မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က လီဗာပူး မန်စီးတီး ပွဲ အပြီးမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဖလား ကိုင်မြှောက်ရဖို့က အနှေးနဲ့ အမြန်ပဲ ဖြစ်လာဖို့ ရှိကြောင်း ဝန်ခံ သုံးသပ်သွားပါတယ်။ မန်စီးတီးကို ၃-၁ နဲ့ နိုင်လိုက်တဲ့နောက် လီဗာပူးဟာ လက်ရှိ ချန်ပီယံ စီးတီးနဲ့ ၉ မှတ်ထိ အမှတ်ဖြတ်နိုင်သွားခဲ့ပါပြီ။

လီဗာပူးအသင်းဟာ ၁၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၄ မှတ် ရရှိထားပြီး နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေဖလား ဗိုလ်စွဲနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ အန်းဖီးအခြေစိုက် အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားမှုလည်း ထိုက်တန်ပါကြောင်း နဗီးလ် က အသိအမှတ် ပြုခဲ့ရပါတယ်။

” ချန်ပီယံလိဂ် ဗိုလ်စွဲဖို့နဲ့ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ဖို့ ဆိုတာ ထူးချွန်လွန်းတဲ့ အသင်းဖြစ်မှာ ရမှာပါ။ ပြီးခဲ့တဲ့နှစ်က သူတို့ လုပ်ပြခဲ့တာ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ အဆုံးအထိ ဖိအားပေးခဲ့တာနဲ့ ချန်ပီယံလိဂ် ကစားခဲ့တာတွေက ပြောင်မြောက်လွန်းပါတယ်။ ဒီလို အနေအထားမှာ သူတို့ ရှိနေတာ ၁၈ လ လောက်ကြာခဲ့ပြီ။ ”

” လက်ရှိ အသာစီး ရထားတဲ့ အနေအထားက ပျောက်ပျက်သွားနိုင်သေးတယ် မန်စီးတီးကလည်း ပြန်လာနိုင်သေးတယ် ချယ်ဆီး ဒါမှမဟုတ် လက်စတာတို့ က လည်း ထိုးဖောက်လာနိုင်သေးတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ဖြစ်နိုင်ဖို့ နည်းလာခဲ့တယ်။ ” လို့ နဗီးက ဆိုပါတယ်။

အဓိက ကစားသမားတွေ ဒဏ်ရာ ရရင် ကလော့ပ်အတွက် ခေါင်းစားစရာ စိန်ခေါ်မှု ဖြစ်မယ်လို့ နဗီးက ထောက်ပြခဲ့ပြီး မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာလည်း အလားတူ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် လီဗာပူးကတော့ ဘာဖြစ်နေနေ အဆုံးထိ တိုက်ပွဲဝင်ကာ ဖလားမြှောက်ဖို့ အသင့် ရှိနေပုံ ရကြောင်း နဗီးက မှတ်ချက်ပြုခဲ့ပါတယ်။

” လီဗာပူး အနေနဲ့ အကြီးမားဆုံး စိန်ခေါ်မှုက မိုဆာလက်၊ မာနေး၊ ဗန်ဒိုက်တို့ တစ်ယောက်ယောက် ဒဏ်ရာရသွားမှာပဲ။ ဒါက သူတု့ိကို ဒုက္ခကြီး ဖြစ်စေနိုင်တယ်။ ဒီကစားသမားတွေထဲက တစ်ယောက်ယောက်ကို ကာလရှည် လက်လွှတ်ရရင် မလွယ်ပါဘူး။ မန်စီးတီးမှာ အခု လာပေါ်တေး ကို လက်လွှတ်ထားရသလိုပေါ့။ ”

” ဒါပေမယ့် လောလောဆယ် အနေအထားတွေ အရ အမှတ်ပေးဖလား ဗိုလ်စွဲဖို့က လီဗာပူးဆီမှာပဲ အားသာနေပါတယ်။ မန်စီးတီးထက် သူတို့ ၉ မှတ်သာနေလို့ ဒီလို ပြောတာ မဟုတ်ဘူး။ ဘောလုံးရာသီ တလျောက် သူတို့ တစ်လှမ်းချင်း လှမ်းလာတဲ့ ခြေလှမ်းတွေ အရ မြင်သာနေတာ ဖြစ်တယ်။ တဖြည်းဖြည်းနေတဲ့ သူတို့ ပန်းတိုင်ဆီကို ရောက်တော့မှာပါ။ အနှေးနဲ့ အမြန် ဆိုသလိုပါပဲ။ လိုချင်တာကို အရယူဖို့ လီဗာပူးက အားကုန် ထုတ်ပါလိမ့်မယ်။ ” လို့ နဗီးက ဆိုပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္က လီဗာပူး မန္စီးတီး ပြဲ အျပီးမွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ အမွတ္ေပးဖလား ကိုင္ေျမွာက္ရဖို႔က အေႏွးနဲ႕ အျမန္ပဲ ျဖစ္လာဖို႔ ရွိေၾကာင္း ၀န္ခံ သံုးသပ္သြားပါတယ္။ မန္စီးတီးကို ၃-၁ နဲ႕ နိုင္လိုက္တဲ့ေနာက္ လီဗာပူးဟာ လက္ရွိ ခ်န္ပီယံ စီးတီးနဲ႕ ၉ မွတ္ထိ အမွတ္ျဖတ္နိုင္သြားခဲ့ပါျပီ။

