာပါ ” လို႔ သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။

လာမယ့္အပတ္မွာေတာ့ ႏုိင္ငံတကာ သီတင္းပတ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြကို ရပ္နားထားရမွာျဖစ္ျပီး အမွတ္ေပးဇယား ၁၂ ပြဲအျပီးမွာ ဒုတိယေနရာနဲ႔ တတိယေနရာေတြက လက္စတာ၊ ခ်ယ္ဆီးတို႔ကို လီဗာပူးက ၈ မွတ္ျဖတ္ထားျပီျဖစ္တယ္။ အေရးၾကီးဆံုးအားျဖင့္ အမွတ္ေပးဖလား ယွဥ္ျပိဳင္ဘက္ မန္စီးတီးကို လီဗာပူးတို႔ ၉ မွတ္ ျဖတ္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။