ချယ်ဆီးပရိသတ်တွေရဲ့ အချစ်တော် ကွင်းလယ်ကစားသမား ကန်တေက သူ့ရဲ့ ကစားသမားဘဝကို ချယ်ဆီးမှာပဲ ရှိနေခြင်းနဲ့ အဆုံးသတ်လိုကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တယ်။ ပြင်သစ်သားကို ခေါ်ယူဖို့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတာလည်းဖြစ်တယ်။

ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးလို့ ထင်ရှားတဲ့ ကန်တေကို ခေါ်ယူဖို့ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်ဂျီတို့က စိတ်ဝင်စားနေတာပါ။ ပြင်သစ်လက်ရွေးစင်ဟာ ချယ်ဆီးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ပြီး သူကိုယ်တိုင်ကတော့ ကစားသမားဘဝကနေ အနားယူတဲ့အချိန်ထိ ချယ်ဆီးမှာပဲ ဆက်ရှိလိုပါတယ်လို့ ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ကန်တေက “ ဟုတ်ပါတယ်။ ကျနော်ရဲ့ ကစားသမားဘဝကို ချယ်ဆီးမှာပဲ အဆုံးသတ်လိုပါပဲ။ အခုချိန်မှာ ကျနော်က ချယ်ဆီးမှာ ရှိနေပြီး ၂၀၂၃ ခုနှစ်ထိ စာချုပ် ရှိနေတာဖြစ်ပါတယ်။ ဒီတော့ ကျနော် ခေါင်းထဲမှာတော့ ချယ်ဆီးနဲ့အတူ ၂၀၂၃ ခုနှစ်ထိ ကောင်းမွန်တဲ့ ဘောလုံးရာသီတွေကို ရှေ့ဆက်နိုင်ဖို့ပဲ မျှော်လင့်နေပါတယ် ” လို့ သူ့ရဲ့ စာချုပ်နဲ့ ပက်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ယူရိုပါလိဂ်တို့ကို အနိုင်ရထားတဲ့ ကန်တေဟာ လန်ဒန်အသင်းသားဘဝကို သုံးနှစ်ကျော် ဖြတ်သန်းခဲ့တာဖြစ်ပြီး အခုချိန်မှာ အသက် ၂၈ နှစ်အရွယ်ကို ရောက်နေပြီဖြစ်တယ်။ သူနဲ့ ချယ်ဆီး စာချုပ်အကုန်မှာတော့ အသက် ၃၂ နှစ်အရွယ်မှာ ရှိနေမှာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ လက်စတာဟာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေပေမယ့် ချယ်ဆီးကို ပြောင်းလာရတာကို နောင်တမရပါဘူးလို့ ကန်တေက ပြောပါတယ်။

ကန်တေကပဲ “ ဒီကိုပြောင်းလာရတာ နောင်တမရပါဘူး။ ချယ်ဆီးကို ကျနော် ရောက်လာချိန်တုန်းက လက်စတာနဲ့အတူ ပထမဆုံးသော အမှတ်ပေးဖလားကို အနိုင်ရအပြီးမှာ ဖြစ်ပါတယ်။ ချယ်ဆီးမှာ သုံးရာသီ ကျင်လယ်ခဲ့ပြီး ဆုဖလားတွေ အနိုင်ရခဲ့တယ်။ ကလပ်အသင်းက ကျနော်ကို အများကြီး ကူညီပေးသလို အသင်းအတွက်လည်း ဆုဖလားတွေ အများကြီးကို အနိုင်ရအောင် ကြိုးစားပေးလိုပါတယ်။ လက်စတာမှာ ရှိနေတဲ့ ကာလက အရမ်းကို ကောင်းခဲ့တယ်။ ဒါပေမယ့်လို့ အသင်းပြောင်းလာရတာကိုတော့ လုံးဝ နောင်တမရပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်နေဂျာလမ်းပတ်ရဲ့ လူငယ်ကစားသမားတွေနဲ့ အသွင်ပြောင်းမှုမှာ ကန်တေဟာ အခရာကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ခြင်း ခံထားရတယ်။ နိုင်ငံတကာ သီတင်းပတ်အပြီးမှာတော့ မန်နေဂျာလမ်းပတ်ဟာ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်နဲ့ ကန်တေ ကွင်းးလယ်အတွဲကို ပြန်လည် အသုံးပြုနိုင်မှာဖြစ်ပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကြင္းလယ္ကစားသမား ကန္ေတက သူ႔ရဲ႕ ကစားသမားဘဝကို ခ်ယ္ဆီးမွာပဲ ရွိေနျခင္းနဲ႔ အဆံုးသတ္လိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာခဲ့တယ္။ ျပင္သစ္သားကို ေခၚယူဖို႔ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က စိတ္ဝင္စားေနေၾကာင္း အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေနတာလည္းျဖစ္တယ္။