လီဗာပူးအသင္းဟာ ၁၂ ပြဲ ကစားျပီးခ်ိန္မွာ ရမွတ္ ၃၄ မွတ္ ရရွိထားျပီး နွစ္သံုးဆယ္အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပဖလား ဗိုလ္စြဲနုိင္ဖို႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။ အန္းဖီးအေျခစိုက္ အသင္းဟာ ဗိုလ္စြဲဖို႔ ေရပန္းစားမႈလည္း ထိုက္တန္ပါေၾကာင္း နဗီးလ္ က အသိအမွတ္ ျပဳခဲ့ရပါတယ္။

” ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔နဲ႕ နွစ္နွစ္ဆက္တိုက္ ဗိုလ္လုပြဲ တက္ဖို႔ ဆိုတာ ထူးခၽြန္လြန္းတဲ့ အသင္းျဖစ္မွာ ရမွာပါ။ ျပီးခဲ့တဲ့နွစ္က သူတို႔ လုပ္ျပခဲ့တာ မန္စီးတီးကို ပရီးမီးယားလိဂ္မွာ အဆံုးအထိ ဖိအားေပးခဲ့တာနဲ႕ ခ်န္ပီယံလိဂ္ ကစားခဲ့တာေတြက ေျပာင္ေျမာက္လြန္းပါတယ္။ ဒီလို အေနအထားမွာ သူတို႔ ရွိေနတာ ၁၈ လ ေလာက္ၾကာခဲ့ျပီ။ ”

” လက္ရွိ အသာစီး ရထားတဲ့ အေနအထားက ေပ်ာက္ပ်က္သြားနုိင္ေသးတယ္ မန္စီးတီးကလည္း ျပန္လာနိုင္ေသးတယ္ ခ်ယ္ဆီး ဒါမွမဟုတ္ လက္စတာတို႔ က လည္း ထုိးေဖာက္လာနိုင္ေသးတယ္။ ဒါေပမယ့္ ဒါေတြအားလံုးက ျဖစ္နိုင္ဖို႔ နည္းလာခဲ့တယ္။ ” လို႔ နဗီးက ဆိုပါတယ္။

အဓိက ကစားသမားေတြ ဒဏ္ရာ ရရင္ ကေလာ့ပ္အတြက္ ေခါင္းစားစရာ စိန္ေခၚမႈ ျဖစ္မယ္လုိ႔ နဗီးက ေထာက္ျပခဲ့ျပီး မန္စီးတီး မန္ေနဂ်ာ ဂြာဒီယိုလာလည္း အလားတူ ရင္ဆုိင္ေနရတာပါ။ ဒါေပမယ့္ လီဗာပူးကေတာ့ ဘာျဖစ္ေနေန အဆံုးထိ တိုက္ပြဲ၀င္ကာ ဖလားေျမွာက္ဖို႔ အသင့္ ရွိေနပံု ရေၾကာင္း နဗီးက မွတ္ခ်က္ျပဳခဲ့ပါတယ္။

” လီဗာပူး အေနနဲ႕ အၾကီးမားဆံုး စိန္ေခၚမႈက မိုဆာလက္၊ မာေနး၊ ဗန္ဒိုက္တို႔ တစ္ေယာက္ေယာက္ ဒဏ္ရာရသြားမွာပဲ။ ဒါက သူတု႔ိကို ဒုကၡၾကီး ျဖစ္ေစနိုင္တယ္။ ဒီကစားသမားေတြထဲက တစ္ေယာက္ေယာက္ကို ကာလရွည္ လက္လႊတ္ရရင္ မလြယ္ပါဘူး။ မန္စီးတီးမွာ အခု လာေပၚေတး ကို လက္လႊတ္ထားရသလိုေပါ့။ ”

” ဒါေပမယ့္ ေလာေလာဆယ္ အေနအထားေတြ အရ အမွတ္ေပးဖလား ဗိုလ္စြဲဖို႔က လီဗာပူးဆီမွာပဲ အားသာေနပါတယ္။ မန္စီးတီးထက္ သူတို႔ ၉ မွတ္သာေနလို႔ ဒီလို ေျပာတာ မဟုတ္ဘူး။ ေဘာလံုးရာသီ တေလ်ာက္ သူတို႔ တစ္လွမ္းခ်င္း လွမ္းလာတဲ့ ေျခလွမ္းေတြ အရ ျမင္သာေနတာ ျဖစ္တယ္။ တျဖည္းျဖည္းေနတဲ့ သူတို႔ ပန္းတိုင္ဆီကို ေရာက္ေတာ့မွာပါ။ အေႏွးနဲ႔ အျမန္ ဆိုသလိုပါပဲ။ လိုခ်င္တာကို အရယူဖို႔ လီဗာပူးက အားကုန္ ထုတ္ပါလိမ့္မယ္။ ” လို႔ နဗီးက ဆိုပါတယ္။