ကမၻာအေကာင္းဆံုး ကြင္းလယ္လူေတြထဲက တစ္ဦးလို႔ ထင္ရွားတဲ့ ကန္ေတကို ေခၚယူဖို႔ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္ဂ်ီတို႔က စိတ္ဝင္စားေနတာပါ။ ျပင္သစ္လက္ေရြးစင္ဟာ ခ်ယ္ဆီးနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာျဖစ္ျပီး သူကိုယ္တုိင္ကေတာ့ ကစားသမားဘဝကေန အနားယူတဲ့အခ်ိန္ထိ ခ်ယ္ဆီးမွာပဲ ဆက္ရွိလိုပါတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာတာျဖစ္ပါတယ္။

ကန္ေတက “ ဟုတ္ပါတယ္။ က်ေနာ္ရဲ႕ ကစားသမားဘဝကို ခ်ယ္ဆီးမွာပဲ အဆံုးသတ္လိုပါပဲ။ အခုခ်ိန္မွာ က်ေနာ္က ခ်ယ္ဆီးမွာ ရွိေနျပီး ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ ရွိေနတာျဖစ္ပါတယ္။ ဒီေတာ့ က်ေနာ္ ေခါင္းထဲမွာေတာ့ ခ်ယ္ဆီးနဲ႔အတူ ၂၀၂၃ ခုႏွစ္ထိ ေကာင္းမြန္တဲ့ ေဘာလံုးရာသီေတြကို ေရွ႔ဆက္ႏုိင္ဖို႔ပဲ ေမွ်ာ္လင့္ေနပါတယ္ ” လို႔ သူ႔ရဲ႕ စာခ်ဳပ္နဲ႔ ပက္သက္တဲ့ ေမးခြန္းေတြကို ေျဖဆိုေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္၊ အက္ဖ္ေအနဲ႔ ယူရိုပါလိဂ္တုိ႔ကို အႏုိင္ရထားတဲ့ ကန္ေတဟာ လန္ဒန္အသင္းသားဘဝကို သံုးႏွစ္ေက်ာ္ ျဖတ္သန္းခဲ့တာျဖစ္ျပီး အခုခ်ိန္မွာ အသက္ ၂၈ ႏွစ္အရြယ္ကို ေရာက္ေနျပီျဖစ္တယ္။ သူနဲ႔ ခ်ယ္ဆီး စာခ်ဳပ္အကုန္မွာေတာ့ အသက္ ၃၂ ႏွစ္အရြယ္မွာ ရွိေနမွာလည္း ျဖစ္ပါတယ္။ ဒီရာသီမွာ လက္စတာဟာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနေပမယ့္ ခ်ယ္ဆီးကို ေျပာင္းလာရတာကို ေနာင္တမရပါဘူးလို႔ ကန္ေတက ေျပာပါတယ္။

ကန္ေတကပဲ “ ဒီကိုေျပာင္းလာရတာ ေနာင္တမရပါဘူး။ ခ်ယ္ဆီးကို က်ေနာ္ ေရာက္လာခ်ိန္တုန္းက လက္စတာနဲ႔အတူ ပထမဆံုးေသာ အမွတ္ေပးဖလားကို အႏုိင္ရအျပီးမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးမွာ သံုးရာသီ က်င္လယ္ခဲ့ျပီး ဆုဖလားေတြ အႏုိင္ရခဲ့တယ္။ ကလပ္အသင္းက က်ေနာ္ကို အမ်ားၾကီး ကူညီေပးသလို အသင္းအတြက္လည္း ဆုဖလားေတြ အမ်ားၾကီးကို အႏုိင္ရေအာင္ ၾကိဳးစားေပးလိုပါတယ္။ လက္စတာမွာ ရွိေနတဲ့ ကာလက အရမ္းကို ေကာင္းခဲ့တယ္။ ဒါေပမယ့္လို႔ အသင္းေျပာင္းလာရတာကိုေတာ့ လံုးဝ ေနာင္တမရပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ေနဂ်ာလမ္းပတ္ရဲ႕ လူငယ္ကစားသမားေတြနဲ႔ အသြင္ေျပာင္းမႈမွာ ကန္ေတဟာ အခရာက်တဲ့ ကစားသမားတစ္ဦး ျဖစ္လာမယ္လို႔ ယံုၾကည္ျခင္း ခံထားရတယ္။ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာေတာ့ မန္ေနဂ်ာလမ္းပတ္ဟာ ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္နဲ႔ ကန္ေတ ကြင္းးလယ္အတြဲကို ျပန္လည္ အသံုးျပဳႏုိင္မွာျဖစ္ျပီး မန္စီးတီးန႔ဲ ယွဥ္ျပိဳင္ကစားမွာ ျဖစ္ပါတယ္။